သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၆ ဘာသာဂုဏ်ထူးရှင်သား ပညာဆက်သင်နိုင်ရေးအတွက် မိခင်အလယ်တန်းပြဆရာမ တဦး ရဲ့ ရတက်


 ၂၀၁၈ ဆယ်တန်းစာမေးပွဲမှာ ၆ ဘာသာဂုဏ်ထူးထွက်ခဲ့သူ မောင်အောင်ဖြိုးလွင်နဲ့ မိခင် ဒေါ်သန်းကြည်-အလယ်တန်းပြဆရာမ၊ တောင်သာမြို့နယ် ၊ ဇဂျမ်းရွာ
၂၀၁၈ ဆယ်တန်းစာမေးပွဲမှာ ၆ ဘာသာဂုဏ်ထူးထွက်ခဲ့သူ မောင်အောင်ဖြိုးလွင်နဲ့ မိခင် ဒေါ်သန်းကြည်-အလယ်တန်းပြဆရာမ၊ တောင်သာမြို့နယ် ၊ ဇဂျမ်းရွာ

နိုင်ငံထူထောင်ရေးမှာ လူငယ်တွေရဲ့ ပညာရေး မှာ ရင်းနှီးမြှုပ်နှံနိုင်ဖို့က သိပ်ကို အရေးကြီးလှပါတယ်။ အထူးသဖြင့် ပညာထူးချွန်ပြီး ကြိုးစားတဲ့ ကလေးတွေကို နိုင်ငံအနေနဲ့ ပြုစုပျိုးထောင်မြေတောင်မြှောက်ပေးသင့်တာဖြစ်ပါတယ်။

၂၀၁၈ ဆယ်တန်းစာမေးပွဲ မှာ မောင်အောင်ဖြိုးလွင်ဟာ ၆ ဘာသာဂုဏ်ထူးထွက်ခဲ့သူပါ။ သူ့ရဲ့မိခင် ဒေါ်သန်းကြည်ဟာ တောင်သာမြို့နယ် ၊ ဇဂျမ်းရွာ က အလယ်တန်းပြဆရာမ တဦးဖြစ်ပြီး၊ ဖခင်ဖြစ်သူက တော့ လေဖြတ်နေတဲ့အတွက် အလုပ်မလုပ်နိုင် ပါဘူး၊ ကျူရှင်မယူဘဲ ၆ ဘာသာဂုဏ်ထူးထွက်ခဲ့သူ မောင်အောင်ဖြိုးလွင် အနေနဲ့ ဆေးကျောင်းတက်ဖို့ အမှတ်မီ သလို ၊ ဆရာဝန်တဦးဖြစ်လာဖို့လည်း ရည်မှန်းထားသူဖြစ်ပါတယ်။ ဒါပေမဲ့ ကျောင်းစရိတ်အတွက် အခက်အခဲဖြစ်နေတဲ့အတွက် မိခင်ဖြစ်သူက သားရဲ့ပညာရေးအတွက် ရတက်မအေးဖြစ်နေရပါတယ်။

အကြောင်းစုံကိုသိရအောင် ဆရာမ ဒေါ်သန်းကြည်နဲ့ ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ်ရဲ့ အမျိုးသမီး ကဏ္ဍမှာ ဒေါ်လှလှသန်းက တင်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG