ပြီးခဲ့တဲ့လက စတင်ခဲ့တဲ့ ရိုဟင်ဂျာ ပဋိပက္ခကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့ကြတဲ့ မွတ်ဆလင် ဒုက္ခသည် ၄ သိန်းကျော်အနက် ကလေးအရေအတွက်က ၂ သိန်းခွဲရှိပြီး အရွယ်ရောက်တဲ့ မိန်းကလေးနဲ့ အမျိုးသမီးတွေ တသိန်းနီးပါးအနက်မှာလည်း ၅ သောင်းခွဲဟာ ကိုယ်ဝန်ဆောင် မိခင်လောင်းတွေ ဖြစ်နေကြတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
ဒီကိန်းဂဏန်းတွေအရ ဒုက္ခသည်တွေရဲ့ မွေးဖွားမှုနှုန်းကို ထိန်းချုပ်ဖို့ လိုအပ်နေပြီလား ဆိုတဲ့ သုံးသပ်မှုတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ အကြောင်းစုံကို ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။