အမေရိကန်နိုင်ငံမှာ ပထမဦးဆုံး အမျိုးသမီး အာကာသယာဉ်မှုးဖြစ်လာခဲ့တဲ့ Sally Ride က သိပ္ပံပညာမှာ မိန်းခလေးတွေ ပါဝင်လာစေဖို့ ကြိုးစားလှုပ်ရှားမှုတခု ပြုလုပ်နေပါတယ်။ သူ့အနေနဲ့ သိပ္ပံပညာကို ဘယ်လို လိုက်စားပြီး ဘယ်လို အာကာသယာဉ်မှုး ဖြစ်လာတယ်ဆိုတာတွေနဲ့အတူ မြန်မာအမျိုးသမီးတွေရော သိပံ္ပပညာရပ်မှာ စိတ်ဝင်စားမှုရှိလာအောင် ဘယ်လို လုပ်ဆောင်သင့်သလဲဆိုတာတွေကို ဒီသတင်းပတ်ရဲ့  အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်းက တင်ဆက်ပေးထားပါတယ်။