ကချင်ပြည်နယ်မှာ ဧပြီ လက စတင်ဖြစ်ပွားခဲ့တဲ့ မြန်မာစစ်တပ်နဲ့ KIA ကချင်လွတ်လပ်ရေးတပ်ကြား တိုက်ခိုက်မှုတွေကြောင့် ပဋိပက္ခဖြစ်ပွားရာဒေသတွေမှာ ပိတ်မိနေတဲ့ကချင်စစ်ဘေးရှောင်တွေနဲ့ပတ်သက်လို့ စိုးရိမ်မကင်းဖြစ်တဲ့အကြောင်း KWAT ခေါ် ထိုင်းအခြေစိုက် ကချင်အမျိုးသမီးများအစည်းအရုံးက ပြီးခဲ့တဲ့သတင်းပတ်က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
အထူးသဖြင့် စစ်ဘေးရှောင်တွေအနက် ၅၀% ဟာအမျိုးသမီးတွေ ဖြစ်ကြတဲ့အတွက်၊ သူတို့တတွေ ဘယ်လိုဒုက္ခတွေ ရင်ဆိုင်နေကြရသလဲဆိုတာကို ကချင်အမျိုးသမီးများအစည်းအရုံးရဲ့ ပြောခွင့်ရ မွန်းနေလီ ၀ါရှင်တန်မြို့တော်ကိုလာရောက်စဉ် ဒေါ်လှလှသန်းက တွေ့ဆုံမေးမြန်းထားတာကို ဒီသီတင်းပတ်အမျိုးသမီးကဏ္ဍမှာ တင်ဆက်ထားပါတယ်။