သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းထီ ဘတ် ၆သန်း ပေါက်ခဲ့တဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား သီရိရွှေစင်


ထိုင်းအစိုးရရဲ့ ထီလက်မှတ် ဘတ်ငွေ ၆ သန်း ပေါက်ခဲ့တဲ့ ကံထူးသူ မြန်မာရွှေ့ပြောင်းအလုပ်သမား မသီရိရွှေစင်ြ
ထိုင်းအစိုးရရဲ့ ထီလက်မှတ် ဘတ်ငွေ ၆ သန်း ပေါက်ခဲ့တဲ့ ကံထူးသူ မြန်မာရွှေ့ပြောင်းအလုပ်သမား မသီရိရွှေစင်ြ

ဖေဖေါ်ဝါရီလ ၁ ရက်နေ့က ထိုင်းအစိုးရထီဖွင့်တဲ့ရက်မှာ ကံထူးသူကတော့ မြန်မာရွှေ့ပြောင်းအလုပ်သမား မသီရိရွှေစင်ဖြစ်ပါတယ်။ သူရဲ့ ၀၂၆၈၅၃ နံပါတ်ထီလက်မှတ်က ပထမဆု ထိုင်းဘတ်ငွေ ၆ သန်း မြန်မာကျပ်ငွေနဲ့ ဆို သန်း ၂၄၀ ပေါက်ခဲ့တာဖြစ်ပါတယ်။ သူဟာ ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆုံကလာခရိုင်ရှိ ပင်လယ်စာ ထုတ်တဲ့ ဟတ်ချိုင်းမြို့ရဲ့ Songkhla ငါးသေတ္တာစက်ရုံမှာ အလုပ်လုပ်ကိုင်ရင်း ခုလို တစောင်ထဲ ထိုးတဲ့ ထီပေါက်ခဲ့တာဖြစ်ပါတယ်။

သာမန်အလုပ်သမားတဦးခုလို ထီပေါက်တဲ့ သတင်းကြားရသူတိုင်းဟာ သီရိရွှေစင်အတွက် ဝမ်းသာကြမှာဖြစ်သလို သူခုလို ထီပေါက်အပြီး သူဘာဆက်လုပ်မလဲဆိုတာကိုလဲ စိတ်ဝင်စားကြမျာဖြစ်တာမို့ သီရိရွှေစင်နဲ့ ဆက်သွယ်မေးမြန်းခဲ့တာကို ဒီသီတင်းပတ်အမျိုးသမီး ကဏ္ဍမှာ ဒေါ်လှလှသန်းတင်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG