သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအမျိုးသမီးများ အခွင့်အရေးအခြေအနေအပေါ် မခင်လေးအမြင်

မခင်လေး , Triangle Women အဖွဲ ညွန်ကြားရေးမှူး
မခင်လေး , Triangle Women အဖွဲ ညွန်ကြားရေးမှူး

မခင်လေးဟာ မြန်မာနိုင်ငံမှာ အမျိုးသမီးများအခွင့်အရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးနေတဲ့ Triangle Women အဖွဲ့မတည်သူလည်းဖြစ်၊ ညွန်ကြားရေးမှူး လည်း ဖြစ်ပါတယ်။ သူဟာ အမေရိကန်ရဲ့ ၃၄ ယောက်မြောက် သမ္မတဖြစ်တဲ့ Dwight Eisenhower Foundation က ချီးမြှင့်တဲ့ နိုင်ငံတကာ ခေါင်းဆောင် မှု ပညာတော်သင်ဆုနဲ့ လက်ရှိမှာ အမေရိကန်ပြည်ထောင်စုကို ရောက်နေပါတယ်။

ပညာသင်ဆုအရ သူတက်နေတဲ့ သင်တန်းတစိတ်တပိုင်းအရ သူ တွေ့ဆုံခွင့်ရခဲ့တဲ့ အမေရိကန်အစိုးရ ထိပ်တန်းအရာရှိဟောင်းတွေအနက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဗိုလ်ချုပ်ကြီးဟောင်း Colin Powell အစရှိတဲ့ ပုဂ္ဂိုလ်တွေလည်း ပါဝင်ပါတယ်။

အခုလို တွေ့ဆုံမှုအပြင် မြန်မာနိုင်ငံမှာ အမျိုးသမီးများ တန်းတူအခွင့်အရေး အခြေအနေအကြောင်း မခင်လေးနဲ့ ဆက်သွယ်မေးမြန်းထားတာကို ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်းက တင်ပြထားပါတယ်။

မြန်မာအမျိုးသမီးများ အခွင့်အရေးအခြေအနေအပေါ် မခင်လေးအမြင်
please wait

No media source currently available

0:00 0:08:51 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG