သုံးရလွယ်ကူစေသည့် Link များ

ANP ပါတီမှ အမျိုးသမီးကိုယ်စားလှယ်လောင်း ဒေါ်ထူးမေနဲ့ မေးမြန်းချက်


(Credit: Htoot May Facebook)

နိုဝင်ဘာ ၈ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီ ၉၀ ကျော်အနက် တိုင်းရင်းသားပါတီတွေကြား ရခိုင်အမျိုးသားပါတီ (ANP) ဟာ အင်အားကြီးပါတီတရပ် ဖြစ်ပါတယ်။ ရခိုင်အမျိုးသားတိုးတက်ရေးပါတီနှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်တို့ ၂၀၁၃ ခုက ပေါင်းပြီး ဖွဲ့စည်းလိုက်တဲ့ ဒီပါတီမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသမီးကိုယ်စားလှယ်လောင်း ၄ ဦးအနက် ဒေါ်ထူးမေ လည်း တဦး အပါအ၀င် ဖြစ်ပါတယ်။ ဇာတိ ရမ်းဗြဲ နဲ့ အမ်း မြို့နယ် မဲဆန္ဒနယ်ကနေ ၀င်ရောက်ယှဉ်ပြိုင်မယ့် ဒေါ်ထူးမေကို ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုနဲ့ ပတ်သက်လို့ ဗွီအိုအေရန်ကုန်ရုံး တာဝန်ခံ ဒေါ်ခင်စိုးဝင်း က တွေ့ဆုံမေးမြန်းထားတာကို ဒီသတင်းပတ် အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်း က တင်ဆက်ထားပါးတယ်။

XS
SM
MD
LG