၂၀၁၄ ခုနှစ် နိုဘဲလ်ငြိမ်းချမ်းရေးဆုကို မိန်းကလေးငယ်တွေ ပညာသင်ခွင့်နဲ့ အမျိုးသမီးတွေ အခွင့်အရေးအတွက် ကြိုးပမ်းဆောင်ရွက်သူ Malala Yousafzai နဲ့ အိန္ဒိယကလေးများအခွင့်အရေး လှုပ်ရှားသူ Kailash Satyarthi တို့ ပူးတွဲချီးမြှင့်ခံခဲ့ရပါတယ်။ မိန်းကလေးငယ်တွေရဲ့ ပညာသင်ကြားခွင့်ရဖို့ Malala ရဲ့ ကြိုးပမ်းချက်အကြောင်း ဒေါ်လှလှသန်းက ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ တင်ဆက်ထားပါတယ်။