ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန်ဟာ သြဂုတ်လ ၁၈ ရက် အသက် (၈၀) အရွယ်မှာ ကွယ်လွန်ခဲ့ပြီဖြစ်ပါတယ်။ သူ့ကွယ်လွန်မှုဟာ ကမ္ဘာ့အတွက်ရော အထူးသဖြင့် မြန်မာနိုင်ငံ အတွက် ဆုံးရှုံးမှုကြီး တရပ်လို့လည်း အများက ရှုမြင်ကြပါတယ်။
သူဦးဆောင်ခဲ့တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေး ကော်မရှင်မှာ အဖွဲ့ဝင် (၁၀) ဦး အနက် နိုင်ငံတကာက သုံး ဦး နဲ့ မြန်မာ ခြောက် ဦးပါဝင်ရာမှာ တဦးဖြစ်သူ ရခိုင်တိုင်းရင်းသူ ဒေါ်စောခင်တင့်ကို မစ္စတာ ကိုဖီအာနန်နဲ့ ပတ်သက်ပြီး အမှတ်တရ အဖိုးတန်တဲ့ အတွေ့အကြုံနဲ့ အကြောင်း ဆက်သွယ်မေးမြန်းထားတာကို ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်းက တင်ပြထားပါတယ်။