သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တာဝန်ထမ်းဆောင်ရင်း ကွယ်လွန်ခဲ့သူ မစီစီဟန် ဂုဏ်ပြုအမှတ်တရ

San Francisco-Oakland Bay Bridge က Toll Plaza ယာဉ်ဖြတ်သန်းခ အခွန်ကောက်ခံတဲ့ဂိတ်ကို ဒီဇင်ဘာ ၂ ရက်နေ့က ထရပ်ကားတစီးက ဝင်တိုက်ခဲ့ရာမှာ တာဝန် ထမ်းဆောင်နေစဉ် နေရာမှာပွဲခြင်းပြီးသေဆုံးခဲ့တဲ့ မြန်မာနွယ်ဖွား မစီစီဟန်

အမေရိကန်ပြည်ထောင်စု၊ ကာလီဖိုးနီးယားပြည်နယ် San Francisco မြို့က အဓိက တံတားတခုဖြစ်တဲ့ San Francisco-Oakland Bay Bridge က Toll Plaza ယာဉ်ဖြတ်သန်းခ အခွန်ကောက်ခံတဲ့ဂိတ်ကို ဒီဇင်ဘာ ၂ ရက်နေ့က ထရပ်ကားတစီးက ဝင်တိုက်ခဲ့ရာမှာ တာဝန် ထမ်းဆောင်နေတဲ့ မြန်မာနွယ်ဖွား မစီစီဟန်ဟာ နေရာမှာပဲ ပွဲခြင်းပြီး သေဆုံးသွားခဲ့ပါတယ်။

တာဝန်ထမ်းဆောင်စဉ် သေဆုံးခဲ့ရတာဖြစ်တဲ့ အတွက် သူ့ကို ပြည်နယ်က အသိအမှတ်ပြုပြီး ချီးကျူးဂုဏ်ပြုသလို သူအလုပ်လုပ်ကိုင်တဲ့ Caltrans ခေါ် ကယ်လီဖိုးနီးယားပြည်နယ် လမ်းပမ်း ဆက်သွယ်ရေးဌာနကြီးကလည်း သူ့အမည်ကို အမှတ်တရ ကဗျည်းထိုး မှတ်တမ်းတင်ထားခဲ့ပါတယ်။

သူ အခုလို ရုတ်တရက် ကြေကွဲဖွယ်ရာ ကွယ်လွန်ခဲ့ရမှုအပြင် မစီစီဟန်ရဲ့ ချီးကျူးဖွယ်ရာ ကြိုးပမ်းမှုတွေအကြောင်းကို ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်းက စုစည်း တင်ပြပေးထားပါတယ်။

တာဝန်ထမ်းဆောင်ရင်း ကွယ်လွန်ခဲ့သူ မစီစီဟန် ဂုဏ်ပြုအမှတ်တရ
please wait

No media source currently available

0:00 0:10:03 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG