ဇူလိုင်လ ၁၉ ရက်နေ့ဟာ မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်တွေ လုပ်ကြံခံခဲ့ရတဲ့ ၆၉ နှစ်မြောက် အထိမ်းအမှတ်နေ့ဖြစ်ပါတယ်။ အဲဒီကြေကွဲစရာဖြစ်ရပ်တွေကို ကြုံတွေ့ခဲ့ကြရတဲ့ မြန်မာအမျိုးသမီးကြီးတွေ ဘယ်လိုခံစားခဲ့ကြရပါသလဲ။
ကိုလိုနီလက်အောက်ကနေ လွတ်မြောက်ဖို့ ကြိုးပမ်းရာမှာ သခင်မကြီးတွေအနေနဲ့ရော ဘယ်လိုပါဝင်လုပ်ကိုင်ခဲ့ကြပါသလဲ။ အဲဒီတုန်းက နိုင်ငံရေးမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်လို့ ဗိုလ်ချုပ်ရဲ့အမြင်ကရော ဘယ်လိုရှိခဲ့သလဲဆိုတာကို ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်း က စုစည်း တင်ဆက်ထားပါတယ်။