သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသမီးသတ္တိဆုရှင် မမေစံပယ်ဖြူ


အမေရိကန်နိုင်ငံခြားရေးဌာနက ပြီးခဲ့တဲ့သီတင်းပတ်က ၂၀၁၅ အတွက်ချီးမြှင့်တဲ့ Women of Courage Award အမျိုးသမီးသတ္တိဆုရှင်တွေအနက် မြန်မာနိုင်ငံက ကချင်တိုင်းရင်းသူ မမေစံပယ်ဖြူလည်း တဦးအပါအဝင် ဖြစ်ပါတယ်။

ကျား/မ တန်းတူကွန်ယက်အဖွဲ့ကို မတည်သူအပြင်၊ ကချင်ငြိမ်းချမ်းရေးကွန်ယက်ကို ပူးတွဲ မတည်ခဲ့သူလည်းဖြစ်တဲ့ မေစံပယ်ဖြူကို မြန်မာနိုင်ငံမှာ အမျိုးသမီးများတွေအပြင် ဘာသာရေး လူနဲစုနှင့် တိုင်းရင်းသားတွေအတွက် တန်းတူ အခွင့်အရေးရရှိဖို့ သတ္တိရှိရှိ၊ မဆုတ်မနစ် ဆောင်ရွက်မှုကြောင့် အခုလို နိုင်ငံတကာဆုရှင်တွေအနက် တဦးအဖြစ် ဒီနှစ် ရွေးချယ်တာဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ဆိုပါတယ်။

ဆုပေးပွဲအခမ်းအနားကို တက်ရောက်သတင်းယူခဲ့သူ ဗွီအိုအေဝိုင်းတော်သူ အင်ကြင်းနိုင်က မမေစံပယ်ဖြူ ကို တွေ့ဆုံမေးမြန်းထားတာကို ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ တင်ပြထားပါတယ်။

XS
SM
MD
LG