အမေရိကန်နိုင်ငံခြားရေးဌာနက ကမကထပြုတဲ့ YSEALI (၀ိုင်စီလီ) ခေါ် အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင်မှု ရှေ့ရှုဆောင်ရွက်တဲ့ အစီအစဉ်နဲ့ အမေရိကန်ပြည်ထောင်စုကို မကြာသေးမီက လာရောက်လေ့လာခွင့်ရခဲ့တဲ့ လူငယ်ခေါင်းဆောင်တွေအနက် စစ်ကိုင်းတိုင်း၊ ကလေးမြို့က မသန္တာအေးလဲ ပါဝင်ပါတယ်။ သူဟာ Women for Justice Program ဆိုတဲ့ အမျိုးသမီးများအတွက် တရားမျှတမှုရရှိရေး အစီအစဉ်မှာ လုပ်ဆောင်နေသူဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ အိမ်တွင်းရေး အကြမ်းဖက်မှု ဟန့်တားရေး ကြိုးပမ်းမှုနဲ့ ပတ်သက်လို့ မသန္တာအေးနဲ့ တွေ့ဆုံမေးမြန်းပြီး ဒီသတင်းပတ်အမျိးသမီးကဏ္ဍာမှာ ဒေါ်လှလှသန်း ကတင်ပြထားပါတယ်။