သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအမျိုးသမီးတွေ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးမှာ ပါဝင်ဆောင်ရွက်နိုင်ခွင့်ရဖို့ Action Plan ချမှတ်ရေးအပေါ် ဗိုလ်မှူးမီမီဝင်းဘတ် အမြင်


Lt. Col Dr. Mie Mie Winn Byrd , Asia-Pacific Center for Security Studies (APCSS)
Lt. Col Dr. Mie Mie Winn Byrd , Asia-Pacific Center for Security Studies (APCSS)

မြန်မာနွယ်ဖွား အမေရိကန်အမျိုးသမီးတဦး ဟာ အမေရိကန် အရံကာကွယ်ရေးတပ် မှာ ဒုတိယဗိုလ်မှူးကြီး အဖြစ်တာဝန်ထမ်းဆောင်နေပါတယ်။ ပါမောက္ခ ဒေါက်တာမီမီဝင်းဘတ် ( Lt. Col Prof. Dr.Mie Mie Winn Byrd) ဟာ အမေရိကန်ကာကွယ်ရေးဌာနလက်အောက်ရှိ Hawaii အခြေစိုက် Asia-Pacific Center for Security Studies (APCSS) လုံခြုံရေးဘာသာရပ်ဆိုင်ရာ အာရှပစိဖိတ်ဌာန မှာ တာဝန်ထမ်းဆောင်နေတာဖြစ်ပြီး ၊ မြန်မာနိုင်ငံရဲ့ အရပ်ဖက်နဲ့ စစ်ဖက်ဆက်ဆံရေး ကောင်းမွန်စေဖို့ ကူညီဆောင်ရွက်ပေးခဲ့သူလဲဖြစ်ပါတယ်။

ကုလသမဂ္ဂ ကချမှတ်တဲ့ Women Peace and Security Initiative ဖြစ်တဲ့ အမျိုးသမီးတွေ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးမှာ ပိုမိုပါဝင်ဆောင်ရွက်နိုင်စေမယ့် အရေးယူဆောင်ရွက်မှု UNSCR 1325 ကို ၂၀၀၀ ခုနှစ်ကလက်မှတ်ရေးထိုးတဲ့ နိုင်ငံပေါင်း ၁၉၀ ကျော်အနက် မြန်မာနိုင်ငံလဲပါဝင်ပေမဲ့ အကောင်အထည်ဖေါ်ဖို့ အခုထိ Action plan ကို မချမှတ်ရသေးဘူးလို့ သူက ထောက်ပြပါတယ်။

ဒါကြောင့် သက်ဆိုင်ရာအနေနဲ့ ဘယ်လိုစတင်အရေးယူဆောင်ရွက်သင့်ပါသလဲဆိုတာကို ဒုတိယဗိုလ်မှူးကြီး မီမီဝင်းဘတ် နဲ့ တွေ့ဆုံမေးမြန်းပြီး ဒီသတင်းပါတ် အမျိုးသမီးများကဏ္ဍမှာ ဒေါ်လှလှသန်းက တင်ပြထားပါတယ်။

XS
SM
MD
LG