အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ပပျောက်ရေး လှုပ်ရှားမှုအခြေအနေ မြန်မာနိုင်ငံမှာ ဘယ်လိုရှိနေသလဲ ဆိုတဲ့အကြောင်း ဒီအရေးလှုပ်ရှားဆောင်ရွက်နေတဲ့ မမေစပယ်ဖြူကို ဒေါ်လှလှသန်းက ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ တင်ဆက်ထားတာပါ။ မမေစပယ်ဖြူကတော့ အမေရိကန် နိုင်ငံခြားရေးဌာနက မကြာခင်ကပဲ ၂၀၁၅ ခုနှစ်အတွက် ချီးမြှင့်တဲ့ Women of Courage Award အမျိုးသမီးသတ္တိရှင်ဆု ချီးမြှင့်ခံရသူ ဆုရှင်တွေအနက် တဦးအပါအ၀င်ဖြစ်ပြီး ကျား/မ တန်းတူ ကွန်ယက်အဖွဲ့ကို မတည်သူလည်းဖြစ်၊ ကချင်ငြိမ်းချမ်းရေးကွန်ယက်ကို မတည်သူလည်းဖြစ်ပါတယ်။