သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

သမ္မတ Duterte ဒေါသအိုးပေါက်ကွဲစေခဲ့တဲ့ ဖိလိပိုင်အိမ်အကူ အသတ်ခံရမှု


သမ္မတ Duterte ဒေါသအိုးပေါက်ကွဲစေခဲ့တဲ့ ဖိလိပိုင်အိမ်အကူ အသတ်ခံရမှု

ကူဝိတ်မှာ အလုပ်ရှင်ရဲ့ အသတ်ခံခဲ့ရတဲ့ ဖိလစ်ပိုင် အိမ်အကူအမျိုးသမီးတဦး ရဲ့အလောင်း ကို တနှစ်အကြာမှ တွေ့ရှိခဲ့တဲ့ဖြစ်ရပ်ဟာ သမ္မတ Rodrigo Duterte ကိုဒေါသထွက်စေခဲ့ပါတယ်။ ဒါ့ကြောင့် ကူဝိတ်မှာ နောက်ထပ်အသစ် ဖိလစ်ပိုင်အလုပ်သမားတွေ သွားရောက်လုပ်ကိုင်ခွင့်ကိုလဲ သမ္မတက ပိတ်ပင်လိုက်ပါတယ်။

အဲဒီမှာအလုပ်လုပ်ကိုင်နေကြတဲ့ ဖိလိပိုင် အလုပ်သမား ၅ သိန်းအနက် ထက်ဝက်ကျော်ဟာ အိမ်အကူတွေအဖြစ်လုပ်ကိုင်နေကြတာဖြစ်ပြီး သူတို့တတွေရဲ့ အခွင့်အရေးတွေကိုအကာအကွယ်ပေးဖို့ သမ္မတ Duterte က ဘယ်လိုကြိုးပမ်းခဲ့သလဲ ဆိုတာကို ဒီသတင်းပတ်အမျိးသမီး ကဏ္ဍမှာ ဒေါ်လှလှသန်းကစုစည်း တင်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG