သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ ၅ သိန်းလောက် တက်ရောက်ခဲ့တဲ့ ဝါရှင်တန်ဒီစီမှာ ကျင်းပခဲ့တဲ့ ၂၀၁၇ အမျိုးသမီးများ ချီတက်ပွဲဟာ အမေရိကန်သမိုင်းမှာ လူအများဆုံး ပါဝင်ခဲ့တဲ့ ချီတက်ပွဲအဖြစ် စံချိန်တင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီ ချီတက်ပွဲကို အမေရိကန် သမ္မတသစ် Trump ကျမ်းသစ္စာ ကျိန်ဆိုပွဲအပြီး တရက်အကြာ ဇန်နဝါရီလ ၂၁ ရက်နေ့မှာ ကျင်းပခဲ့တာဖြစ်ပြီး၊ ကျင်းပခဲ့တဲ့ ရည်ရွယ်ချက်တွေအနက် အဓိကကတော့ အမျိုးသမီးများ အခွင့်အရေးဟာ လူ့အခွင့်အရေး ဖြစ်တယ် ဆိုတာကို Trump အစိုးရသစ်ကို သတိပေးလိုတဲ့ အတွက်ပဲ ဖြစ်ပါတယ်။ ဒီချီတက်ပွဲမှာ ပါဝင်ခဲ့ကြသူတွေရဲ့ အမှတ်ရစရာ ပြောဆိုချက်တွေကို ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်းက တင်ပြထားပါတယ်။

သမိုင်းတင် ၂၀၁၇ အမျိုးသမီးများချီတက်ပွဲ
please wait

No media source currently available

0:00 0:09:36 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG