သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print

အမ်ိဳးသမီးေရး စြမ္းေဆာင္သူ မြန္ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ မခိုင္ခိုင္လဲ့


အမ်ိဳးသမီးေရး စြမ္းေဆာင္သူ မြန္ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ မခိုင္ခိုင္လဲ့

(Zawgyi/Unicode)

ရန္ကုန္မွာ လူ႔အခြင့္အေရးေရွ႕ေနအျဖစ္ လႈပ္ရွားေဆာင္ရြက္ခဲ့တဲ့ မခိုင္ခိုင္လဲ့ဟာ အခုဆိုရင္ေတာ့ မြန္ျပည္နယ္ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္တဦးအေနနဲ႔ တာဝန္ ထမ္းေဆာင္ေနသူျဖစ္ပါတယ္။ အမ်ိဳးသမီးလႊတ္ေတာ္ ကိုယ္စားလွယ္ တေယာက္အေနနဲ႔ အမ်ိဳးသမီး အခြင့္အေရးေတြကို လႊတ္ေတာ္တြင္းသာမက မြန္ျပည္နယ္အစိုးရအထိပါ ေတာင္းဆိုတင္ျပေနသူျဖစ္ၿပီး မြန္ျပည္နယ္တြင္း မၾကံဳစဖူး သဘာဝေဘး အႏၱရာယ္နဲ႔ရင္ဆိုင္ရခ်ိန္မွာလည္း ေျမၿပိဳက်တဲ့ေနရာေတြ ေရေဘးသင့္ေဒသေတြအထိပါ ကိုယ္တုိင္ကြင္းဆင္းၿပီး မဲဆႏၵနယ္ေျမေတြကျ ပည္သူေတြကို ကူညီေပးခဲ့သူပါ။ သထံုမဲဆႏၵနယ္ရဲ႕အမ်ိဳးသမီး လႊတ္ေတာ္ ကိုယ္စားလွယ္တဦးအေနနဲ႔ အမ်ိဳးသမီး အခြင့္အေရးေတာင္းဆိုမႈေတြမွာ မိ႐ိုးဖလာထံုးတမ္းအစဥ္အလာေတြၾကား ၾကံဳေတြ႔ရတဲ့စိန္ေခၚမႈေတြ သူမစြမ္းေဆာင္ႏိုင္ခဲ့တာေတြ ၾကံဳခဲ့ရတဲ့အခက္အခဲေတြကို ဘယ္လိုေက်ာ္လြန္ျဖတ္သန္း ရင္ဆိုင္ခဲ့ရပါသလဲဆိုတာကိုေတာ့ ဒီသီတင္းပတ္ရဲ႕ အမ်ိဳးသမီးက႑မွာ မြန္ျပည္နယ္ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ မခိုင္ခိုင္လဲ့ကို ဆက္သြယ္ေမးျမန္းထားတဲ့ မဆုမြန္ တင္ျပထားတာ နားဆင္ပါ။

တိုက္႐ိုက္ လင့္ခ္

မခိုင္ခိုင္လဲ့။ ။ က်မရဲ႕အသက္ေမြးေၾကာင္းပညာက ဥပေဒပညာရွင္ျဖစ္တဲ့အခါက်ေတာ့ ဥပေဒနဲ႔အသက္ေမြးဝမ္းေၾကာင္းျပဳတယ္။ အဲ့ဒီ့ေနာက္မွာ Human rights Defender အျဖစ္လည္း ရပ္တည္ခဲ့ပါတယ္။ ဒါ့အျပင္ ကယ္ဆယ္ေရးလုပ္ငန္းေတြ စစ္ျဖစ္ေန တဲ့ေဒသေတြမွာ ရွိတဲ့ စစ္ေဘးေရွာင္ကမ့္ေတြမွာ ရွိတဲ့ ကေလးငယ္ေလးေတြ နဲ႔ပတ္သက္ၿပီးေတာ့ Trauma Counselling လုပ္ငန္းေတြကိုပါ လုပ္ခဲ့ပါတယ္။ ေနာက္ၿပီးေတာ့ ေရေဘးသင့္တဲ့ေဒသေတြ ေဝးလံသီေခါင္တဲ့ေဒသေတြမွာကေလးေတြရဲ႕ ပညာေရး ၊ က်န္းမာေရးကအစ ေဆာင္ရြက္တဲ့လုပ္ငန္းေတြမွာပါ လုပ္ခဲ့တယ္။ ဒါေပမဲ့ ၂၀၁၅ ေရြးေကာက္ပြဲမွာက်ေတာ့ ေရြးေကာက္ပြဲနီးလာတဲ့အခ်ိန္မွာ မြန္ျပည္နယ္ သထံုၿမိဳ႕နယ္ မဲဆႏၵနယ္ေျမအတြက္ ဝင္ေရာက္ေရြးခ်ယ္ခံဖို႔ သထံုၿမိဳ႕ကေန ဖိတ္ေခၚခဲ့တဲ့ အခါမွာ လႊတ္ေတာ္ကိုယ္စားလွယ္ တေယာက္ရဲ႕ဘဝကို ေရြးခ်ယ္ခဲ့ပါတယ္။

ဘာေၾကာင့္ လႊတ္ေတာ္ကိုယ္စားလွယ္ လုပ္ခဲ့သလဲေပါ့ေနာ္။ ဘာေၾကာင့္ လႊတ္ေတာ္ ကိုယ္စားလွယ္ အျဖစ္ ေျပာင္းလဲသြားသလဲ။ ကိုယ္လုပ္ေနတဲ့ ေရွ႕ေနအသက္ေမြး ဝမ္းေက်ာင္း အလုပ္ကေန ေျပာင္းလဲသြားလဲဆိုေတာ့ အဓိက ကေတာ့ က်မတို႔က System Change စနစ္ၾကီးကို ေျပာင္းလဲခ်င္တာေပါ့ေနာ္။ လက္ရွိ ရွိေနတဲ့ System ၾကီးကို မၾကိဳက္ဘူး။ ႏိုင္ငံရဲ႕ အေျပာင္းအလဲတခု အေရြ႕တခုမွာ ကိုယ္ႏုိင္တဲ့ အားနဲ႔ ဝန္ကို ထမ္းခဲ့တာပါ။ အဓိက ကေတာ့ က်မတို႔ System Change ခ်င္တယ္။ က်မတို႔ကို အႏိုင္က်င့္တာ ဖိႏွိပ္တာ ေစာ္ကားတာ ကတိမတည္တာ ျခိမ္းေျခာက္တာ စတဲ့ဒီလို System ၾကီးတခုလံုးကို က်မတို႔မၾကိဳက္ဘူး။ မၾကိဳက္တဲ့အတြက္ေၾကာင့္မို႔လို႔ အဲ့ဒီ့စနစ္ၾကီး မရွိေအာင္လို႔ က်မတို႔က ဝိုင္းၿပီး အေရြ႔တခုကို တြန္းခဲ့တာပါ။ အဲ့ဒီ့အေနအထားနဲ႔ က်မ လႊတ္ေတာ္ကိုယ္စားလွယ္ျဖစ္လာခဲ့ပါတယ္။

မဆုမြန္။ ။ ဟုတ္ကဲ့ အမ်ိဳးသမီးလႊတ္ေတာ္ကိုယ္စားလွယ္တဦးအေနနဲ႔ ဒီေဒသမွာရွိတဲ့ ဒီမဲဆႏၵနယ္မွာရွိတဲ့ျပည္သူေတြရဲ႕အေရးကို ေဆာင္ရြက္သလိုပဲ ဒီလႊတ္ေတာ္ထဲမွာ အထူးသျဖင့္ အမ်ိဳးသမီးေတြရဲ႕အခြင့္အေရးနဲ႔ပတ္သက္ၿပီးေတာ့ မြန္ျပည္နယ္လႊတ္ေတာ္၊ မြန္ျပည္နယ္အစိုးရ၊ သက္ဆိုင္တဲ့ေဒသ အာဏာပိုင္ေတြဆီမွာပါ ေတာင္းဆိုၿပီးေတာ့ တင္ျပေနသူ တေယာက္အျဖစ္လည္း မခုိင္ခိုင္လဲ့ကိုသိၾကေတာ့ အဲ့ဒီ့အထဲကမွ ထူးထူးျခားျခား အဲ့ဒီ့ေဒသမွာ အမ်ိဳးသမီးအခြင့္အေရးဆံုး႐ံႈးမႈေတြ အမ်ိဳးသမီး အခြင့္အေရး နဲ႔ ပတ္သက္ၿပီး ေတာင္းဆိုမႈေတြထဲက တင္ျပခဲ့တဲ့အထဲကမွ ထူးျခား တဲ့ျဖစ္ရပ္ေတြၾကံဳခဲ့ရ တာေတြရွိရင္လည္း ေျပာျပေပးပါရွင့္။

မခုိင္ခိုင္လဲ့။ ။ အမ်ိဳးသမီးအခြင့္အေရးနဲ႔ပတ္သက္ရင္ မြန္ျပည္နယ္လႊတ္ေတာ္က ပထမဆံုး အေနနဲ႔ တုိင္းေဒသၾကီးျပည္နယ္ လႊတ္ေတာ္ေရးရာေကာ္မတီေတြထဲမွာဆိုရင္ ပထမဆံုး မြန္ျပည္နယ္မွာပဲ ဖြဲ႔ျဖစ္တာပါ။ ျပည္နယ္တုိင္းေဒသၾကီးလႊတ္ေတာ္ေတြမွာ မရွိေသးခင္မွာ မြန္ျပည္နယ္မွာ ပထမဆံုး အမ်ိဳးသမီးနဲ႔ကေလးသူငယ္ဆိုင္ရာ အခြင့္အေရး နဲ႔ပတ္သက္ၿပီးေတာ့။ အဲ့ဒီ့ေကာ္မတီမွာ က်မတို႔အဓိက ေျဖရွင္းေပးေနတာကေတာ့ သက္ငယ္ မုဒိမ္းနဲ႔ အိမ္တြင္းအၾကမ္းဖက္မႈ ကိစၥေတြျဖစ္ပါတယ္။ ဒါကိုေတာ့ က်မ အဓိကထားၿပီးေတာ့ ကိုင္တြယ္ေနပါတယ္။ အဓိကကေတာ့ သက္ငယ္မုဒိမ္းနဲ႔ ပတ္သက္ရင္ ခံစားခဲ့ရတဲ့ ကေလးငယ္ေလးေတြရဲ႕ Trauma ေတြကို ဂ႐ုတစိုက္နဲ႔ ေဆာင္ရြက္ေပးပါတယ္။ ဒါကေတာ့ ေကာ္မတီဥကၠ႒တေယာက္အေနနဲ႔ က်မတို႔ ေကာ္မတီ မွာေဆာင္ရြက္ခ်က္ျဖစ္တယ္။ ဒါေပမဲ့ အားလံုးသိၾကတဲ့ တႏုိင္ငံလံုး အတုိင္းအတာနဲ႔ သိၾကတဲ့ က်မရဲ႕မဲဆႏၵနယ္ေျမမွာရွိတဲ့ “ ခြန္တန္” နဲ႔ပတ္သက္ၿပီးေတာ့ ၿပီးခဲ့တဲ့ ၂၀၁၇ေလာက္တုန္းကေတာ့ ေတာ္ေတာ္ေလးကို ၾကိဳးၾကိဳးစားစား နဲ႔ေဆာင္ရြက္ခဲ့ရပါတယ္။

မဆုမြန္။ ။ ဟုတ္ကဲ့ အဲ့ဒီ့ေတာ့ အဲ့ဒီ့လိုအမ်ိဳးသမီးအခြင့္အေရးေတြနဲ႔ပတ္သက္ၿပီးေတာ့ အမ်ိဳးသမီးလႊတ္ေတာ္ကိုယ္စားလွယ္တဦးအေနနဲ႔ ေဆာင္ရြက္ရတဲ့အခါမွာ ဘယ္လို အခက္ခဲေတြရွိလဲ။ ဘယ္လိုျခိမ္းေျခာက္မႈေတြရွိလဲ။ ေရွး႐ိုးထံုးတမ္းစဥ္လာအရ ကိုးကြယ္ ယံုၾကည္မႈေတြ ရွိတယ္ ေနာက္ၿပီးေတာ့ သက္ဝင္အားကိုးမႈေတြရွိတယ္ ဒီလိုအေနအထား မွာ ကိုယ္က လႊတ္ေတာ္ကိုယ္စားလွယ္တဦးအေနနဲ႔ေရာ ေရာက္သြားတဲ့အခါမွာ ကိုယ္တုိင္က ဥပေဒပညာရွင္တဦးအေနနဲ႔ ဒါေတြကို ဘယ္လိုရင္ဆိုင္ေက်ာ္လႊားခဲ့ပါသလဲ။

မခိုင္ခိုင္လဲ့။ ။ အခက္အခဲေတြကေတာ့ အမ်ားၾကီးေပါ့ အမရယ္ အခက္အခဲကေတာ့ စၿပီးေတာ့ လႊတ္ေတာ္ကိုယ္စားလွယ္ စျဖစ္ကတည္းကိုက မိန္းကေလးကိုယ္စားလွယ္ ငယ္လည္းငယ္တယ္ဆိုေတာ့ အုပ္ခ်ဳပ္ေရးပိုင္းဆိုင္ရာမွာ တခ်ိဳ႕ တခ်ိဳ႕ေသာလူေတြရဲ႕ မေလးမစား ခြဲျခားဆက္ဆံျခင္းကိုခံရတယ္။ ဥပမာ အမ်ိဳးသားအမတ္နဲ႔ယွဥ္ရင္ အမ်ိဳးသမီး အမတ္ကို အေနာက္ကိုပို႔တာတို႔၊ အမ်ိဳးသမီးအမတ္ကို သိပ္ၿပီး အေရးမေပး အေလး မထားတာတို႔ အဲ့တာမ်ိဳးေတြရွိတယ္။ အဲ့တာကေတာ့ သူတို႔ရဲ႕ အမူအယာေတြ မ်က္လံုးေတြ ေျပာစကားေတြ ဒါေတြနဲ႔ကို က်မတို႔က အမ်ားၾကီး ၾကံဳေတြ႔ခဲ့ရတယ္။ အဲ့တာေတြကို က်မတို႔က ကိုယ့္ရဲ႕ ရပ္တည္ခ်က္ ကိုယ့္ရဲ႕ခံယူခ်က္ ကိုယ့္ရဲ႕ Stand ေပါ့ ေနာက္ ကိုယ့္ရဲ႕ Role ေပါ့ ငါ့ရဲ႕ Role က ကိုယ္စားလွယ္ လႊတ္ေတာ္ကိုယ္စားလွယ္သည္ ျပည္သူကို ကိုယ္စားျပဳရမယ္။ ငါ့ရဲ႕ Stand ရပ္တည္ခ်က္သည္ ျပည္သူကို အလုပ္အေကၽြးျပဳ ရမယ္ ဟုတ္ၿပီ ဒါဆိုရင္ ျပည္သူ႔အတြက္ ငါဘာလုပ္ရမလဲ။ ဘာလုပ္သင့္သလဲ။ ငါ့ကို ဒီလိုလုပ္လာရင္ ငါ ဘယ္လိုပညာသားပါပါ ရင္ဆိုင္ေျဖရွင္းမလဲဆိုတာမ်ိဳးေတြ က်မတို႔ အမ်ားၾကီး စဥ္းစားခဲ့ရတယ္။ ဒါက တေယာက္ခ်င္း ၾကံဳေတြ႔ခဲ့ရတာ။

ျပႆနာေတြကို ေျဖရွင္းတဲ့ေနရာမွာလည္း ဥပမာ “ ခြန္တန္” ကိစၥဆိုရင္ က်မ အမ်ားၾကီး စိတ္ထိခိုက္ခဲ့ရတယ္။ က်မကို ျခိမ္းေျခာက္ခဲ့တာေတြ၊ က်မကို မတ္ေဆ့ေတြပို႔ၿပီးေတာ့ နည္းမ်ိဳးစံုနဲ႔ ေနွာင့္ယွက္ခဲ့တာေတြ အသက္အႏၱရာယ္အထိပါ ျခိမ္းေျခာက္လာတာေတြ ေဖ့စ္ဘြတ္ခ္မွာေပၚမွာ က်မကို Troll တာေတြ Cyber Bully လုပ္တာေတြ ဒါမ်ိဳးေတြ အကုန္လံုး ကို က်မ ၾကံံ့ၾကံ့ခံခဲ့ရတယ္။ ဒါ့အျပင္ က်မကို ဘက္ေပါင္းစံုကေန လက္ေလွ်ာ့ဖို႔ Give Up လုပ္ဖို႔ အမ်ားၾကီး လာေျပာခဲ့ၾကတယ္။ က်မ ေက်ာ္လႊားေနတာက Sexual ကိစၥလို႔ ေျပာေနေပမဲ့ မဆိုင္တာေတြကို ဆြဲထည့္ၿပီးေတာ့ အဲ့ဒီ့ကာဗာေတြယူၿပီးေတာ့ ဒီကိစၥကို ဖုန္းအုပ္ဖို႔ ၾကိဳးစားေနတဲ့ လူအုပ္စုေတြလည္း အမ်ားၾကီးရွိတယ္။ ဒါေတြကို က်မတတ္ထားတဲ့ ဥပေဒပညာရပ္ ေနာက္ အခုလက္ရွိရပ္တည္ေနတဲ့ လႊတ္ေတာ္ ကိုယ္စားလွယ္ တေယာက္ရဲ႕ Stand ေနာက္ က်မရင္ထဲမွာ ခံယူထားတဲ့ ခံယူခ်က္ေတြနဲ႔ အမ်ားၾကီးေက်ာ္လႊားခဲ့ရတယ္။ အဲ့ဒီ့အတြက္ေၾကာင့္လည္း အခုအခ်ိန္မွာဆိုရင္ သံဃာ့အေရျခံဳၿပီး ေဆာင္ရြက္ေနတဲ့ကိစၥရပ္ေတြကို မရွိေတာ့ေအာင္ ပေပ်ာက္သြားေအာင္ က်မ ေဆာင္ရြက္ေပးႏုိင္ခဲ့ပါတယ္။ ဒီကိစၥဟာ က်မရင္ဆိုင္ခဲ့ရတဲ့ ျဖတ္ေက်ာ္ခဲ့ရတဲ့ အထဲမွာေတာ့ အၾကီးမားဆံုး က်မဘဝရဲ႕ စိန္ေခၚမႈၾကီးလို႔လည္း ေျပာလို႔ရတယ္။ က်မဘဝရဲ႕ မွတ္ေက်ာက္တခု အတင္ခံခဲ့ရတဲ့ အလုပ္တခု သမိုင္းတခုလို႔လည္း ေျပာလို႔ရပါတယ္။

မဆုမြန္။ ။ မြန္ျပည္နယ္ထဲမွာ ၿပီးခဲ့တဲ့လေတြတုန္းက မၾကံဳစဖူး သဘာဝေဘးအႏၱရာယ္ နဲ႔ရင္ဆိုင္ ခဲ့ရတဲ့အေနအထားတခုကိုလည္း ေတြ႔ခဲ့ရတယ္ေပါ့ေနာ္။ အဲ့ဒီ့မွာ ေျမၿပိဳက်တာေတြ ရွိတယ္ ေရေဘးသင့္တာေတြရွိတယ္ ေနာက္ၿပီးေတာ့ ေလျပင္းမုန္တုိင္း တိုက္ခတ္တဲ့ အေနအထားေတြရွိတယ္ အဲ့ဒီ့ေတာ့ လႊတ္ေတာ္ကိုယ္စားလွယ္တဦးအေနနဲ႔ အထူးသျဖင့္ အမ်ိဳးသမီးလႊတ္ေတာ္ကိုယ္စားလွယ္တဦးအေနနဲ႔ ျဖစ္ေနတဲ့ေနရာေတြအထိ ကြင္းဆင္းၿပီးေတာ့ သြားေရာက္ေဆာင္ရြက္ေပးခဲ့ရတဲ့အေနအထားအထိရွိခဲ့ေတာ့ အဲ့ဒီ့မွာေရာ ဘာေတြ စြမ္းေဆာင္ေပးႏိုင္ခဲ့တာေတြရွိလဲ။ ဘယ္လိုအခက္ခဲေတြၾကံဳခဲ့ရလဲ။ ေနာက္ မဲဆႏၵနယ္ကျပည္သူေတြအတြက္ ဘာေတြမ်ား လုပ္ေပးႏိုင္ခဲ့တာေတြရွိ္ပါလဲရွင့္။

မခိုင္ခိုင္လဲ့။ ။ ဟုတ္ကဲ့။ ဘာျဖစ္လို႔ အမ်ိဳးသမီးလႊတ္ေတာ္ကိုယ္စားလွယ္တေယာက္က အုပ္ခ်ဳပ္ေရးပိုင္းဆိုင္ရာမွာရွိတဲ့ တာဝန္ရွိသူေတြအလုပ္ကို ဝင္လုပ္ရလဲဆိုရင္ က်မက ျပည္သူကို ကိုယ္စားျပဳတဲ့ကိုယ္စားလွယ္တေယာက္ျဖစ္တဲ့အတြက္ေၾကာင့္ အခ်ိန္နဲ႔တေျပးညီ ျပည္သူ႔ကိုအသိေပးဖို႔လိုအပ္ပါတယ္။ သတင္းေတြထုတ္ျပန္ေပးႏုိင္ဖို႔လိုပါတယ္။ ဒီအတြက္ တာဝန္ရွိတယ္လို႔ ခံယူထားတဲ့အတြက္ က်မတို႔ကို မဲေပးထားထား မဲမေပးထားထား အဲ့ဒီ့မွာရွိတဲ့ျပည္သူအားလံုးက က်မတို႔နဲ႔သက္ဆိုင္ပါတယ္။ လႊတ္ေတာ္ကိုယ္စားလွယ္အားလံုးနဲ႔လည္း သက္ဆိုင္သလို လႊတ္ေတာ္ကိုယ္စားလွယ္ တဦးခ်င္းနဲ႔လည္း သက္ဆုိင္ပါတယ္။ ဒီလႊတ္ေတာ္ကိုယ္စားလွယ္ေတြဟာ ျပည္သူေတြအေပၚ တာဝန္ယူမႈ တာဝန္ခံမႈလည္းလိုသလို တာဝန္ေက်မႈရွိဖို႔လည္းလိုအပ္ပါတယ္။ ကူညီကယ္ဆယ္ေပးခ်င္တဲ့စိတ္ကလည္း ဟိုးး ကယ္ဆယ္ေရးသမားဘဝကို ျပန္ေရာက္သြားသလိုပါပဲ။ ေနာက္တခုက က်မတို႔ ကူညီကယ္ဆယ္ေရးလုပ္တဲ့အခါမွာ ေတြ႔ၾကံဳရတဲ့အခက္ခဲေလးေတြရွိပါတယ္။ အဲ့တာေလးကိုလည္း နည္းနည္းေျပာခ်င္တယ္။ အဲ့တာက ဘာလဲဆိုေတာ့ ကြန္ျမဴနတီနဲ႔ အုပ္ခ်ဳပ္ေရးပိုင္းဆိုင္ရာနဲ႔ပူးေပါင္းေဆာင္ရြက္တဲ့ေနရာမွာ Links ေလးေတြ ျပတ္ေနတာမ်ိဳးေတြရွိပါတယ္။ ဒါမ်ိဳးေတြ ေနာက္ေနာင္မျဖစ္ရေအာင္လို႔ ခ်ိတ္ဆက္ၿပီးေတာ့ ေဆာင္ရြက္မယ္ဆိုရင္ ဒီ့ထက္ပိုၿပီး လွ်င္ျမန္ထိေရာက္ႏိုင္တယ္လို႔ က်မျမင္ပါတယ္။

မဆုမြန္။ ။ မခိုင္ခိုင္လဲ့ကို ေနာက္ဆံုးေမးခ်င္တာကေတာ့ လႊတ္ေတာ္တြင္းမွာ အမ်ိဳးသမီး ကိုယ္စားလွယ္ေတြ မ်ားမ်ားပါဝင္လာႏိုင္ေအာင္ေပါ့ေနာ္ ဘယ္လိုမ်ား အမ်ိဳးသမီးေတြကို သတင္းစကားပါးခ်င္တာရွိလဲ။ အဓိက ဥပေဒျပဳေရးအပိုင္း ျပည္သူေတြ အက်ိဳးကို သယ္ပိုးတဲ့ေနရာမွာ အမ်ိဳးသမီးေတြ ပိုၿပီးေတာ့မွ ပူးေပါင္းပါဝင္ခ်င္စိတ္ျဖစ္လာေအာင္ မခိုင္ခိုင္လဲ့ အမ်ိဳးသမီးထုကို ဘာမ်ားသတင္းစကားပါးခ်င္တာရွိပါလဲရွင့္။

မခိုင္ခိုင္လဲ့။ ။ အဓိကကေတာ့ Decision Making လုပ္တဲ့ေနရာ အေရးၾကီးတဲ့ဆံုးျဖတ္ခ်က္ခ်တဲ့ေနရာေတြမွာ အမ်ိဳးသမီးေတြ မ်ားမ်ားပါဝင္လာေစခ်င္တယ္။ အမ်ိဳးသမီးလႊတ္ေတာ္ကိုယ္စားလွယ္ေတြတင္မဟုတ္ဘူး။ အမ်ိဳးသမီး အုပ္ခ်ဳပ္ေရးမွဴး အမ်ိဳးသမီး ဆယ္အိမ္မွဴး ရာအိမ္မွဴး အဲ့လိုမ်ိဳးေတြ မ်ားမ်ားျဖစ္လာေစခ်င္တယ္။ ေနာက္ ေခါင္းေဆာင္မႈပိုင္းမွာ အမ်ိဳးသမီးေတြ ပါဝင္လာႏိုင္ဖို႔ဆိုတာက ေနရာဖယ္ေပးဖို႔လိုတယ္။ “ လက္ရည္တူတယ္ ဦးေႏွာက္ Level တူတယ္ဆိုရင္ ဒီအမ်ိဳးသမီးကို အမ်ိဳးသားေတြနဲ႔တန္းတူ အခြင့္အေရးေပးဖို႔လိုပါတယ္။ တကယ္ အရည္အခ်င္းရွိတဲ့အမ်ိဳးသမီးေတြကို Main Character ေနရာမွာ ေနရာေပးဖို႔ လိုအပ္လာပါၿပီ ” ေနာက္တခုက အမ်ိဳးသမီးေတြ ေခါင္းေဆာင္မႈ ေနရာမွာရွိလာဖို႔ဆိုရင္ လူထုၾကားမွာ စကားေျပာဖို႔ စကားေျပာအတတ္ပညာ ေခါင္းေဆာင္မႈ အရည္အေသြးတက္လာေအာင္ အမ်ိဳးသမီးေတြရဲ႕ ေခါင္းေဆာင္မႈသင္တန္းေတြ အမ်ိဳးသမီးေတြရဲ႕ Capacity Build up လုပ္တဲ့ေနရာမွာ ဆြဲေခၚဖို႔လိုအပ္ပါတယ္။ အဆီးအတားေတြ Culture ေတြ ဒါေတြအားလံုးကိုလည္း ေက်ာ္လႊားရပါလိမ့္မယ္။ အဲ့လိုမ်ိဳး ေက်ာ္လႊားၿပီး ေဖာက္ထြက္လာႏုိင္တဲ့ အမ်ိဳးသမီးေတြ မ်ားမ်ားေပၚထြက္လာပါေစလို႔ က်မကေတာ့ ဆုေတာင္းပါတယ္။

အမ်ိဳးသမီးလႊတ္ေတာ္ကိုယ္စားလွယ္တဦးအေနနဲ႔ အမ်ိဳးသမီးအခြင့္အေရးေတာင္းဆိုမႈေတြမွာ မိ႐ိုးဖလာထံုးတမ္းအစဥ္အလာေတြၾကား ၾကံဳေတြ႔ရတဲ့စိန္ေခၚမႈေတြ သူမစြမ္းေဆာင္ႏိုင္ခဲ့တာေတြ ၾကံဳခဲ့ရတဲ့အခက္အခဲေတြကို ဘယ္လိုေက်ာ္လြန္ျဖတ္သန္း ရင္ဆိုင္ခဲ့ရပါသလဲဆိုတာကို ဒီသီတင္းပတ္ရဲ႕ အမ်ိဳးသမီးက႑မွာ မဆုမြန္ တင္ျပခဲ့တာျဖစ္ပါတယ္။

UNICODE VERSION

အမျိုးသမီးရေး စွမ်းဆောင်သူ မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မခိုင်ခိုင်လဲ့

ရန်ကုန်မှာ လူ့အခွင့်အရေးရှေ့နေအဖြစ် လှုပ်ရှားဆောင်ရွက်ခဲ့တဲ့ မခိုင်ခိုင်လဲ့ဟာ အခုဆိုရင်တော့ မွန်ပြည်နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တဦးအနေနဲ့ တာဝန်ထမ်းဆောင်နေသူဖြစ်ပါတယ်။ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ် တယောက်အနေနဲ့ အမျိုးသမီး အခွင့်အရေးတွေကို လွှတ်တော်တွင်းသာမက မွန်ပြည်နယ်အစိုးရအထိပါ တောင်းဆိုတင်ပြနေသူဖြစ်ပြီး မွန်ပြည်နယ်တွင်း မကြုံစဖူး သဘာဝဘေးအန္တရာယ်နဲ့ရင်ဆိုင်ရချိန်မှာလည်း မြေပြိုကျတဲ့နေရာတွေ ရေဘေးသင့်ဒေသတွေအထိပါ ကိုယ်တိုင်ကွင်းဆင်းပြီး မဲဆန္ဒနယ်မြေတွေကပြည်သူတွေကို ကူညီပေးခဲ့သူပါ။ သထုံမဲဆန္ဒနယ်ရဲ့အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တဦးအနေနဲ့ အမျိုးသမီးအခွင့်အရေးတောင်းဆိုမှုတွေမှာ မိရိုးဖလာထုံးတမ်းအစဉ်အလာတွေကြား ကြုံတွေ့ရတဲ့စိန်ခေါ်မှုတွေ သူမစွမ်းဆောင်နိုင်ခဲ့တာတွေ ကြုံခဲ့ရတဲ့အခက်အခဲတွေကို ဘယ်လိုကျော်လွန်ဖြတ်သန်း ရင်ဆိုင်ခဲ့ရပါသလဲဆိုတာကိုတော့ ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ မဆုမွန် တင်ပြထားတာ နားဆင်ပါ။

မခိုင်ခိုင်လဲ့။ ။ ကျမရဲ့အသက်မွေးကြောင်းပညာက ဥပဒေပညာရှင်ဖြစ်တဲ့အခါကျတော့ ဥပဒေနဲ့အသက်မွေးဝမ်းကြောင်းပြုတယ်။ အဲ့ဒီ့နောက်မှာ Human rights Defender အဖြစ်လည်း ရပ်တည်ခဲ့ပါတယ်။ ဒါ့အပြင် ကယ်ဆယ်ရေးလုပ်ငန်းတွေ စစ်ဖြစ်နေတဲ့ဒေသတွေမှာ ရှိတဲ့ စစ်ဘေးရှောင်ကမ့်တွေမှာ ရှိတဲ့ ကလေးငယ်လေးတွေနဲ့ပတ်သက်ပြီးတော့ Trauma Counselling လုပ်ငန်းတွေကိုပါ လုပ်ခဲ့ပါတယ်။ နောက်ပြီးတော့ ရေဘေးသင့်တဲ့ဒေသတွေ ဝေးလံသီခေါင်တဲ့ဒေသတွေမှာကလေးတွေရဲ့ ပညာရေး ၊ ကျန်းမာရေးကအစ ဆောင်ရွက်တဲ့လုပ်ငန်းတွေမှာပါ လုပ်ခဲ့တယ်။ ဒါပေမဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာကျတော့ ရွေးကောက်ပွဲနီးလာတဲ့အချိန်မှာ မွန်ပြည်နယ် သထုံမြို့နယ် မဲဆန္ဒနယ်မြေအတွက် ဝင်ရောက်ရွေးချယ်ခံဖို့ သထုံမြို့ကနေ ဖိတ်ခေါ်ခဲ့တဲ့အခါမှာ လွှတ်တော်ကိုယ်စားလှယ် တယောက်ရဲ့ဘဝကို ရွေးချယ်ခဲ့ပါတယ်။ ဘာကြောင့် လွှတ်တော်ကိုယ်စားလှယ် လုပ်ခဲ့သလဲပေါ့နော်။ ဘာကြောင့် လွှတ်တော်ကိုယ်စားလှယ် အဖြစ် ပြောင်းလဲသွားသလဲ။ ကိုယ်လုပ်နေတဲ့ ရှေ့နေအသက်မွေးဝမ်းကျောင်းအလုပ်ကနေ ပြောင်းလဲသွားလဲဆိုတော့ အဓိက ကတော့ ကျမတို့က System Change စနစ်ကြီးကို ပြောင်းလဲချင်တာပေါ့နော်။ လက်ရှိ ရှိနေတဲ့ System ကြီးကိုမကြိုက်ဘူး။ နိုင်ငံရဲ့ အပြောင်းအလဲတခု အရွေ့တခုမှာ ကိုယ်နိုင်တဲ့ အားနဲ့ ဝန်ကို ထမ်းခဲ့တာပါ။ အဓိက ကတော့ ကျမတို့ System Change ချင်တယ်။ ကျမတို့ကို အနိုင်ကျင့်တာ ဖိနှိပ်တာ စော်ကားတာ ကတိမတည်တာ ခြိမ်းခြောက်တာ စတဲ့ဒီလို System ကြီးတခုလုံးကို ကျမတို့မကြိုက်ဘူး။ မကြိုက်တဲ့အတွက်ကြောင့်မို့လို့ အဲ့ဒီ့စနစ်ကြီးမရှိအောင်လို့ ကျမတို့က ဝိုင်းပြီး အရွေ့တခုကို တွန်းခဲ့တာပါ။ အဲ့ဒီ့အနေအထားနဲ့ ကျမ လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာခဲ့ပါတယ်။

မဆုမွန်။ ။ ဟုတ်ကဲ့ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တဦးအနေနဲ့ ဒီဒေသမှာရှိတဲ့ ဒီမဲဆန္ဒနယ်မှာရှိတဲ့ပြည်သူတွေရဲ့အရေးကို ဆောင်ရွက်သလိုပဲ ဒီလွှတ်တော်ထဲမှာ အထူးသဖြင့် အမျိုးသမီးတွေရဲ့အခွင့်အရေးနဲ့ပတ်သက်ပြီးတော့ မွန်ပြည်နယ်လွှတ်တော်၊ မွန်ပြည်နယ်အစိုးရ၊ သက်ဆိုင်တဲ့ဒေသ အာဏာပိုင်တွေဆီမှာပါ တောင်းဆိုပြီးတော့ တင်ပြနေသူတယောက်အဖြစ်လည်း မခိုင်ခိုင်လဲ့ကိုသိကြတော့ အဲ့ဒီ့အထဲကမှ ထူးထူးခြားခြား အဲ့ဒီ့ဒေသမှာ အမျိုးသမီးအခွင့်အရေးဆုံးရှုံးမှုတွေ အမျိုးသမီးအခွင့်အရေးနဲ့ ပတ်သက်ပြီး တောင်းဆိုမှုတွေထဲက တင်ပြခဲ့တဲ့အထဲကမှ ထူးခြားတဲ့ဖြစ်ရပ်တွေကြုံခဲ့ရတာတွေရှိရင်လည်း ပြောပြပေးပါရှင့်။

မခိုင်ခိုင်လဲ့။ ။ အမျိုးသမီးအခွင့်အရေးနဲ့ပတ်သက်ရင် မွန်ပြည်နယ်လွှတ်တော်က ပထမဆုံးအနေနဲ့ တိုင်းဒေသကြီးပြည်နယ် လွှတ်တော်ရေးရာကော်မတီတွေထဲမှာဆိုရင် ပထမဆုံးမွန်ပြည်နယ်မှာပဲ ဖွဲ့ဖြစ်တာပါ။ ပြည်နယ်တိုင်းဒေသကြီးလွှတ်တော်တွေမှာ မရှိသေးခင်မှာ မွန်ပြည်နယ်မှာ ပထမဆုံး အမျိုးသမီးနဲ့ကလေးသူငယ်ဆိုင်ရာအခွင့်အရေးနဲ့ပတ်သက်ပြီးတော့။ အဲ့ဒီ့ကော်မတီမှာ ကျမတို့အဓိက ဖြေရှင်းပေးနေတာကတော့ သက်ငယ်မုဒိမ်းနဲ့ အိမ်တွင်းအကြမ်းဖက်မှုကိစ္စတွေဖြစ်ပါတယ်။ ဒါကိုတော့ ကျမ အဓိကထားပြီးတော့ ကိုင်တွယ်နေပါတယ်။ အဓိကကတော့ သက်ငယ်မုဒိမ်းနဲ့ပတ်သက်ရင် ခံစားခဲ့ရတဲ့ ကလေးငယ်လေးတွေရဲ့ Trauma တွေကို ဂရုတစိုက်နဲ့ ဆောင်ရွက်ပေးပါတယ်။ ဒါကတော့ ကော်မတီဥက္ကဋ္ဌတယောက်အနေနဲ့ ကော်မတီမှာဆောင်ရွက်ချက်ဖြစ်တယ်။ ဒါပေမဲ့ အားလုံးသိကြတဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့သိကြတဲ့ ကျမရဲ့မဲဆန္ဒနယ်မြေမှာရှိတဲ့ “ ခွန်တန်” နဲ့ပတ်သက်ပြီးတော့ ပြီးခဲ့တဲ့ ၂၀၁၇လောက်တုန်းကတော့ တော်တော်လေးကို ကြိုးကြိုးစားစားနဲ့ဆောင်ရွက်ခဲ့ရပါတယ်။

မဆုမွန်။ ။ ဟုတ်ကဲ့ အဲ့ဒီ့တော့ အဲ့ဒီ့လိုအမျိုးသမီးအခွင့်အရေးတွေနဲ့ပတ်သက်ပြီးတော့ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တဦးအနေနဲ့ ဆောင်ရွက်ရတဲ့အခါမှာ ဘယ်လိုအခက်ခဲတွေရှိလဲ။ ဘယ်လိုခြိမ်းခြောက်မှုတွေရှိလဲ။ ရှေးရိုးထုံးတမ်းစဉ်လာအရ ကိုးကွယ်ယုံကြည်မှုတွေ ရှိတယ် သက်ဝင်အားကိုးမှုတွေရှိတယ် ဒီလိုအနေအထားမှာ ကိုယ်က လွှတ်တော်ကိုယ်စားလှယ်တဦးအနေနဲ့ရော ကိုယ်တိုင်က ဥပဒေပညာရှင်တဦးအနေနဲ့ ဒါတွေကို ဘယ်လိုရင်ဆိုင်ကျော်လွှားခဲ့ပါသလဲ။

မခိုင်ခိုင်လဲ့။ ။ အခက်အခဲတွေကတော့ အများကြီးပေါ့ အမရယ် အခက်အခဲကတော့ စပြီးတော့ လွှတ်တော်ကိုယ်စားလှယ် စဖြစ်ကတည်းက မိန်းကလေးကိုယ်စားလှယ် ငယ်လည်းငယ်တယ်ဆိုတော့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာမှာ တချို့ တချို့သောလူတွေရဲ့ မလေးမစား ခွဲခြားဆက်ဆံခြင်းကိုခံရတယ်။ ဥပမာ အမျိုးသားအမတ်နဲ့ယှဉ်ရင် အမျိုးသမီးအမတ်ကို အနောက်ကိုပို့တာတို့၊ အမျိုးသမီးအမတ်ကို သိပ်ပြီး အရေးမပေး အလေးမထားတာတို့ အဲ့တာမျိုးတွေရှိတယ်။ အဲ့တာကတော့ သူတို့ရဲ့ အမူအယာတွေ မျက်လုံးတွေ ပြောစကားတွေ ဒါတွေနဲ့ကို ကျမတို့က အများကြီး ကြုံတွေ့ခဲ့ရတယ်။ အဲ့တာတွေကို ကျမတို့က ကိုယ့်ရဲ့ ရပ်တည်ချက် ကိုယ့်ရဲ့ခံယူချက် ကိုယ့်ရဲ့ Stand ပေါ့ နောက် ကိုယ့်ရဲ့ Role ပေါ့ ငါ့ရဲ့ Role က ကိုယ်စားလှယ် လွှတ်တော်ကိုယ်စားလှယ်သည် ပြည်သူကို ကိုယ်စားပြုရမယ်။ ငါ့ရဲ့ Stand ရပ်တည်ချက်သည် ပြည်သူကို အလုပ်အကျွေးပြုရမယ် ဟုတ်ပြီ ဒါဆိုရင် ပြည်သူ့အတွက် ငါဘာလုပ်ရမလဲ။ ဘာလုပ်သင့်သလဲ။ ငါ့ကို ဒီလိုလုပ်လာရင် ငါ ဘယ်လိုပညာသားပါပါ ရင်ဆိုင်ဖြေရှင်းမလဲဆိုတာမျိုးတွေ ကျမတို့ အများကြီး စဉ်းစားခဲ့ရတယ်။ ဒါက တယောက်ချင်း ကြုံတွေ့ခဲ့ရတာ။

ပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာလည်း ဥပမာ “ ခွန်တန်” ကိစ္စဆိုရင် ကျမ အများကြီး စိတ်ထိခိုက်ခဲ့ရတယ်။ ကျမကို ခြိမ်းခြောက်ခဲ့တာတွေ၊ ကျမကို မတ်ဆေ့တွေပို့ပြီးတော့ နည်းမျိုးစုံနဲ့ နှောင့်ယှက်ခဲ့တာတွေ အသက်အန္တရာယ်အထိပါ ခြိမ်းခြောက်လာတာတွေ ဖေ့စ်ဘွတ်ခ်မှာပေါ်မှာ ကျမကို Troll တာတွေ Cyber Bully လုပ်တာတွေ ဒါမျိုးတွေ အကုန်လုံးကို ကျမ ကြံံ့ကြံ့ခံခဲ့ရတယ်။ ဒါ့အပြင် ကျမကို ဘက်ပေါင်းစုံကနေ လက်လျှော့ဖို့ Give Up လုပ်ဖို့ အများကြီး လာပြောခဲ့ကြတယ်။ ကျမ ကျော်လွှားနေတာက Sexual ကိစ္စလို့ ပြောနေပေမဲ့ မဆိုင်တာတွေကို ဆွဲထည့်ပြီးတော့ အဲ့ဒီ့ကာဗာတွေယူပြီးတော့ ဒီကိစ္စကို ဖုန်းအုပ်ဖို့ ကြိုးစားနေတဲ့ လူအုပ်စုတွေလည်း အများကြီးရှိတယ်။ ဒါတွေကို ကျမတတ်ထားတဲ့ ဥပဒေပညာရပ် နောက် အခုလက်ရှိရပ်တည်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်တယောက်ရဲ့ Stand နောက် ကျမရင်ထဲမှာ ခံယူထားတဲ့ ခံယူချက်တွေနဲ့ အများကြီးကျော်လွှားခဲ့ရတယ်။ အဲ့ဒီ့အတွက်ကြောင့်လည်း အခုအချိန်မှာဆိုရင် သံဃာ့အရေခြုံပြီး ဆောင်ရွက်နေတဲ့ကိစ္စရပ်တွေကို မရှိတော့အောင် ပပျောက်သွားအောင် ကျမ ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ဒီကိစ္စဟာ ကျမရင်ဆိုင်ခဲ့ရတဲ့ ဖြတ်ကျော်ခဲ့ရတဲ့အထဲမှာတော့ အကြီးမားဆုံး ကျမဘဝရဲ့ စိန်ခေါ်မှုကြီးလို့လည်း ပြောလို့ရတယ်။ ကျမဘဝရဲ့ မှတ်ကျောက်တခု အတင်ခံခဲ့ရတဲ့ အလုပ်တခု သမိုင်းတခုလို့လည်း ပြောလို့ရပါတယ်။

မဆုမွန်။ ။ မွန်ပြည်နယ်ထဲမှာ ပြီးခဲ့တဲ့လတွေတုန်းက မကြုံစဖူး သဘာဝဘေးအန္တရာယ်နဲ့ရင်ဆိုင်ခဲ့ရတဲ့အနေအထားတခုကိုလည်း တွေ့ခဲ့ရတယ်ပေါ့နော်။ အဲ့ဒီ့မှာ မြေပြိုကျတာတွေရှိတယ် ရေဘေးသင့်တာတွေရှိတယ် နောက်ပြီးတော့ လေပြင်းမုန်တိုင်းတိုက်ခတ်တဲ့ အနေအထားတွေရှိတယ် အဲ့ဒီ့တော့ လွှတ်တော်ကိုယ်စားလှယ်တဦးအနေနဲ့ အထူးသဖြင့် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တဦးအနေနဲ့ ဖြစ်နေတဲ့နေရာတွေအထိ ကွင်းဆင်းပြီးတော့ သွားရောက်ဆောင်ရွက်ပေးခဲ့ရတဲ့အနေအထားအထိရှိခဲ့တော့ အဲ့ဒီ့မှာရော ဘာတွေ စွမ်းဆောင်ပေးနိုင်ခဲ့တာတွေရှိလဲ။ ဘယ်လိုအခက်ခဲတွေကြုံခဲ့ရလဲ။ နောက် မဲဆန္ဒနယ်ကပြည်သူတွေအတွက် ဘာတွေများ လုပ်ပေးနိုင်ခဲ့တာတွေရှိပါလဲရှင့်။

မခိုင်ခိုင်လဲ့။ ။ ဟုတ်ကဲ့။ ဘာဖြစ်လို့ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တယောက်က အုပ်ချုပ်ရေးပိုင်းဆိုင်ရာမှာရှိတဲ့ တာဝန်ရှိသူတွေအလုပ်ကို ဝင်လုပ်ရလဲဆိုရင် ကျမက ပြည်သူကို ကိုယ်စားပြုတဲ့ကိုယ်စားလှယ်တယောက်ဖြစ်တဲ့အတွက်ကြောင့် အချိန်နဲ့တပြေးညီ ပြည်သူ့ကိုအသိပေးဖို့လိုအပ်ပါတယ်။ သတင်းတွေထုတ်ပြန်ပေးနိုင်ဖို့လိုပါတယ်။ ဒီအတွက် တာဝန်ရှိတယ်လို့ ခံယူထားတဲ့အတွက် ကျမတို့ကို မဲပေးထားထား မဲမပေးထားထား အဲ့ဒီ့မှာရှိတဲ့ပြည်သူအားလုံးက ကျမတို့နဲ့သက်ဆိုင်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်အားလုံးနဲ့လည်း သက်ဆိုင်သလို လွှတ်တော်ကိုယ်စားလှယ် တဦးချင်းနဲ့လည်း သက်ဆိုင်ပါတယ်။ ဒီလွှတ်တော်ကိုယ်စားလှယ်တွေဟာ ပြည်သူတွေအပေါ် တာဝန်ယူမှု တာဝန်ခံမှုလည်းလိုသလို တာဝန်ကျေမှုရှိဖို့လည်းလိုအပ်ပါတယ်။ ကူညီကယ်ဆယ်ပေးချင်တဲ့စိတ်ကလည်း ဟိုးး ကယ်ဆယ်ရေးသမားဘဝကို ပြန်ရောက်သွားသလိုပါပဲ။ နောက်တခုက ကျမတို့ ကူညီကယ်ဆယ်ရေးလုပ်တဲ့အခါမှာ တွေ့ကြုံရတဲ့အခက်ခဲလေးတွေရှိပါတယ်။ အဲ့တာလေးကိုလည်း နည်းနည်းပြောချင်တယ်။ အဲ့တာက ဘာလဲဆိုတော့ ကွန်မြူနတီနဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာနဲ့ပူးပေါင်းဆောင်ရွက်တဲ့နေရာမှာ Links လေးတွေ ပြတ်နေတာမျိုးတွေရှိပါတယ်။ ဒါမျိုးတွေ နောက်နောင်မဖြစ်ရအောင်လို့ ချိတ်ဆက်ပြီးတော့ ဆောင်ရွက်မယ်ဆိုရင် ဒီ့ထက်ပိုပြီး လျှင်မြန်ထိရောက်နိုင်တယ်လို့ ကျမမြင်ပါတယ်။

မဆုမွန်။ ။ မခိုင်ခိုင်လဲ့ကို နောက်ဆုံးမေးချင်တာကတော့ လွှတ်တော်တွင်းမှာ အမျိုးသမီးကိုယ်စားလှယ်တွေ များများပါဝင်လာနိုင်အောင်ပေါ့နော် ဘယ်လိုများ အမျိုးသမီးတွေကို သတင်းစကားပါးချင်တာရှိလဲ။ အဓိက ဥပဒေပြုရေးအပိုင်း ပြည်သူတွေအကျိုးကိုသယ်ပိုးတဲ့နေရာမှာ အမျိုးသမီးတွေ ပိုပြီးတော့မှ ပူးပေါင်းပါဝင်ချင်စိတ်ဖြစ်လာအောင် မခိုင်ခိုင်လဲ့ အမျိုးသမီးထုကို ဘာများသတင်းစကားပါးချင်တာရှိပါလဲရှင့်။

မခိုင်ခိုင်လဲ့။ ။ အဓိကကတော့ Decision Making လုပ်တဲ့နေရာ အရေးကြီးတဲ့ဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာ အမျိုးသမီးတွေ များများပါဝင်လာစေချင်တယ်။ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တွေတင်မဟုတ်ဘူး။ အမျိုးသမီး အုပ်ချုပ်ရေးမှူး အမျိုးသမီး ဆယ်အိမ်မှူး ရာအိမ်မှူး အဲ့လိုမျိုးတွေ များများဖြစ်လာစေချင်တယ်။ နောက် ခေါင်းဆောင်မှုပိုင်းမှာ အမျိုးသမီးတွေ ပါဝင်လာနိုင်ဖို့ဆိုတာက နေရာဖယ်ပေးဖို့လိုတယ်။ “ လက်ရည်တူတယ် ဦးနှောက် Level တူတယ်ဆိုရင် ဒီအမျိုးသမီးကို အမျိုးသားတွေနဲ့တန်းတူ အခွင့်အရေးပေးဖို့လိုပါတယ်။ တကယ် အရည်အချင်းရှိတဲ့အမျိုးသမီးတွေကို Main Character နေရာမှာ နေရာပေးဖို့ လိုအပ်လာပါပြီ ” နောက်တခုက အမျိုးသမီးတွေ ခေါင်းဆောင်မှု နေရာမှာရှိလာဖို့ဆိုရင် လူထုကြားမှာ စကားပြောဖို့ စကားပြောအတတ်ပညာ ခေါင်းဆောင်မှု အရည်အသွေးတက်လာအောင် အမျိုးသမီးတွေရဲ့ ခေါင်းဆောင်မှုသင်တန်းတွေ အမျိုးသမီးတွေရဲ့ Capacity Build up လုပ်တဲ့နေရာမှာ ဆွဲခေါ်ဖို့လိုအပ်ပါတယ်။ အဆီးအတားတွေ Culture တွေ ဒါတွေအားလုံးကိုလည်း ကျော်လွှားရပါလိမ့်မယ်။ အဲ့လိုမျိုး ကျော်လွှားပြီး ဖောက်ထွက်လာနိုင်တဲ့ အမျိုးသမီးတွေ များများပေါ်ထွက်လာပါစေလို့ ကျမကတော့ ဆုတောင်းပါတယ်။

အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တဦးအနေနဲ့ အမျိုးသမီးအခွင့်အရေးတောင်းဆိုမှုတွေမှာ မိရိုးဖလာထုံးတမ်းအစဉ်အလာတွေကြား ကြုံတွေ့ရတဲ့စိန်ခေါ်မှုတွေ သူမစွမ်းဆောင်နိုင်ခဲ့တာတွေ ကြုံခဲ့ရတဲ့အခက်အခဲတွေကို ဘယ်လိုကျော်လွန်ဖြတ်သန်း ရင်ဆိုင်ခဲ့ရပါသလဲဆိုတာကို ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ မဆုမွန် တင်ပြခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG