သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနွယ်ဖွား အမေရိကန်အမျိုးသမီး ဒုဗိုလ်မှူးကြီး မီမီဝင်းဘတ်


မြန်မာနွယ်ဖွား အမေရိကန်အမျိုးသမီး ပါမောက္ခ မီမီဝင်းဘတ် ဟာ အခုလက်ရှိ အမေရိကန် အရံကာကွယ်ရေးတပ်မှာ ဒုဗိုလ်မှူးကြီးအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။ သူဟာ အမေရိကန်ကာကွယ်ရေးဌာန လက်အောက်မှာရှိတဲ့ ဟာဝိုင်အီအခြေစိုက် Asia-Pacific Center for Security Studies (APCSS) လုံခြုံရေးဘာသာရပ်ဆိုင်ရာ အာရှ-ပစိဖိတ်ဌာနမှာ တာဝန်ထမ်းဆောင်နေတာ ဖြစ်ပြီး လက်ရှိ မြန်မာနိုင်ငံနဲ့ အရပ်ဘက်နဲ့ စစ်ဘက် ဆက်ဆံရေး ကောင်းမွန်စေဖို့ ကူညီဆောင်ရွက်ပေးနေသူလည်း ဖြစ်ပါတယ်။ အမေရိကန်စစ်တပ်မှာ ဒုဗိုလ်မှူးကြီးတဦး ရာထူးအထိ ဖြစ်လာအောင် ကြိုးပမ်းခဲ့ရတာတွေကို ဒေါက်တာ မီမီဝင်းဘတ်ကို ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်းက တင်ပြထားပါတယ်။

မြန်မာနွယ်ဖွား အမေရိကန်အမျိုးသမီး ဒုဗိုလ်မှူးကြီး မီမီဝင်းဘတ်
please wait

No media source currently available

0:00 0:09:52 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG