၂၀၁၁ ခုနှစ်ကနေ စတင်ခဲ့တဲ့ ကချင်ပြည်နယ်တွင်း စစ်ပွဲတွေကြောင့် ဒုက္ခသည် အရေအတွက် တိုးလာနေပေမယ့် ကယ်ဆယ် ကူညီရေးတွေကတော့ လျော့ကျလာခဲ့တာကို အလေးထား ပြောကြားဖို့ ကချင် စစ်ဘေးဒုက္ခသည်များ ကူညီ ကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ WPN ခေါ် လူထု အလင်းရောင် အဖွဲ့ရဲ့ ဒါရိုက်တာ မေရီတွန်ဟာ ၀ါရှင်တန် မြို့တော် ကို ရောက်ရှိနေပါတယ်။ ကချင်ဒုက္ခသည်များ အရေးနဲ့ပတ်သက်လို့ မေရီတွန်ကို ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။