သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာအမျိုးသမီးသတ္တိရှင်ဆုစာရင်း ကန် နိုင်ငံခြားရေးဌာန ထုတ်ပြန်


နိုင်ငံတကာအမျိုးသမီးသတ္တိရှင်ဆုရှင်များ
နိုင်ငံတကာအမျိုးသမီးသတ္တိရှင်ဆုရှင်များ

ဒီနှစ် အမေရိကန်နိုင်ငံခြားရေးဌာန က ပေးအပ်တဲ့ နိုင်ငံတကာ အမျိုးသမီး သတ္တိရှင်များဆုကို ချီးမြှင့် ပေးအပ်ရတဲ့ အကြောင်းရင်းတွေထဲမှာ ရဲစွမ်းသတ္တိရှိမှု၊ အကြင်နာမေတ္တာရှိမှု ၊ တရားမျှတမှုလိုလားမှုစတဲ့ အချက်တွေပါဝင်ပါတယ်၊၊

ဒီနှစ်အတွက် နိုင်ငံတကာ အမျိုးသမီး သတ္တိရှင်များဆုရရှိသူ အမျိုးသမီး ၁၀ ဦးကို ဝါရှင်တန်မြို့တော် မှာ အမေရိကန်သမ္မတ ကတော် Melania Trump ကဆုချီးမြှင့် ပေးခဲ့ ပါတယ်၊၊

ဆုရရှိသူတွေထဲမှာ ကျွန်အဖြစ်မွေးဖွားလာပြီး ကျွန်စနစ် တိုက်ဖျက်ရေး နိုင်ငံသားအခွင့်အရေး တက်ကြွလှုပ်ရှား သူ မောရိသျှ လွှတ်တော်အမတ်L’ Malouma Said လို အမျိုးသမီး အပါအဝင် ၁၉၉၈ - ၉၉ ခုနှစ် ကိုဆိုဗိုစစ်ပွဲအတွင်း လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ မုဒိမ်းကျင့်ခံရမှု၊ နဲံ့ နှိပ်စက်ညှင်းပန်းမှုတွေက လွတ်မြောက်လာသူတွေ အကူညီပေးရေး လက်တွဲဆောင်ရွက်ခဲ့ တဲ့ ကိုဆိုဗို သမားတော် Feride Rushiti လို အမျိုးသမီးလည်းပါဝင်ပါတယ်၊၊

၁၉၉၄ ရဝမ်ဒါနိုင်ငံ လူမျိုးတုန်းသတ်ဖြတ်မှုအတွက် ဆန့်ကျင်ရပ်တည်ခဲ့ပြီး တရားရုံးမှာ သက်သေထွက်ဆိုဖို့ ဆုံးဖြတ်ခဲ့တဲ့ နောက် မိမိခင်ပွန်းနဲ့ သမီး အသတ်ခံရတာမမှုပဲ တရားမျှတမှုုအတွက်ရပ်တည်ခဲတဲ့ Godelieve Mukasarasi ဟာလည်း ဆုချီးမြှင့်ခံခဲ့ ရပါတယ်၊၊ဆုရရှိသူတွေထဲက တချို့ ကို Los Angeles မြို့မှာ နေထိုင်ခွင့်ရနိုင်ဖို့ အမေရိကန်နိုင်ငံခြားရေးဌာနနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်လို့ Los Angeles မြို့ အခြေစိုက် International Visitors Council က Janet lliott က ပြောပါတယ်၊၊

ဒီဆုကို မြန်မာအမျိုးသမီးတွေထဲကဆိုရင်တော့ လက်ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်နေတဲ့ မဇင်မာအောင်က ၂၀၁၂ ခုနှစ်၊ လူ့အခွင့်အရေး တတ်ကြွလှုပ်ရှားသူတဦးဖြစ်တဲ့ ကချင်တိုင်းရင်းသူ မမေစံပယ်ဖြူက ၂၀၁၅ ခုနှစ်မှာ အသီးသီး ရရှိခဲ့ဖူးပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG