သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကပ်ဘေးသင့်သူတွေကို ကူပေးနေတဲ့ ကောင်းသောသိုးထိန်းသီလရှင် အပိုင်း -၂

(Zawgyi/Unicode)

လူမှု အဖွဲ့အစည်းတခုမှာ ပဋိပက္ခတွေ၊ စစ်ပွဲတွေ အပါအဝင် ဘေးဒုက္ခတွေ ကြုံကြရတဲ့အခါ ဒီလိုဘေးဒုက္ခတွေရဲ့ သက်ရောက်မှု အန္တရာယ်တွေကို အမျိုးသမီးနဲ့ ကလေးငယ်တွေက ပိုပြီး ခံစားကြရလေ့ရှိပြီး၊ အမျိုးသမီးတွေဟာ နာကျင်မှု ဘေးဒုက္ခဒဏ် ခံနိုင်ရည်အား၊ ကျော်ဖြတ်ရင်ဆိုင်နိုင် စွမ်းအားတွေမှာ အမျိုးသားတွေထက် ပိုကြတယ်လို့ စစ်ဘေး ကပ်ဘေး ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ခရစ်ယာန်သာသနာပြု ကောင်းသော သိုးထိန်းသီလရှင်ဂိုဏ်းက စစ္စတာ အဲလိစ်ဇဘက်ဂျိုးဇက်က ပြောပါတယ်။ လက်ရှိ စစ်ဘေး ရောဂါကပ်ဘေးကြုံနေရတဲ့အချိန်မှာလည်း အမျိုးသမီးတွေဟာ သူတို့ကိုယ်တိုင် အကျပ်အတည်းတွေကြားကပဲ လူမှုအဖွဲ့အစည်းအတွင်း လိုအပ်ချက်တွေအတွက် တတ်နိုင်တဲ့ဘက်ကနေ ကူညီဆောင်ရွက်ပေးနေကြတယ်လို့လည်း စစ္စတာ အဲ့လိဇဘက်က ပြောပါတယ်။ စစ္စတာ အဲလိဇဘက်ကို ဆက်သွယ် မေးမြန်းပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက တင်ဆက်ထားပါတယ်။

ကပ်ဘေးသင့်သူတွေကို ကူပေးနေတဲ့ ကောင်းသောသိုးထိန်းသီလရှင် အပိုင်း -၂
please wait

No media source currently available

0:00 0:10:17 0:00
တိုက်ရိုက် လင့်ခ်

========================================

[Unicode Version]


This item is part of
XS
SM
MD
LG