သုံးရလွယ်ကူစေသည့် Link များ

ကွယ်လွန်သူ ကိုးကန့်ခေါင်းဆောင် Olive Yang ခေတ်ရှေ့ပြေးခဲ့တဲ့ ဘ၀တစေ့တစောင်း


Olive Yang

ကိုးကန့် စော်ဘွား မျိုးနွယ် အသက် ၉၀ အရွယ် Olive Yang ဟာ သူနေထိုင်ရာ မူဆယ်မြို့မှာ ဇူလိုင်လ ၁၃ ရက်နေ့ကကွယ်လွန်ခဲ့ပါတယ်။ သူကွယ်လွန် တာနဲ့ပတ်သက် လို့ Washington Post သတင်းစာကြီးအပါအ၀င်၊ နိုင်ငံတကာ သတင်းတွေမှာ နာရေးဆောင်းပါးတွေကို ဓါတ်ပုံနဲ့တကွ ဖေါ်ပြခဲ့ကြရာမှာ ၊ ခေတ်ရှေ့ပြေးခဲ့သူအဖြစ် ထိုစဉ်ကိုးကန့်ကာကွယ်ရေးတပ် ခေါင်းဆောင် အပြင် အဲဒီဒေသမှာ မူးယစ်ဆေးရောင်းဝယ်မှု ကို ဦးဆာင်ခဲ့သူအဖြစ်လဲ ရေးသားခဲ့ကြပါတယ်။ ခုလိုရေးသားချက်တွေအပေါ်အခြေခံပြီး ၊ Olive Yang ရဲ့ ဘ၀အကြောင်းသိကောင်းစရာ နဲ့ပတ်သက်လို့ ကွယ်လွန်သူရဲ့ တူ ဖြစ်သူ Washington DC နေထိုင်တဲ့ John ခေါ် ဇာနည် တင်ဖေ ကို ဆက်သွယ်မေးမြန်းပြီး၊ ဒီသတင်းပါတ် အမျိုးသမီးများကဏ္ဍမှာ ဒေါ်လှလှသန်းက တင်ပြထားပါတယ်။

နောက်သတင်းပတ်မှာလဲ ကွယ်လွန်သူ ကိုးကန့် ခေါင်းဆောင်ဖြစ်ခဲ့သူ Olive Yang ရဲ့ ဘ၀အကြောင်းသိကောင်းစရာ နဲ့ ပတ်သက်လို့ ဆက်သွယ်မေးမြန်းထားတဲ့ဒုတိယပိုင်းကိုတင်ပြပေးမှာမို့ စောင့်မျှော်နားဆင်ကြပါ၊

Olive Yang
Olive Yang

XS
SM
MD
LG