သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာႏြယ္ဖြား အင္ဒီယားနားျပည္နယ္ ဆယ္ေက်ာ္သက္အလွမယ္


အေမရိကန္ျပည္ေထာင္စု အင္ဒီယားနားျပည္နယ္၊ ဖို႔၀ိန္းျမိဳ႕မွာ ေနထုိင္တဲ့ မခႏၶာႏုိင္ ေကေကကိုကိုႏုိင္ (ေခၚ) ေကေက ဟာ ဒီႏွစ္ ၂၀၂၂ ခုႏွစ္အတြက္ အင္ဒီယားနားျပည္နယ္ရဲ႕ ဆယ္ေက်ာ္သက္ အလွမယ္ Miss Teen Indiana သရဖူကို ဆြတ္ခူးရရွိထားပါတယ္။

[Zawgyi/Unicode]

အေမရိကန္ျပည္ေထာင္စု အင္ဒီယားနားျပည္နယ္၊ ဖို႔၀ိန္းျမိဳ႕မွာ ေနထုိင္တဲ့ မခႏၶာႏုိင္ ေကေကကိုကိုႏုိင္ (ေခၚ) ေကေက ဟာ ဒီႏွစ္ ၂၀၂၂ ခုႏွစ္အတြက္ အင္ဒီယားနားျပည္နယ္ရဲ႕ ဆယ္ေက်ာ္သက္ အလွမယ္ Miss Teen Indiana သရဖူကို ဆြတ္ခူးရရွိထားပါတယ္။ အသက္ ၁၈ ႏွစ္မွာ ခုလို အလွမယ္သရဖူ ေဆာင္းႏုိင္တာျဖစ္ျပီး လာမယ့္ အေမရိကန္တႏိုင္ငံလံုးရဲ႕ ဆယ္ေက်ာ္သက္ အလွမယ္ Miss Teen USA ျပိဳင္ပြဲမွာလည္း ၀င္ျပိဳင္ရမွာပါ။ မြန္-ကရင္ ကျပား၊ အေမရိကန္ ဆယ္ေက်ာ္သက္ အလွမယ္ တေယာက္ရဲ႕ အေတြ႔အၾကံဳ၊ သူ႔ဘ၀ အိမ္မက္ နဲ႔ ျဖတ္သန္းမႈ တခ်ိဳ႕ကို ဒီသီတင္းပတ္ အမ်ိဳးသမီးက႑မွာ မခင္ျဖဴေထြးက ဆက္သြယ္ေမးျမန္း တင္ျပထားပါတယ္။

မခႏၶာႏုိင္ ေကေကကိုကိုႏုိင္ (ေခၚ) ေကေက။ ဗီြအိုေအအတြက္ အခ်ိန္ေပး ေျဖၾကားေပးတာ ေက်းဇူးအမ်ားၾကီး တင္ပါတယ္။ ေအာင္ျမင္မႈအတြက္လည္း အမ်ားၾကီး ဂုဏ္ယူပါတယ္။ ကိုယ္တိုင္ေရာ၊ မိဘေတြေရာ ၀မ္းသာ ဂုဏ္ယူေနၾကမယ္လို႔လည္း ထင္ပါတယ္။

“ေက်းဇူးပါရွင့္။ ဟုတ္ပါတယ္။ သူတို႔လည္း ၀မ္းသာေနၾကပါတယ္။”

ပထမဆံုး ေမးခ်င္တာက ခုလို အင္ဒီယားနားျပည္နယ္ရဲ႕ ဆယ္ေက်ာ္သက္ အလွမယ္ သရဖူ ဆြတ္ခူးႏိုင္ခဲ့တဲ့ အခ်ိန္၊ ဒီဆု ေၾကညာတာကို ၾကားလိုက္ရတဲ့ အခိုက္အတန္႔မွာ ဘယ္လိုမ်ား ခံစားခဲ့ရပါလား။ အဲ့ဒီအခ်ိန္က ခံစားခ်က္ ေျပာျပပါဦး။

“က်မ အရမ္း ေပ်ာ္ရႊင္ စိတ္လႈပ္ရွားရပါတယ္။ အဲ့ဒီအခ်ိန္က ကိုယ္ရတယ္လို႔ေတာင္ မထင္ခဲ့မိပါဘူး။ သူတို႔က က်မ နာမည္ကို အေခါက္ေခါက္အခါခါ ေခၚေနခ်ိန္မွာ တကယ့္ကို မယံုႏိုင္ေလာက္ေအာင္ မွင္သက္မိေနတာပါ။ ကိုယ္ရတယ္ဆုိတာကို ကိုယ့္ဖာသာ မယံုႏုိင္ေလာက္ေအာင္ပါပဲ။ အရမ္းကိုပဲ စိတ္လႈပ္ရွား ေပ်ာ္ရႊင္ခဲ့ရပါတယ္။ အဲ့ဒီအခ်ိန္မွာ က်မ အဖြားလည္း ရွိေနတယ္ေလ။ သူ႔အတြက္ ပထမဆံုးအၾကိမ္ က်မရဲ႕ ျပိဳင္ပြဲကို လာၾကည့္တာပါပဲ။ ဒီတၾကိမ္ သူ လိုက္လာ အားေပးတဲ့အခ်ိန္မွာပဲ ခုလို အႏိုင္ရလိုက္တာကို သူ ေတြ႔လိုက္ရတယ္ ဆိုေတာ့ က်မ အရမ္း ေပ်ာ္ပါတယ္။”

အခုဆိုရင္ အင္ဒီယားနား ျပည္နယ္ရဲ႕ ဆယ္ေက်ာ္သက္ အလွမယ္ Miss Teen Indiana ျဖစ္သြားျပီ ဆိုေတာ့ ေနာက္တဆင့္ေရာ ဘာျပိဳင္ပြဲေတြ ဆက္ ျပိဳင္ရဦးမလဲ။ ဘာေတြ ဆက္လုပ္သြားရမလဲ။

“ဒီႏွစ္ တႏွစ္လံုးကေတာ့ ဒီအလွမယ္ဘြဲ႔နဲ႔ ျပည္နယ္တြင္း၊ လူမႈ အသိုင္းအ၀ိုင္းအတြင္းက အက်ိဳးျပဳ လုပ္ငန္းေတြမွာ ပါ၀င္ လုပ္ေဆာင္သြားပါမယ္။ တခ်ိန္တည္းမွာပဲ အင္ဒီယားနားျပည္နယ္ကို ကိုယ္စားျပဳျပီး အေမရိကန္ တႏိုင္ငံလံုးရဲ႕ ဆယ္ေက်ာ္သက္ အလွမယ္ Miss Teen USA ျပိဳင္ပြဲမွာ ၀င္ျပိဳင္သြားရမွာပါ။”


ဆိုေတာ့ ေရွ႕ဆက္ ျပိဳင္ပြဲေတြ ရွိေနဦးမွာေပါ့။ ျပင္ဆင္မႈေတြ ဆက္လုပ္သြားရဦးမွာေပါ့။

“ဟုတ္ပါတယ္။ အေမရိကန္ျပည္ေထာင္စု တခုလံုးရဲ႕ ဆယ္ေက်ာ္သက္အလွမယ္ ျပိဳင္ပြဲ Miss Teen USA ဘယ္ေတာ့ က်င္းပမလဲ ဆိုတာေတာ့ ေလာေလာဆယ္ အတိအက် မသိရေသးပါဘူး။ ျပိဳင္ပြဲအခ်ိန္ကို သူတို႔ မေၾကညာေသးပါဘူး။ ဒါေပမဲ့ က်မ အေနနဲ႔ကေတာ့ ျပိဳင္ပြဲက်င္းပမယ့္အခ်ိန္ကို စိတ္လႈပ္ရွား ေစာင့္ေနပါတယ္။ ျပင္ဆင္မႈေတြလည္း အခုကတည္းက စလုပ္ေနပါျပီ။”

ဒါနဲ႔ အခုလို ဆယ္ေက်ာ္သက္ အလွမယ္ျပိဳင္ပြဲကို ဘယ္လို စျပီး ၀င္ျပိဳင္ျဖစ္ခဲ့တယ္ ဆုိတာလဲ ေျပာျပပါဦး။ တေန႔မွာ ဒီလို အလွမယ္ျဖစ္ရမယ္။ မယ္စၾက၀ဠာ ျဖစ္ရမယ္ ဆိုတာမ်ိဳး ငယ္ငယ္ေလးကတည္းက စိတ္ကူးယဥ္ခဲ့တာလား။

“က်မ ငယ္ငယ္ကတည္းက မယ္စၾက၀ဠာ ျပိဳင္ပြဲေတြ ၾကည့္ပါတယ္။ အဖိုး အဖြားေတြေရာ၊ မိသားစုေတြ အားလံုး တီဗြီမွာ အတူတူ ထိုင္ ၾကည့္တတ္ၾကပါတယ္။ ဒီလို အလွမယ္ျပိဳင္ပြဲေတြ ၾကည့္ရတာကို ကေလးဘ၀ကတည္းက အရမ္း သေဘာက်ခဲ့တာပါ။ နည္းနည္းၾကီးလာေတာ့လည္း အလွမယ္ ျဖစ္ခ်င္တယ္ဆိုတာ သိတယ္။ ဒါေပမဲ့ ဘယ္လို လုပ္ရမလဲ ဆိုတာေတာ့ မသိဘူး။ က်မ ၇ တန္းႏွစ္ေလာက္မွာ က်မရဲ႕ အသံပိုင္းဆိုင္ရာ ဆရာမက အလွမယ္ျပိဳင္ပြဲ ၀င္ခ်င္လားလို႔ ေမးတယ္။ က်မ ကလည္း ျဖစ္ေတာ့ ျဖစ္ခ်င္တယ္။ ဒါေပမဲ့ ရွက္လည္း ရွက္တယ္ေပါ့။ အဲ့လိုနဲ႔ပဲ ေနာက္ဆံုး ျပိဳင္ပြဲတခုမွာ စ ၀င္ျပိဳင္ျဖစ္ ပါတယ္။ တကယ္၀င္ျပိဳင္ခ်ိန္မွာလည္း အရမ္း သေဘာက်သြားတယ္။ ဒါေၾကာင့္ ငယ္ငယ္ေလးကတည္းက က်မရဲ႕ အၾကီးမားဆံုး အိပ္မက္က မယ္စၾက၀ဠာ ျဖစ္ခ်င္ခဲ့တာပါ။ တကယ္တမ္း ေျပာရရင္ ျမန္မာအလွမယ္ ျပိဳင္ခ်င္တာ။ ဒါေပမဲ့ က်မက အခု အေမရိကားမွာေလ။ ဆိုေတာ့ ဒီမွာပဲ ျပိဳင္ဖို႔ ပို အဆင္ေျပတယ္။ ျပီးေတာ့ က်မ အိပ္မက္ကို အေကာင္အထည္ ေဖာ္ဖို႔ ဆိုရင္ ခုလို ဆယ္ေက်ာ္သက္ အလွမယ္ ၀င္ျပိဳင္ခြင့္ ဆိုတာမ်ိဳးကလည္း ရွိေနတယ္ ဆိုေတာ့၊ ဒီလို ၀င္ျပိဳင္ရင္းနဲ႔ပဲ အင္ဒီယားနားျပည္နယ္ရဲ႕ ဆယ္ေက်ာ္သက္ အလွမယ္သရဖူကို ဆြတ္ခူးႏိုင္ခဲ့တာပါ။”

ျပိဳင္ပြဲေတြ ၀င္ျပိဳင္ရတဲ့ ကာလတေလ ွ်ာက္မွာေရာ ဘယ္လို အခက္အခဲေတြ ၾကံဳခဲ့ရတာ ရွိပါလဲ။ ကိုယ့္အတြက္ အခက္ခဲဆံုး စိန္ေခၚမႈ ဆိုရင္ ဘာျဖစ္မလဲ။

“အခက္ခဲဆံုး စိန္ေခၚမႈ ကေတာ့ ကိုယ့္ရဲ႕ စိတ္ကို ျပင္ဆင္ရတာပါ။ ကိုယ့္စိတ္က ငါ ဒါကို မလုပ္ႏိုင္ဘူးလို႔ ေတြးလိုက္ရင္ ဘာမွ လုပ္လို႔ မရေတာ့ပါဘူး။ အဲ့ဒီစိတ္ကို ေက်ာ္ႏိုင္ျပီဆိုတာနဲ႔ ကိုယ္ လုပ္ႏုိင္တာကို ကိုယ္သိလာပါတယ္။ ကိုယ့္အိပ္မက္ေတြကို အေကာင္အထည္ ေဖာ္ႏိုင္တယ္ ဆိုတဲ့ ကိုယ့္ကိုယ္ကို ယံုၾကည္ခ်က္ ရွိလာပါတယ္။ ဆိုေတာ့ ဒီႏွစ္အတြက္ စိန္ေခၚမႈဆိုရင္ Miss Teen USA ၀င္ျပိဳင္ဖို႔ အတြက္ ကိုယ့္ကိုယ္ကို ယံုၾကည္ခ်က္ စိန္ခြန္အား အျပည့္ရွိေနေအာင္ တည္ေဆာက္ရတာ က စိန္ေခၚမႈ ျဖစ္ပါလိမ့္မယ္။ ဒီအတြက္ က်မရဲ႕ မိသားစုနဲ႔အတူ အနီးကပ္ သင္ၾကား ျပသေပးတဲ့ ဆရာ ဆရာမေတြ၊ မိတ္ေဆြ သူငယ္ခ်င္းေတြ အားလံုးကလည္း က်မကို အခ်ိန္ျပည္ အားေပး ပံ့ပိုး ကူညီေပး ၾကပါတယ္။ သူတို႔ဆီကရတဲ့ စိတ္ခြန္အားေတြနဲ႔ အခက္အခဲ စိန္ေခၚမႈေတြကို ရင္ဆိုင္ႏိုင္တာမို႔ သူတို႔ အားလံုးကိုလည္း အထူး ေက်းဇူးတင္ပါတယ္။”

ဘ၀မွာ အျဖစ္ခ်င္ဆံုးဆႏၵ၊ ကိုယ့္ရဲ႕ အနိမ ဘ၀ရည္မွန္းခ်က္ ဆိုရင္ေရာ ဘာျဖစ္မလဲ။

“ခုခ်ိန္ေျပာရတာ ခက္ေတာ့ ခက္ပါတယ္။ ဒါေပမဲ့ ေလာေလာဆယ္ အေကာင္းဆံုး ရွင္းျပႏုိင္တာကေတာ့ ကိုယ့္အနီး ပတ္၀န္းက်င္မွာရွိတဲ့ သူေတြအတြက္ ဘ၀မွာ ကိုယ္တတ္ႏုိင္တဲ့ ဘက္ကေန အေကာင္းဆံုး အက်ိဳးျပဳခ်င္ပါတယ္။ ဆိုေတာ့ ျမန္မာႏိုင္ငံက လူငယ္မ်ိဳးဆက္ေတြ အတြက္ပဲ ျဖစ္ျဖစ္၊ က်မရဲ႕ မိသားစု၊ မိတ္ေဆြေတြနဲ႔ ဒီက ျမန္မာလူမႈ အသိုင္းအ၀ိုင္းအတြက္ပဲ ျဖစ္ျဖစ္၊ သူတို႔ကို ကူညီ ပံ့ပိုးႏုိင္မယ့္ အရာေတြကို လုပ္သြားခ်င္ပါတယ္။ ကိုယ္စိတ္၀င္စားတဲ့၊ ကိုယ္ လုပ္ႏုိင္တဲ့ အရာနဲ႔ အမ်ား အက်ိဳးျပဳခ်င္တာမ်ိဳးပါ။ အခုဆိုရင္ က်မက ဖို႔၀ိန္းျမိဳ႕မွာ ေနတယ္ ဆိုေတာ့ ဒီမွာရွိတဲ့ ကူညီ ကယ္ဆယ္ေရးနဲ႔ ေစာင့္ေရွာက္ေရး လုပ္ငန္းေတြမွာ ပါ၀င္ ေဆာက္ရြက္သြားပါမယ္။ ဆယ္ေက်ာ္သက္ အလွမယ္ တေယာက္ အေနနဲ႔ အမ်ိဳးသမီးနဲ႔ ကေလးငယ္ေတြ အတြက္ ကိုယ္လုပ္ႏုိင္တဲ့ အကူအညီေတြ ေပးခ်င္ပါတယ္။ ဆိုေတာ့ က်မရဲ႕ အၾကီးမားဆံုး ရည္မွန္းခ်က္ လို႔ ေျပာရင္ ကိုယ့္ပတ္၀န္းက်င္မွာရွိတဲ့ လူေတြအတြက္ အေကာင္းဆံုး အက်ိဳးျပဳ သြားခ်င္တာလို႔ပဲ ေျပာရမွာပါ။”


ေကေက ရဲ႕ မိဘႏွစ္ပါးလံုးက ျမန္မာျပည္ကေန ေျပာင္းေရႊ႕လာၾကတဲ့သူေတြပါ။ အေမရိကန္ ျပည္ေထာင္စုမွာ ဒီလို တျခား ႏုိင္ငံတခုကေန ေရႊ႕ ေျပာင္း လာၾကတဲ့သူေတြ၊ ဒုကၡသည္အျဖစ္ ခိုလံုလာၾကတဲ့ မိသားစုေတြမွာ ကေလးငယ္ေတြ ၾကံဳရတဲ့ အခက္အခဲေတြ ရွိတတ္ပါတယ္။ မိဘေတြက ဒီႏုိင္ငံမွာ ေမြးဖြား ၾကီးျပင္းတာ မဟုတ္လို႔၊ ေနရာသစ္ စနစ္သစ္ေအာက္ ေနထိုင္ရတဲ့ အခက္အခဲေတြ ရွိတတ္ပါတယ္။ ေကေက ရဲ႕ ျဖတ္သန္းမႈမွာေရာ ဒီအတြက္ အခက္အခဲ ၾကံဳရတာမ်ိဳး ရွိပါလား။ ၾကံဳရတဲ့ အခါမ်ိဳးမွာေရာ ဘယ္လို ေက်ာ္ျဖတ္ ပါသလဲ။

“ဒီမွာပဲ ၾကီးျပင္းရတာ ဆိုေတာ့ ေက်ာင္းသြားတဲ့အခါ အတန္းထဲမွာ ကိုယ္တေယာက္တည္းက ျမန္မာလူမ်ိဳး ျဖစ္ေနတာ၊ လူျဖဴမဟုတ္တာ၊ အာရွသား ဆိုလို႔ ကိုယ္တေယာက္တည္း ျဖစ္ေနတာမ်ိဳး ၾကံဳရတာေတြ ရွိပါတယ္။ ကိုယ္နဲ႔တူတဲ့သူ၊ ကိုယ့္ကို ကုိယ္စားျပဳတဲ့သူ မရွိတာမ်ိဳး ကေတာ့ တေလ ွ်ာက္လံုး ၾကံဳရတာလို႔ ေျပာႏုိင္ပါတယ္။ ဒါေၾကာင့္လဲ မယ္စၾက၀ဠာ လို ျပိဳင္ပြဲမ်ိဳးကို ေတြ႔တဲ့အခ်ိန္မွာ ႏုိ္င္ငံေပါင္းစံုက အေရာင္အေသြးစံု အမ်ိဳးသမီးေတြကို ျမင္ရေတာ့ က်မကို အမ်ားၾကီး အားတက္ေစပါတယ္။ ခုေခတ္မွာ က်မတို႔လို ဆယ္ေက်ာ္သက္ Generation Z ေတြ ရင္ဆိုင္ရတဲ့ ရုန္းကန္မႈေတြက မ်ားပါတယ္။ မ်ားေသာအားျဖင့္ကေတာ့ ကိုယ့္စိတ္ကို တည္ေဆာက္ရတဲ့ အတြင္းပိုင္း ရုန္းကန္မႈေတြလို႔ ေျပာရမွာပါ။ ဒါေတြကို ဘယ္လို ေက်ာ္ျဖတ္သလဲဆိုရင္ေတာ့ ကိုယ့္ရဲ႕ ယံုၾကည္သက္၀င္မႈက အဓိက က်တယ္လို႔ထင္ပါတယ္။ အရာအားလံုးဟာ အဆံုးမွာ ဘုရားသခင္က အေကာင္းဆံုး ဖန္ဆင္းေပးထားတယ္ဆိုတာကို လက္ခံျပီး ကိုယ့္ကိုယ္ကို မွန္ကန္တဲ့သူ၊ ေကာင္းတဲ့သူ အျဖစ္ ေနသြားႏုိင္ဖို႔ပါ။ ဒီလို လက္ခံထားတဲ့အတြက္ ကိုယ့္ကိုယ္ကို ယံုၾကည္မႈ ေပ်ာက္တာ၊ လံုျခံဳမႈ ကင္းမဲ့တာမ်ိဳး မခံစားရေအာင္ စိတ္ကို ထားႏုိင္ပါတယ္။ ဒီလို ယံုၾကည္မႈနဲ႔ မိသားစုေတြရဲ႕ ခ်စ္ျခင္း ေမတၱာေတြနဲ႔ ေက်ာ္ျဖတ္ႏိုင္ပါတယ္။ ဒါ့အျပင္ က်မကို ခ်စ္ခင္တဲ့ မိတ္ေဆြ သူငယ္ခ်င္းေတြ၊ လမ္းညႊန္ျပသေပးၾကသူေတြလည္း အမ်ားၾကီး ရွိပါတယ္။ ဒီလိုလူေတြေၾကာင့္ပဲ အခက္အခဲေတြရွိလည္း ေက်ာ္ျဖတ္ႏုိင္ပါတယ္။”


ေကေက ဟာ ေအာင္ျမင္တဲ့ ဆယ္ေက်ာ္သက္တေယာက္လို႔ ေျပာႏုိင္ပါတယ္။ ခုလုိ အရြယ္မွာ ကိုယ္ျဖစ္ခ်င္တဲ့ အိပ္မက္အတြက္ ေအာင္ျမင္တဲ့ ေျခလွမ္းေတြစျပီး လွမ္းႏိုင္ေနပါျပီ။ ဒါေပမဲ့ ေကေက့ လို အခြင့္အလမ္း ေကာင္းေကာင္းမရၾကတဲ့ လူငယ္ေတြ အမ်ားၾကီး ရွိေနပါတယ္။ ေကေကလည္း သိမွာပါ။ ဒီကေန႔ ျမန္မာႏုိင္ငံလို ေနရာမ်ိဳးမွာဆုိရင္၊ အထူးသျဖင့္ စစ္အာဏာသိမ္းမႈ ေနာက္ပိုင္းမွာ ကေလးငယ္ေတြ လူငယ္ေတြ အမ်ားအျပား မိဘေတြ၊ မိသားစုေတြနဲ႔ အေ၀းမွာ ေရာက္ေနၾကတယ္။ စစ္ပြဲေတြၾကား ေျပးလႊား ထြက္ေျပးေနၾကရတယ္။ အခက္အခဲေတြၾကားမွာ အခြင့္အေရး၊ အခြင့္အလမ္း ဆိုေတာေတြ ရွာမရဘဲ ေမ ွ်ာ္လင့္ခ်က္ အိပ္မက္ လမ္းစေပ်ာက္ေနတဲ့ လူငယ္ေတြ အမ်ားၾကီး ရွိပါတယ္။ ခုခ်ိန္မွာ ေအာင္ျမင္တဲ့ ဆယ္ေက်ာ္သက္ အေမရိကန္ေရာက္ ျမန္မာလူငယ္ အမ်ိဳးသမီး တေယာက္ အေနနဲ႔ ျမန္မာႏုိင္ငံက တျခား လူငယ္ေတြ၊ အမ်ိဳးသမီးေတြအတြက္ ဘယ္လို စိတ္ခြန္အား ေပးႏုိင္ပါမလဲ။ ဘာမ်ား အားေပးစကား ေျပာႏိုင္ပါမလဲ။


“က်မ ေျပာခ်င္တာေတြ ကေတာ့ အမ်ားၾကီးပါပဲ။ အ႐ိုးရွင္းဆံုး ေျပာခ်င္တာကေတာ့ အားလံုးမွာ သရဖူ ကိုယ္စီရွိၾကတယ္ ဆိုတာပါ။ ဒီလို လက္ဆုပ္လက္ကိုင္ ျပႏုိင္တဲ့ သရဖူမ်ိဳး ရရင္ေတာ့ သိပ္ေကာင္းတာ မွန္တာေပါ့။ ဒါေပမဲ့ ဒီလို သရဖူမ်ိဳး မဟုတ္လည္း ကိုယ္စြမ္းတဲ့အရာ၊ ကိုယ္ကၽြမ္းက်င္ရာ နယ္ပယ္မွာ သရဖူ ကိုယ္စီ ကေတာ့ လူတိုင္းမွာ ရွိပါတယ္။ သူမ်ားက ေပးမွရတာ မဟုတ္ပါဘူး။ အဓိက က ကိုယ့္ကိုယ္ကို ယံုၾကည္ဖို႔ပါ။ ဒါေၾကာင့္ ကိုယ့္ရဲ႕ ရည္မွန္းခ်က္ အိပ္မက္ကို အျမင့္ဆံုး ထားၾကပါ။ ကိုယ့္အိပ္မက္ကို အေကာင္အထည္ေဖာ္ဖို႔ ၾကိဳးစားႏိုင္တယ္ဆုိတဲ့ ယံုၾကည္ခ်က္ထားပါ။ ကိုယ့္ကိုယ္ကို ယံုၾကည္ဖို႔က အေရးၾကီးဆံုးပါပဲ။ ျမန္မာႏုိင္ငံက ဆယ္ေက်ာ္သက္ေတြပဲ ျဖစ္ျဖစ္၊ တျခား ႏုိင္ငံေတြက ဆယ္ေက်ာ္သက္ေတြပဲ ျဖစ္ျဖစ္ပါ ကိုယ့္ကိုယ္ကို ယံုၾကည္စိတ္ ထားႏုိင္ရင္ အနာဂတ္မွာ ေမ ွ်ာ္လင့္ခ်က္ေတြ အေကာင္အထည္ ေပၚလာမွာပါ။ လက္ရွိ ျမန္မာႏိုင္ငံမွာ အေျခအေနေတြ မေကာင္းဘူးဆိုတာ က်မ နားလည္ပါတယ္။ က်မ လို အေမရိကန္ျပည္ေထာင္စုမွာ ေနျပီး ဘ၀ကို ေကာင္းေကာင္းမြန္မြန္ ရွင္သန္ခြင့္ရတဲ့ သူ တေယာက္ အေနနဲ႔ သူတို႔ ၾကံဳေတြ႔ေနရတဲ့ အေျခအေနနဲ႔ ဆက္စပ္ ႏိႈင္းယွဥ္ဖို႔ ခက္ပါလိမ့္မယ္။ ဒါေပမဲ့ ဘယ္လိုပဲ ျဖစ္ျဖစ္ ေမ ွ်ာ္လင့္ခ်က္ မပ်က္ၾကပါနဲ႔။ ယံုၾကည္ခ်က္ စြဲကိုင္ထားပါ။ အနိမ့္ဆံုး ကိုယ့္အနီးနားက လူေတြက ကိုယ့္ရဲ႕ ၾကိဳးစားမႈကို ျမင္ၾကပါလိမ့္မယ္။ ကိုယ့္ယံုၾကည္ခ်က္၊ ရည္မွန္းခ်က္ေတြကို ကိုယ့္ရဲ႕ မိသားစုေတြ၊ အနီးနားက လူေတြနဲ႔ မ ွ်ေ၀ပါ။ ေနာက္ဆံုးတေန႔ ကိုယ္ရည္မွန္းတဲ့အတိုင္း ျဖစ္မလာရင္ေတာင္မွ ကိုယ္ၾကိဳးစားခဲ့တာေတြအတြက္ ေက်နပ္ ပိတီကေတာ့ ရွိေနမွာပါ။ ျမန္မာႏုိင္ငံက လူငယ္ ဆယ္ေက်ာ္သက္ အားလံုးကို ေျပာခ်င္တာက ကိုယ့္ရဲ႕ ေမွ်ာ္လင့္ခ်က္ အိပ္မက္ကို ဆက္ျပီး စြဲကိုင္ထားၾကတာပါ။ အေကာင္းဆံုးကို ဆုေတာင္းပါ။ ေမတၱာပြား ဆုေတာင္းမႈကလည္း ထိေရာက္ပါတယ္။ ခုဆိုရင္ ကမၻာတ၀န္းက ျပည္သူေတြကလည္း ျမန္မာျပည္သူေတြ အတြက္ ဆုေတာင္း ေမတၱာေတြ ပို႔သေနၾကပါတယ္။ က်မလည္း ဆုေတာင္း ေပးေနပါတယ္။ ေမ ွ်ာ္လင့္ခ်က္ေတြ ဆက္ထားႏုိင္ဖို႔ ေမ ွ်ာ္လင့္ပါတယ္။”

ဗြီအိုေအအတြက္ အခုလို အခ်ိန္ေပး ေျဖၾကားေပးတာ ေက်းဇူး အမ်ားၾကီး တင္ပါတယ္။ ဆထက္တပိုး ေအာင္ျမင္ပါေစလို႔လည္း ဆုေတာင္းေပးပါတယ္။

ဟုတ္ကဲ့။ ေက်းဇူး အမ်ားၾကီး တင္ပါတယ္။

======================================

[Unicode]

မြန်မာနွယ်ဖွား အင်ဒီယားနားပြည်နယ် ဆယ်ကျော်သက်အလှမယ် (အမျိုးသမီးကဏ္ဍ)

အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ်၊ ဖို့ဝိန်းမြို့မှာ နေထိုင်တဲ့ မခန္ဓာနိုင် ကေကေကိုကိုနိုင် (ခေါ်) ကေကေ ဟာ ဒီနှစ် ၂၀၂၂ ခုနှစ်အတွက် အင်ဒီယားနားပြည်နယ်ရဲ့ ဆယ်ကျော်သက် အလှမယ် Miss Teen Indiana သရဖူကို ဆွတ်ခူးရရှိထားပါတယ်။ အသက် ၁၈ နှစ်မှာ ခုလို အလှမယ်သရဖူ ဆောင်းနိုင်တာဖြစ်ပြီး လာမယ့် အမေရိကန်တနိုင်ငံလုံးရဲ့ ဆယ်ကျော်သက် အလှမယ် Miss Teen USA ပြိုင်ပွဲမှာလည်း ဝင်ပြိုင်ရမှာပါ။ မွန်-ကရင် ကပြား၊ အမေရိကန် ဆယ်ကျော်သက် အလှမယ် တယောက်ရဲ့ အတွေ့အကြုံ၊ သူ့ဘ၀ အိမ်မက် နဲ့ ဖြတ်သန်းမှု တချို့ကို ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

မခန္ဓာနိုင် ကေကေကိုကိုနိုင် (ခေါ်) ကေကေ။ ဗွီအိုအေအတွက် အချိန်ပေး ဖြေကြားပေးတာ ကျေးဇူးအများကြီး တင်ပါတယ်။ အောင်မြင်မှုအတွက်လည်း အများကြီး ဂုဏ်ယူပါတယ်။ ကိုယ်တိုင်ရော၊ မိဘတွေရော ဝမ်းသာ ဂုဏ်ယူနေကြမယ်လို့လည်း ထင်ပါတယ်။

“ကျေးဇူးပါရှင့်။ ဟုတ်ပါတယ်။ သူတို့လည်း ဝမ်းသာနေကြပါတယ်။”

ပထမဆုံး မေးချင်တာက ခုလို အင်ဒီယားနားပြည်နယ်ရဲ့ ဆယ်ကျော်သက် အလှမယ် သရဖူ ဆွတ်ခူးနိုင်ခဲ့တဲ့ အချိန်၊ ဒီဆု ကြေညာတာကို ကြားလိုက်ရတဲ့ အခိုက်အတန့်မှာ ဘယ်လိုများ ခံစားခဲ့ရပါလား။ အဲ့ဒီအချိန်က ခံစားချက် ပြောပြပါဦး။

“ကျမ အရမ်း ပျော်ရွှင် စိတ်လှုပ်ရှားရပါတယ်။ အဲ့ဒီအချိန်က ကိုယ်ရတယ်လို့တောင် မထင်ခဲ့မိပါဘူး။ သူတို့က ကျမ နာမည်ကို အခေါက်ခေါက်အခါခါ ခေါ်နေချိန်မှာ တကယ့်ကို မယုံနိုင်လောက်အောင် မှင်သက်မိနေတာပါ။ ကိုယ်ရတယ်ဆိုတာကို ကိုယ့်ဖာသာ မယုံနိုင်လောက်အောင်ပါပဲ။ အရမ်းကိုပဲ စိတ်လှုပ်ရှား ပျော်ရွှင်ခဲ့ရပါတယ်။ အဲ့ဒီအချိန်မှာ ကျမ အဖွားလည်း ရှိနေတယ်လေ။ သူ့အတွက် ပထမဆုံးအကြိမ် ကျမရဲ့ ပြိုင်ပွဲကို လာကြည့်တာပါပဲ။ ဒီတကြိမ် သူ လိုက်လာ အားပေးတဲ့အချိန်မှာပဲ ခုလို အနိုင်ရလိုက်တာကို သူ တွေ့လိုက်ရတယ် ဆိုတော့ ကျမ အရမ်း ပျော်ပါတယ်။”

အခုဆိုရင် အင်ဒီယားနား ပြည်နယ်ရဲ့ ဆယ်ကျော်သက် အလှမယ် Miss Teen Indiana ဖြစ်သွားပြီ ဆိုတော့ နောက်တဆင့်ရော ဘာပြိုင်ပွဲတွေ ဆက် ပြိုင်ရဦးမလဲ။ ဘာတွေ ဆက်လုပ်သွားရမလဲ။

“ဒီနှစ် တနှစ်လုံးကတော့ ဒီအလှမယ်ဘွဲ့နဲ့ ပြည်နယ်တွင်း၊ လူမှု အသိုင်းအဝိုင်းအတွင်းက အကျိုးပြု လုပ်ငန်းတွေမှာ ပါဝင် လုပ်ဆောင်သွားပါမယ်။ တချိန်တည်းမှာပဲ အင်ဒီယားနားပြည်နယ်ကို ကိုယ်စားပြုပြီး အမေရိကန် တနိုင်ငံလုံးရဲ့ ဆယ်ကျော်သက် အလှမယ် Miss Teen USA ပြိုင်ပွဲမှာ ဝင်ပြိုင်သွားရမှာပါ။”


ဆိုတော့ ရှေ့ဆက် ပြိုင်ပွဲတွေ ရှိနေဦးမှာပေါ့။ ပြင်ဆင်မှုတွေ ဆက်လုပ်သွားရဦးမှာပေါ့။

“ဟုတ်ပါတယ်။ အမေရိကန်ပြည်ထောင်စု တခုလုံးရဲ့ ဆယ်ကျော်သက်အလှမယ် ပြိုင်ပွဲ Miss Teen USA ဘယ်တော့ ကျင်းပမလဲ ဆိုတာတော့ လောလောဆယ် အတိအကျ မသိရသေးပါဘူး။ ပြိုင်ပွဲအချိန်ကို သူတို့ မကြေညာသေးပါဘူး။ ဒါပေမဲ့ ကျမ အနေနဲ့ကတော့ ပြိုင်ပွဲကျင်းပမယ့်အချိန်ကို စိတ်လှုပ်ရှား စောင့်နေပါတယ်။ ပြင်ဆင်မှုတွေလည်း အခုကတည်းက စလုပ်နေပါပြီ။”

ဒါနဲ့ အခုလို ဆယ်ကျော်သက် အလှမယ်ပြိုင်ပွဲကို ဘယ်လို စပြီး ဝင်ပြိုင်ဖြစ်ခဲ့တယ် ဆိုတာလဲ ပြောပြပါဦး။ တနေ့မှာ ဒီလို အလှမယ်ဖြစ်ရမယ်။ မယ်စကြဝဠာ ဖြစ်ရမယ် ဆိုတာမျိုး ငယ်ငယ်လေးကတည်းက စိတ်ကူးယဉ်ခဲ့တာလား။

“ကျမ ငယ်ငယ်ကတည်းက မယ်စကြဝဠာ ပြိုင်ပွဲတွေ ကြည့်ပါတယ်။ အဖိုး အဖွားတွေရော၊ မိသားစုတွေ အားလုံး တီဗွီမှာ အတူတူ ထိုင် ကြည့်တတ်ကြပါတယ်။ ဒီလို အလှမယ်ပြိုင်ပွဲတွေ ကြည့်ရတာကို ကလေးဘဝကတည်းက အရမ်း သဘောကျခဲ့တာပါ။ နည်းနည်းကြီးလာတော့လည်း အလှမယ် ဖြစ်ချင်တယ်ဆိုတာ သိတယ်။ ဒါပေမဲ့ ဘယ်လို လုပ်ရမလဲ ဆိုတာတော့ မသိဘူး။ ကျမ ၇ တန်းနှစ်လောက်မှာ ကျမရဲ့ အသံပိုင်းဆိုင်ရာ ဆရာမက အလှမယ်ပြိုင်ပွဲ ဝင်ချင်လားလို့ မေးတယ်။ ကျမ ကလည်း ဖြစ်တော့ ဖြစ်ချင်တယ်။ ဒါပေမဲ့ ရှက်လည်း ရှက်တယ်ပေါ့။ အဲ့လိုနဲ့ပဲ နောက်ဆုံး ပြိုင်ပွဲတခုမှာ စ ဝင်ပြိုင်ဖြစ် ပါတယ်။ တကယ်ဝင်ပြိုင်ချိန်မှာလည်း အရမ်း သဘောကျသွားတယ်။ ဒါကြောင့် ငယ်ငယ်လေးကတည်းက ကျမရဲ့ အကြီးမားဆုံး အိပ်မက်က မယ်စကြဝဠာ ဖြစ်ချင်ခဲ့တာပါ။ တကယ်တမ်း ပြောရရင် မြန်မာအလှမယ် ပြိုင်ချင်တာ။ ဒါပေမဲ့ ကျမက အခု အမေရိကားမှာလေ။ ဆိုတော့ ဒီမှာပဲ ပြိုင်ဖို့ ပို အဆင်ပြေတယ်။ ပြီးတော့ ကျမ အိပ်မက်ကို အကောင်အထည် ဖော်ဖို့ ဆိုရင် ခုလို ဆယ်ကျော်သက် အလှမယ် ဝင်ပြိုင်ခွင့် ဆိုတာမျိုးကလည်း ရှိနေတယ် ဆိုတော့၊ ဒီလို ဝင်ပြိုင်ရင်းနဲ့ပဲ အင်ဒီယားနားပြည်နယ်ရဲ့ ဆယ်ကျော်သက် အလှမယ်သရဖူကို ဆွတ်ခူးနိုင်ခဲ့တာပါ။”

ပြိုင်ပွဲတွေ ဝင်ပြိုင်ရတဲ့ ကာလတလေ ျှာက်မှာရော ဘယ်လို အခက်အခဲတွေ ကြုံခဲ့ရတာ ရှိပါလဲ။ ကိုယ့်အတွက် အခက်ခဲဆုံး စိန်ခေါ်မှု ဆိုရင် ဘာဖြစ်မလဲ။

“အခက်ခဲဆုံး စိန်ခေါ်မှု ကတော့ ကိုယ့်ရဲ့ စိတ်ကို ပြင်ဆင်ရတာပါ။ ကိုယ့်စိတ်က ငါ ဒါကို မလုပ်နိုင်ဘူးလို့ တွေးလိုက်ရင် ဘာမှ လုပ်လို့ မရတော့ပါဘူး။ အဲ့ဒီစိတ်ကို ကျော်နိုင်ပြီဆိုတာနဲ့ ကိုယ် လုပ်နိုင်တာကို ကိုယ်သိလာပါတယ်။ ကိုယ့်အိပ်မက်တွေကို အကောင်အထည် ဖော်နိုင်တယ် ဆိုတဲ့ ကိုယ့်ကိုယ်ကို ယုံကြည်ချက် ရှိလာပါတယ်။ ဆိုတော့ ဒီနှစ်အတွက် စိန်ခေါ်မှုဆိုရင် Miss Teen USA ဝင်ပြိုင်ဖို့ အတွက် ကိုယ့်ကိုယ်ကို ယုံကြည်ချက် စိန်ခွန်အား အပြည့်ရှိနေအောင် တည်ဆောက်ရတာ က စိန်ခေါ်မှု ဖြစ်ပါလိမ့်မယ်။ ဒီအတွက် ကျမရဲ့ မိသားစုနဲ့အတူ အနီးကပ် သင်ကြား ပြသပေးတဲ့ ဆရာ ဆရာမတွေ၊ မိတ်ဆွေ သူငယ်ချင်းတွေ အားလုံးကလည်း ကျမကို အချိန်ပြည် အားပေး ပံ့ပိုး ကူညီပေး ကြပါတယ်။ သူတို့ဆီကရတဲ့ စိတ်ခွန်အားတွေနဲ့ အခက်အခဲ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်တာမို့ သူတို့ အားလုံးကိုလည်း အထူး ကျေးဇူးတင်ပါတယ်။”

ဘဝမှာ အဖြစ်ချင်ဆုံးဆန္ဒ၊ ကိုယ့်ရဲ့ အနိမ ဘဝရည်မှန်းချက် ဆိုရင်ရော ဘာဖြစ်မလဲ။

“ခုချိန်ပြောရတာ ခက်တော့ ခက်ပါတယ်။ ဒါပေမဲ့ လောလောဆယ် အကောင်းဆုံး ရှင်းပြနိုင်တာကတော့ ကိုယ့်အနီး ပတ်ဝန်းကျင်မှာရှိတဲ့ သူတွေအတွက် ဘဝမှာ ကိုယ်တတ်နိုင်တဲ့ ဘက်ကနေ အကောင်းဆုံး အကျိုးပြုချင်ပါတယ်။ ဆိုတော့ မြန်မာနိုင်ငံက လူငယ်မျိုးဆက်တွေ အတွက်ပဲ ဖြစ်ဖြစ်၊ ကျမရဲ့ မိသားစု၊ မိတ်ဆွေတွေနဲ့ ဒီက မြန်မာလူမှု အသိုင်းအဝိုင်းအတွက်ပဲ ဖြစ်ဖြစ်၊ သူတို့ကို ကူညီ ပံ့ပိုးနိုင်မယ့် အရာတွေကို လုပ်သွားချင်ပါတယ်။ ကိုယ်စိတ်ဝင်စားတဲ့၊ ကိုယ် လုပ်နိုင်တဲ့ အရာနဲ့ အများ အကျိုးပြုချင်တာမျိုးပါ။ အခုဆိုရင် ကျမက ဖို့ဝိန်းမြို့မှာ နေတယ် ဆိုတော့ ဒီမှာရှိတဲ့ ကူညီ ကယ်ဆယ်ရေးနဲ့ စောင့်ရှောက်ရေး လုပ်ငန်းတွေမှာ ပါဝင် ဆောက်ရွက်သွားပါမယ်။ ဆယ်ကျော်သက် အလှမယ် တယောက် အနေနဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေ အတွက် ကိုယ်လုပ်နိုင်တဲ့ အကူအညီတွေ ပေးချင်ပါတယ်။ ဆိုတော့ ကျမရဲ့ အကြီးမားဆုံး ရည်မှန်းချက် လို့ ပြောရင် ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေအတွက် အကောင်းဆုံး အကျိုးပြု သွားချင်တာလို့ပဲ ပြောရမှာပါ။”


ကေကေ ရဲ့ မိဘနှစ်ပါးလုံးက မြန်မာပြည်ကနေ ပြောင်းရွှေ့လာကြတဲ့သူတွေပါ။ အမေရိကန် ပြည်ထောင်စုမှာ ဒီလို တခြား နိုင်ငံတခုကနေ ရွှေ့ ပြောင်း လာကြတဲ့သူတွေ၊ ဒုက္ခသည်အဖြစ် ခိုလုံလာကြတဲ့ မိသားစုတွေမှာ ကလေးငယ်တွေ ကြုံရတဲ့ အခက်အခဲတွေ ရှိတတ်ပါတယ်။ မိဘတွေက ဒီနိုင်ငံမှာ မွေးဖွား ကြီးပြင်းတာ မဟုတ်လို့၊ နေရာသစ် စနစ်သစ်အောက် နေထိုင်ရတဲ့ အခက်အခဲတွေ ရှိတတ်ပါတယ်။ ကေကေ ရဲ့ ဖြတ်သန်းမှုမှာရော ဒီအတွက် အခက်အခဲ ကြုံရတာမျိုး ရှိပါလား။ ကြုံရတဲ့ အခါမျိုးမှာရော ဘယ်လို ကျော်ဖြတ် ပါသလဲ။

“ဒီမှာပဲ ကြီးပြင်းရတာ ဆိုတော့ ကျောင်းသွားတဲ့အခါ အတန်းထဲမှာ ကိုယ်တယောက်တည်းက မြန်မာလူမျိုး ဖြစ်နေတာ၊ လူဖြူမဟုတ်တာ၊ အာရှသား ဆိုလို့ ကိုယ်တယောက်တည်း ဖြစ်နေတာမျိုး ကြုံရတာတွေ ရှိပါတယ်။ ကိုယ်နဲ့တူတဲ့သူ၊ ကိုယ့်ကို ကိုယ်စားပြုတဲ့သူ မရှိတာမျိုး ကတော့ တလေ ျှာက်လုံး ကြုံရတာလို့ ပြောနိုင်ပါတယ်။ ဒါကြောင့်လဲ မယ်စကြဝဠာ လို ပြိုင်ပွဲမျိုးကို တွေ့တဲ့အချိန်မှာ နိုင်ငံပေါင်းစုံက အရောင်အသွေးစုံ အမျိုးသမီးတွေကို မြင်ရတော့ ကျမကို အများကြီး အားတက်စေပါတယ်။ ခုခေတ်မှာ ကျမတို့လို ဆယ်ကျော်သက် Generation Z တွေ ရင်ဆိုင်ရတဲ့ ရုန်းကန်မှုတွေက များပါတယ်။ များသောအားဖြင့်ကတော့ ကိုယ့်စိတ်ကို တည်ဆောက်ရတဲ့ အတွင်းပိုင်း ရုန်းကန်မှုတွေလို့ ပြောရမှာပါ။ ဒါတွေကို ဘယ်လို ကျော်ဖြတ်သလဲဆိုရင်တော့ ကိုယ့်ရဲ့ ယုံကြည်သက်ဝင်မှုက အဓိက ကျတယ်လို့ထင်ပါတယ်။ အရာအားလုံးဟာ အဆုံးမှာ ဘုရားသခင်က အကောင်းဆုံး ဖန်ဆင်းပေးထားတယ်ဆိုတာကို လက်ခံပြီး ကိုယ့်ကိုယ်ကို မှန်ကန်တဲ့သူ၊ ကောင်းတဲ့သူ အဖြစ် နေသွားနိုင်ဖို့ပါ။ ဒီလို လက်ခံထားတဲ့အတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှု ပျောက်တာ၊ လုံခြုံမှု ကင်းမဲ့တာမျိုး မခံစားရအောင် စိတ်ကို ထားနိုင်ပါတယ်။ ဒီလို ယုံကြည်မှုနဲ့ မိသားစုတွေရဲ့ ချစ်ခြင်း မေတ္တာတွေနဲ့ ကျော်ဖြတ်နိုင်ပါတယ်။ ဒါ့အပြင် ကျမကို ချစ်ခင်တဲ့ မိတ်ဆွေ သူငယ်ချင်းတွေ၊ လမ်းညွှန်ပြသပေးကြသူတွေလည်း အများကြီး ရှိပါတယ်။ ဒီလိုလူတွေကြောင့်ပဲ အခက်အခဲတွေရှိလည်း ကျော်ဖြတ်နိုင်ပါတယ်။”


ကေကေ ဟာ အောင်မြင်တဲ့ ဆယ်ကျော်သက်တယောက်လို့ ပြောနိုင်ပါတယ်။ ခုလို အရွယ်မှာ ကိုယ်ဖြစ်ချင်တဲ့ အိပ်မက်အတွက် အောင်မြင်တဲ့ ခြေလှမ်းတွေစပြီး လှမ်းနိုင်နေပါပြီ။ ဒါပေမဲ့ ကေကေ့ လို အခွင့်အလမ်း ကောင်းကောင်းမရကြတဲ့ လူငယ်တွေ အများကြီး ရှိနေပါတယ်။ ကေကေလည်း သိမှာပါ။ ဒီကနေ့ မြန်မာနိုင်ငံလို နေရာမျိုးမှာဆိုရင်၊ အထူးသဖြင့် စစ်အာဏာသိမ်းမှု နောက်ပိုင်းမှာ ကလေးငယ်တွေ လူငယ်တွေ အများအပြား မိဘတွေ၊ မိသားစုတွေနဲ့ အဝေးမှာ ရောက်နေကြတယ်။ စစ်ပွဲတွေကြား ပြေးလွှား ထွက်ပြေးနေကြရတယ်။ အခက်အခဲတွေကြားမှာ အခွင့်အရေး၊ အခွင့်အလမ်း ဆိုတောတွေ ရှာမရဘဲ မေ ျှာ်လင့်ချက် အိပ်မက် လမ်းစပျောက်နေတဲ့ လူငယ်တွေ အများကြီး ရှိပါတယ်။ ခုချိန်မှာ အောင်မြင်တဲ့ ဆယ်ကျော်သက် အမေရိကန်ရောက် မြန်မာလူငယ် အမျိုးသမီး တယောက် အနေနဲ့ မြန်မာနိုင်ငံက တခြား လူငယ်တွေ၊ အမျိုးသမီးတွေအတွက် ဘယ်လို စိတ်ခွန်အား ပေးနိုင်ပါမလဲ။ ဘာများ အားပေးစကား ပြောနိုင်ပါမလဲ။


“ကျမ ပြောချင်တာတွေ ကတော့ အများကြီးပါပဲ။ အရိုးရှင်းဆုံး ပြောချင်တာကတော့ အားလုံးမှာ သရဖူ ကိုယ်စီရှိကြတယ် ဆိုတာပါ။ ဒီလို လက်ဆုပ်လက်ကိုင် ပြနိုင်တဲ့ သရဖူမျိုး ရရင်တော့ သိပ်ကောင်းတာ မှန်တာပေါ့။ ဒါပေမဲ့ ဒီလို သရဖူမျိုး မဟုတ်လည်း ကိုယ်စွမ်းတဲ့အရာ၊ ကိုယ်ကျွမ်းကျင်ရာ နယ်ပယ်မှာ သရဖူ ကိုယ်စီ ကတော့ လူတိုင်းမှာ ရှိပါတယ်။ သူများက ပေးမှရတာ မဟုတ်ပါဘူး။ အဓိက က ကိုယ့်ကိုယ်ကို ယုံကြည်ဖို့ပါ။ ဒါကြောင့် ကိုယ့်ရဲ့ ရည်မှန်းချက် အိပ်မက်ကို အမြင့်ဆုံး ထားကြပါ။ ကိုယ့်အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားနိုင်တယ်ဆိုတဲ့ ယုံကြည်ချက်ထားပါ။ ကိုယ့်ကိုယ်ကို ယုံကြည်ဖို့က အရေးကြီးဆုံးပါပဲ။ မြန်မာနိုင်ငံက ဆယ်ကျော်သက်တွေပဲ ဖြစ်ဖြစ်၊ တခြား နိုင်ငံတွေက ဆယ်ကျော်သက်တွေပဲ ဖြစ်ဖြစ်ပါ ကိုယ့်ကိုယ်ကို ယုံကြည်စိတ် ထားနိုင်ရင် အနာဂတ်မှာ မေ ျှာ်လင့်ချက်တွေ အကောင်အထည် ပေါ်လာမှာပါ။ လက်ရှိ မြန်မာနိုင်ငံမှာ အခြေအနေတွေ မကောင်းဘူးဆိုတာ ကျမ နားလည်ပါတယ်။ ကျမ လို အမေရိကန်ပြည်ထောင်စုမှာ နေပြီး ဘဝကို ကောင်းကောင်းမွန်မွန် ရှင်သန်ခွင့်ရတဲ့ သူ တယောက် အနေနဲ့ သူတို့ ကြုံတွေ့နေရတဲ့ အခြေအနေနဲ့ ဆက်စပ် နှိုင်းယှဉ်ဖို့ ခက်ပါလိမ့်မယ်။ ဒါပေမဲ့ ဘယ်လိုပဲ ဖြစ်ဖြစ် မေ ျှာ်လင့်ချက် မပျက်ကြပါနဲ့။ ယုံကြည်ချက် စွဲကိုင်ထားပါ။ အနိမ့်ဆုံး ကိုယ့်အနီးနားက လူတွေက ကိုယ့်ရဲ့ ကြိုးစားမှုကို မြင်ကြပါလိမ့်မယ်။ ကိုယ့်ယုံကြည်ချက်၊ ရည်မှန်းချက်တွေကို ကိုယ့်ရဲ့ မိသားစုတွေ၊ အနီးနားက လူတွေနဲ့ မ ျှဝေပါ။ နောက်ဆုံးတနေ့ ကိုယ်ရည်မှန်းတဲ့အတိုင်း ဖြစ်မလာရင်တောင်မှ ကိုယ်ကြိုးစားခဲ့တာတွေအတွက် ကျေနပ် ပိတီကတော့ ရှိနေမှာပါ။ မြန်မာနိုင်ငံက လူငယ် ဆယ်ကျော်သက် အားလုံးကို ပြောချင်တာက ကိုယ့်ရဲ့ မျှော်လင့်ချက် အိပ်မက်ကို ဆက်ပြီး စွဲကိုင်ထားကြတာပါ။ အကောင်းဆုံးကို ဆုတောင်းပါ။ မေတ္တာပွား ဆုတောင်းမှုကလည်း ထိရောက်ပါတယ်။ ခုဆိုရင် ကမ္ဘာတဝန်းက ပြည်သူတွေကလည်း မြန်မာပြည်သူတွေ အတွက် ဆုတောင်း မေတ္တာတွေ ပို့သနေကြပါတယ်။ ကျမလည်း ဆုတောင်း ပေးနေပါတယ်။ မေ ျှာ်လင့်ချက်တွေ ဆက်ထားနိုင်ဖို့ မေ ျှာ်လင့်ပါတယ်။”

ဗွီအိုအေအတွက် အခုလို အချိန်ပေး ဖြေကြားပေးတာ ကျေးဇူး အများကြီး တင်ပါတယ်။ ဆထက်တပိုး အောင်မြင်ပါစေလို့လည်း ဆုတောင်းပေးပါတယ်။

ဟုတ်ကဲ့။ ကျေးဇူး အများကြီး တင်ပါတယ်။

XS
SM
MD
LG