သုံးရလွယ်ကူစေသည့် Link များ

ကချင်ပြည်နယ် အင်ဂျန်းယန်က လွှတ်တော်အမတ် ဒေါ်ဒွဲဘူနဲ့ မေးမြန်းချက် အပိုင်း-၂


(ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း)

နိုဝင်ဘာလ ၈ ရက်နေ့ အထွေထွေ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မယ့် အမျိုးသမီးကိုယ်စားလှယ်လောင်းတွေဟာ ၂၀၁၀ ရွေးကောက်ပွဲထက် အရေအတွက် တိုးလာပါတယ်။ ကချင်တိုင်းရင်းသူရှေ့နေ ဒေါ်ဒွဲဘူ က အင်ဂျန်းယန်မြို့နယ် မဲဆန္ဒနယ်က စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီ ကချင်ပြည်နယ် ကိုယ်စားလှယ်အဖြစ် ၂၀၁၀ မှာ ရွေးချယ်ခံခဲ့ရသလို၊ အခု ၂၀၁၅ ရွေးကောက်ပွဲမှာလည်း ၀င်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေပါပြီ။ သူ ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်မှာ ယှဉ်ပြိုင်ဘက်ပါတီ အရေအတွက် တိုးလာတဲ့အတွက် ရင်ဆိုင်ရမယ့် အကဲစမ်းမှုတွေက ဘာတွေပါလဲ။ မဲဆန္ဒရှင်ပေါင်း ၁၀၀၀ ကျော်ရှိတဲ့ သူ့ရဲ့နယ်မြေမှာ လွန်ခဲ့တဲ့ ၅ နှစ်တာကာလအတွင်း သူ့အနေနဲ့ ဘာတွေ ဆောင်ရွက်ပေးနိုင်ခဲ့သလဲ။ အမေရိကန်ပြည်ထောင်ကို ခေတ္တရောက်ရှိခိုက် မှာ ဒေါ်ဒွဲဘူကို တွေ့ဆုံ မေးမြန်းပြီး ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်ရှင်။

XS
SM
MD
LG