သုံးရလွယ်ကူစေသည့် Link များ

အမေရိကန်နိုင်ငံခြားရေးဌာနက ကမကထပြုတဲ့ YSEALI ခေါ် အရှေ့တောင်အာရှလူငယ်ခေါင်းဆောင်မှု ရှေးရှုဆောင်ရွက်တဲ့ အစီအစဉ်နဲ့ သီတင်း ၅ ပတ်ကြာ အမေရိကန်ပြည်ထောင်စုကို လာရောက် လေ့လာခွင့်ရတဲ့ လူငယ်ခေါင်းဆောင်တွေအနက် ဒေါက်တာ ခိုင်သဉ္ဇာမောင်လည်း ပါဝင်ပါတယ်။ သူဟာ ရန်ကုန်ရှိ ၀ိတိုရိယဆေးရုံမှာ တာဝန်ထမ်းဆောင်နေတဲ့အပြင် သူ့အားလပ်ချိန်မှာလည်း အာခေါင်ကွဲ နှုတ်ခမ်းကွဲ ကလေးတွေကို အခမဲ့ ခွဲစိပ်ကုသပေးနေတဲ့ Victoria Health Support Foundation မှာလည်း အတွင်းရေးမှူးအဖြစ် စေတနာ့ဝန်ထမ်း ကူညီဆောင်ရွက်ပေးနေသူ ဖြစ်ပါတယ်။ အကြောင်းအစုံအလင်ကို ဆက်သွယ်မေးမြန်းထားပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်းက တင်ဆက်ထားပါတယ်။

XS
SM
MD
LG