သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအိမ်အကူနောက်ထပ်တဦး စင်္ကာပူတိုက်မြင့်ပေါ်က ခုန်ချသေဆုံး


စင်္ကာပူတိုက်မြင့်ပေါ်ကခုန်ချသေဆုံးခဲ့တဲ့ ချင်းတိုင်းရင်းသူ လဲဟီနေကင်း
စင်္ကာပူတိုက်မြင့်ပေါ်ကခုန်ချသေဆုံးခဲ့တဲ့ ချင်းတိုင်းရင်းသူ လဲဟီနေကင်း

စင်္ကာပူမှာ အိမ်အကူအဖြစ် သွားရောက်လုပ်ကိုင်သူ အသက် ၃၃ နှစ်အရွယ် တိုင်းရင်း ချင်းအမျိုးသမီး တဦးဟာ ဖေဖေါ်ဝါရီလ ၂၇ ရက် ၊ အင်္ဂါနေ့ မနက် ၆ နာရီက သူ့အလုပ်ရှင်နေထိုင်တဲ့ Seerangoon ရပ်ကွက်ရှိ ၁၂ ထပ်တိုက်ပေါ်ကနေ ခုန်ချပြီး သူ့ကိုယ်သူ အဆုံးစီရင်ခဲ့ပါတယ်။

ကျောင်းနေအရွယ် ကလေးနှစ်ဦးရဲ့ မိခင်လည်းဖြစ်တဲ့ သေဆုံးသူ (လဲဟီနေကင်း) ရဲ့ ဈာပနအခမ်းအနားကိုတော့ စင်္ကာပူနိုင်ငံမှာ သောကြာနေ့က ကျင်းပခဲ့ပါတယ်။ စင်္ကာပူမှာ မြန်မာနိုင်ငံက အိမ်အကူ တိုက်မြင့်ပေါ်ကနေခုန်ချသေဆုံးခဲ့တာ ဒါဟာ ၉ လ အတွင်း ဒုတိယအကြိမ်ဖြစ်ပါတယ်။

ဒါကြောင့် မြန်မာအိမ်အကူတွေရဲ့ စင်္ကာပူမှာ သွားရောက်လုပ်ကိုင်ရတဲ့အခက်အခဲတွေက ဘယ်လို ရှိသလဲဆိုတာကို HOME လို့ အတိုကောက်ခေါ်တဲ့ ရွှေ့ပြောင်းအလုပ်သမားများ စီးပွားရေးဆိုင်ရာ လူသားချင်းစာနာမှု အကူအညီပေးနေတဲ့ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းက ကိုတင်မောင်ဝင်းကို ဆက်သွယ်မေးမြန်းပြီး ဒီသတင်းပတ်အမျျိးသမီး ကဏ္ဍမှာ ဒေါ်လှလှသန်းက တင်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG