သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ပြည်ထောင်စုမှာ ဖေဖေါ်ဝါရီလကို Black History Month လူမဲသမိုင်းတင်လအဖြစ် သတ်မှတ်ထားရာမှာ အာဖရိက နွယ်ဖွားအမေရိကန်နိုင်ငံသားတွေရဲ့ စံနမူနာတင်စရာကောင်းတဲ့ ထူးချွန်မှုတွေကို မီးမောင်းထိုးပြရာမှာ နောက်လာနောက်သားတွေအနေနဲ့ အမြဲသတိရ ဂုဏ်ယူအားကျစေဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ Rosa Parks ကတော့ လူမဲတွေရဲ့ သမိုင်းမှာ ထူးခြားလှတဲ့ ပုဂ္ဂိုလ်တွေအနက် အထင်ရှားဆုံးအမျိုးသမီးကြီးတဦးပဲဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၆၃ နှစ်က လူဖြူလူမဲ အသားအရောင်ခွဲခြားရေးဝါဒကို ကန့်ကွက်ခဲ့တဲ့ သာမန်လူမဲ အမျိုးသမီးတဦးဖြစ်တဲ့ Rosa Parks ရဲ့ အမှန်ဘက်က ရဲရဲဝံ့ဝံ့ ရပ်တည်ခဲ့တဲ့လုပ်ရပ်ဟာ ကနေ့အထိ လူများအတွက် အတုယူစရာဖြစ်ခဲ့ပါတယ်။ ပြည်သူ့အခွင့်အရေးအတွက် Rosa Parks အနေနဲ့ ဘယ်လိုသတ္တိရှိရှိ ရပ်တည်ကြိုးပမ်းပေးခဲ့သလဲ ဆိုတာနဲ့ပတ်သက်လို့ ဒီသတင်းပတ် အမျိုးသမီးကဏ္ဍမျာ ဒေါ်လှလှသန်းက စုစည်းတင်ပြထားပါတယ်။

ပြည်သူ့အခွင့်အရေး လူမဲအမျိုးသမီးခေါင်းဆောင် Rosa Parks
please wait

No media source currently available

0:00 0:09:22 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG