သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၈၈၈၈ ကျောင်းသူ မမီးမီး ဂုဏ်ပြု အမှတ်တရ


၈၈၈၈ ကောျင်းသူ မမီးမီး ဂုဏ်ပြု အမှတ်တရ
၈၈၈၈ ကောျင်းသူ မမီးမီး ဂုဏ်ပြု အမှတ်တရ

သြဂုတ်လ (၁၃) ရက် ညနေပိုင်းမှာ ဧရာဝတီခရီးစဉ်အတွင်း ကျောင်းကုန်းမြို့အနီးမှာ ကားတိမ်းမှောက်ပြီး ရုတ်တရက် ကွယ်လွန်ခဲ့တဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးပွင့်လင်းလူ့အဖွဲ့အစည်း က အမျိုးသမီးခေါင်းဆောင်တဦးဖြစ်သူ မမီးမီးရဲ့ ဈာပန အခမ်းအနားကို သြဂုတ်လ (၁၇) ရက် သောကြာနေ့ မှာ ကျင်းပခဲ့ပါတယ်။

မမီးမီး ဟာ ၁၀ တန်းကျောင်းသူဘဝနဲ့ ၈ လေးလုံး ဒီမိုကရေစီ လှုပ်ရှားမှုကစလို့ ၂၀၀၇ ခုနှစ် ရွှေဝါရောင်လှုပ်ရှားမှုအထိ ဖြစ်ပျက်ခဲ့တဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့လို့ ထောင် (၃) ကြိမ် ကျခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

နောက်ဆုံးအကြိမ် ထောင်ဒဏ် (၆၅) နှစ် ချခံခဲ့ရပြီး ၂၀၁၂ ဇန်နဝါရီလဆန်း က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာခဲ့ချိန်က သူ့ကိုဆက်သွယ်မေးမြန်း ခွင့်ရခဲ့စဉ်ကသူ့ရဲ့ ယုံကြည်ချက်ပြည့်ဝစွာနဲ့ ဖြေဆိုခဲ့တာတွေကို အမှတ်တရ မမီးမီး ကိုဂုဏ်ပြုတဲ့ အနေနဲ့ ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်း က တင်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG