သုံးရလွယ်ကူစေသည့် Link များ

ပြင်သစ်အစိုးရက ကြီးမှူးကျင်းပတဲ့ Future Leader ဆိုတဲ့ အနာဂတ်ခေါင်းဆောင်မှု အစီအစဉ်ကို ဒီနှစ် မြန်မာနိုင်ငံ ကိုယ်စားပြု တက်ရောက်ခဲ့သူက ချင်းတိုင်းရင်းသူ မချယ်ရီဇာဟောင်း ဖြစ်ပါတယ်။ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာလည်း သူဟာ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်နေတဲ့ ချင်းအမျိုးသားတိုးတက်ရေးပါတီကနေ ၀င်ယှဉ်ပြိုင်ဖို့ ဆန္ဒရှိသူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် မချယ်ရီဇာဟောင်းဟာ မြန်မာနိုင်ငံမှာ အမျိုးသမီးများ တန်းတူ အခွင့်အရေးရရှိမှုနဲ့ ပတ်သက်လို့ ကြိုးပမ်းဆောင်ရွက်နေသူ ဖြစ်ပါတယ်။ အကြောင်းစုံကို မချယ်ရီဇာဟောင်းနဲ့ မေးမြန်းပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်းက တင်ပြထားပါတယ်။

XS
SM
MD
LG