သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တပ်မှာအမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ မြန်မာနွယ်ဖွား အမေရိကန်အမျိုးသမီး ဒုတိယဗိုလ်မှူးကြီး မီမီဝင်းဘတ်အမြင်


ပါမောက္ခ ဒေါက်တာမီမီဝင်းဘတ်
ပါမောက္ခ ဒေါက်တာမီမီဝင်းဘတ်

မြန်မာနွယ်ဖွား အမေရိကန်အမျိုးသမီးတဦး ဟာ အမေရိကန် အရံကာကွယ်ရေးတပ် မှာ ဒုတိယဗိုလ်မှူးကြီး အဖြစ်တာဝန်ထမ်းဆောင်နေပါတယ်။

ပါမောက္ခ ဒေါက်တာမီမီဝင်းဘတ် ( Lt. Col Prof. Dr.Mie Mie Winn Byrd) ဟာ အမေရိကန်ကာကွယ်ရေးဌာနလက်အောက်ရှိ Hawaii အခြေစိုက် Asia-Pacific Center for Security Studies (APCSS) လုံခြုံရေးဘာသာရပ်ဆိုင်ရာ အာရှပစိဖိတ်ဌာန မှာ တာဝန်ထမ်းဆောင်နေတာဖြစ်ပြီး ၊ မြန်မာနိုင်ငံရဲ့ အရပ်ဖက်နဲ့ စစ်ဖက်ဆက်ဆံရေး ကောင်းမွန်စေဖို့ ကူညီဆောင်ရွက်ပေးခဲ့သူလဲဖြစ်ပါတယ်။

သူ့အနေနဲ့ မြန်မာနိုင်ငံကိုမကြာခဏရောက်ခဲ့စဉ်က မြန်မာအမျိုးသမီးတွေရဲ့ ခေါင်းဆောင်မှုအရည်အသွေးကို အကဲခတ်ခွင့်ရရှိခဲ့ပြီး၊ မြန်မာ့တပ်မတော်မှာ အမျိုးသမီးတွေပါဝင်ထမ်းဆောင်ခွင့် ရသင့်ကြောင်း သူကပြောပါတယ်။ ဒုတိယဗိုလ်မှူးကြီး မီမီဝင်းဘတ် နဲ့ တွေ့ဆုံမေးမြန်းပြီး ဒီသတင်းပါတ် အမျိုးသမီးများကဏ္ဍမှာ ဒေါ်လှလှသန်းက တင်ပြထားပါတယ်။

XS
SM
MD
LG