သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NASA ရဲ့ ၂၀၂၀ Rover Mission မှာ အင်္ဂါဂြိုဟ်ကို ပို့မယ့် Drone စီမံကိန်း ဦးဆောင်သူ မြန်မာအမျိုးသမီး မီမီအောင်


Mi Mi Aung- NASA

အင်္ဂါဂြိုဟ်ပေါ်မှာ စူးစမ်းလေ့လာဖို့ ၂၀၂၀ မှာ လွှတ်တင်မယ့် ဂြိုဟ်ပေါ်သွားယာဉ်နဲ့အတူ မောင်းသူမဲ့ ကင်းထောက် Drone ရဟတ်ယာဉ် တမျိုးကိုပါ ထည့်သွင်းပေးဖို့ NASA ခေါ် အမေရိကန် အာကာသ စူးစမ်းလေ့လာရေးဌာနက ပြင်ဆင်နေပါတယ်။

ဒီ MARS 2020 Rover Mission မှာ ခုလို အတူ လွှတ်တင်နိုင်ဖို့ မျှော်လင့်တဲ့ MARS Scouting Helicopter, ကို NASA ရဲ့ JPL လို့ အတိုကောက် ခေါ်တဲ့ ဌာနခွဲက ကြိုးစားနေ ရာမှာ ဒီစီမံကိန်းကို ဦးဆောင်နေသူက မြန်မာအမျိုးသမီး (မမီမီအောင်) ဖြစ်ပါ တယ်။ အာကာသ စူးစမ်းလေ့လာရေးမှာ ခုလို မမီမီအောင်ရဲ့ ဦးဆောင်မှုနဲ့ပတ်သက်လို့ ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်းက တင်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG