သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကမၻာ့ ၾသဇာသက္ေရာက္မႈ အရွိဆံုးပုဂၢိဳလ္ ၁၀၀ စာရင္း၀င္ မအက္စတာေဇေနာ


TIME မဂၢဇင္းၾကီးရဲ႕ ၂၀၂၁ ခုႏွစ္ ကမၻာ့ ၾသဇာသက္ေရာက္မႈ အရွိဆံုး လူပုဂၢိဳလ္ ၁၀၀ စာရင္း၀င္ မအက္စတာေဇေနာ

(Zawgyi/Unicode)

ကမၻာေက်ာ္ TIME မဂၢဇင္းၾကီးရဲ႕ ဒီႏွစ္ ၂၀၂၁ ခုႏွစ္အတြက္ ၾသဇာသက္ေရာက္မႈ အရွိဆံုး လူပုဂၢိဳလ္ ၁၀၀ စာရင္းမွာ ျမန္မာအမ်ိဳးသမီး ၃ ဦး ပါ၀င္ပါတယ္။ အဂၤါျဂိဳလ္ေပၚမွာ ပထမဆံုး ပ်ံသန္းခဲ့တဲ့ အာကာသစူးစမ္းေလ့လာေရး ရဟတ္ယာဥ္ Ingenurity ဖန္တီးရာမွာ ဦးေဆာင္ပါ၀င္ခဲ့တဲ့ အမ်ိဳးသမီး အင္ဂ်င္နီယာ ေဒၚမီမီေအာင္၊ ျမန္မာႏုိင္ငံတြင္း စစ္အာဏာရွင္ဆန္႔က်င္ေရး လႈပ္ရွားမႈေတြမွာ ေရွ႕တန္းကေန တက္တက္ၾကြၾကြ ပါ၀င္ေနတဲ့ လူငယ္အမ်ိဳးသမီးေတြျဖစ္ၾကတဲ့ မအက္စတာေဇေနာ နဲ႔ မအိသဥၹာေမာင္ တို႔ျဖစ္ပါတယ္။ ခုလို ေဖာ္ျပခံရတာဟာ ျမန္မာႏိုင္ငံတြင္း လူငယ္ေတြ၊ အမ်ိဳးသမီးေတြရဲ႕ လႈပ္ရွားေဆာင္ရြက္မႈေတြကို ႏုိင္ငံတကာက အသိအမွတ္ျပဳတာျဖစ္သလို၊ ျမန္မာျပည္သူေတြ ၾကံဳေတြ႔ေနရတဲ့ အက်ပ္အတည္းေတြကို မီးေမွာင္းထိုးျပရာ ေရာက္တယ္လို႔ မအက္စတာေဇေနာ က ေျပာပါတယ္။ TIME မဂၢဇင္းၾကီးရဲ႕ ဒီႏွစ္ ၾသဇာသက္ေရာက္မႈအရွိဆံုး လူပုဂၢိဳလ္ ၁၀၀ စာရင္းမွာပါတဲ့ မအက္စတာေဇေနာ ကို ဆက္သြယ္ေမးျမန္းျပီး ဒီသီတင္းပတ္ အမ်ိဳးသမီးက႑မွာ မခင္ျဖဴေထြးက တင္ဆက္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============================

[Unicode]

ကမ္ဘာ့ သြဇာသက်ရောက်မှု အရှိဆုံးပုဂ္ဂိုလ် ၁၀၀ စာရင်းဝင် မအက်စတာဇေနော (အမျိုးသမီးကဏ္ဍ)

ကမ္ဘာကျော် TIME မဂ္ဂဇင်းကြီးရဲ့ ဒီနှစ် ၂၀၂၁ ခုနှစ်အတွက် သြဇာသက်ရောက်မှု အရှိဆုံး လူပုဂ္ဂိုလ် ၁၀၀ စာရင်းမှာ မြန်မာအမျိုးသမီး ၃ ဦး ပါဝင်ပါတယ်။ အင်္ဂါဂြိုလ်ပေါ်မှာ ပထမဆုံး ပျံသန်းခဲ့တဲ့ အာကာသစူးစမ်းလေ့လာရေး ရဟတ်ယာဉ် Ingenurity ဖန်တီးရာမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ အမျိုးသမီး အင်ဂျင်နီယာ ဒေါ်မီမီအောင်၊ မြန်မာနိုင်ငံတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ရှေ့တန်းကနေ တက်တက်ကြွကြွ ပါဝင်နေတဲ့ လူငယ်အမျိုးသမီးတွေဖြစ်ကြတဲ့ မအက်စတာဇေနော နဲ့ မအိသဉ္ဖာမောင် တို့ဖြစ်ပါတယ်။ ခုလို ဖော်ပြခံရတာဟာ မြန်မာနိုင်ငံတွင်း လူငယ်တွေ၊ အမျိုးသမီးတွေရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကို နိုင်ငံတကာက အသိအမှတ်ပြုတာဖြစ်သလို၊ မြန်မာပြည်သူတွေ ကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေကို မီးမှောင်းထိုးပြရာ ရောက်တယ်လို့ မအက်စတာဇေနော က ပြောပါတယ်။ TIME မဂ္ဂဇင်းကြီးရဲ့ ဒီနှစ် သြဇာသက်ရောက်မှုအရှိဆုံး လူပုဂ္ဂိုလ် ၁၀၀ စာရင်းမှာပါတဲ့ မအက်စတာဇေနော ကို ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက တင်ဆက်ထားပါတယ်။

XS
SM
MD
LG