သိပ္ပံပညာဟာ သာမာန်အားဖြင့် အမျိုးသားတွေ အားသန်တဲ့ ဘာသာရပ်လို့ ယူဆရပေမဲ့ အမျိုးသမီးတွေလည်း သိပ္ပံပညာမှာ ထူးချွန်နိုင်ကြတာ ဖြစ်ပါတယ်။ “သီရိဝစ္ဆလင်း” ဟာ အမေရိကန်ပြည်ထောင်စု Georgia Regents တက္ကသိုလ်မှာ ဦးနှောက်နှင့်အာရုံကြောဆိုင်ရာ ပါရဂူဘွဲ့ကို ဆည်းပူးနေသူဖြစ်ပါတယ်။ သိပ္ပံပညာကို အထူးပြုလေ့လာရာမှာ သူ့ရဲ့သင်ကြားမှု အတွေ့အကြုံ နဲ့ ပတ်သက်လို့ “သီရိဝစ္ဆလင်း” ကို ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်း က တင်ပြထားပါတယ်။