သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှိပ်စက်ခံ အိမ်အကူ မိန်းကလေးငယ်များဘ၀ ရင်လေးစရာ


Child Labor
Child Labor

မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂ ကလေးများ အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်ကို ၁၉၉၁ ခုနှစ်က လက်မှတ်ရေးထိုးခဲ့ပေမဲ့ ကလေးများ အခွင့်အရေးတွေကို အကာအကွယ်ပေးရာမှာ အားနည်းနေဆဲ ရှိပါတယ်။ အထူးသဖြင့် ဆင်းရဲမွဲတေမှုကြောင့် ကလေးလုပ်အားအသုံးပြုမှု ကျယ်ကျယ်ပြန့်ပြန့် ရှိနေရာမှာ အကာအကွယ်မဲ့ဆုံး ကျောင်းနေအရွယ် မိန်းကလေးငယ်တွေ ပညာသင်ခွင့် မရကြဘဲ အိမ်အကူတွေအဖြစ် လုပ်ကိုင်ကြရတဲ့အခါ လူမဆန်စွာ နှိပ်စက်ညှဉ်းပန်ခံကြရတဲ့ ပြဿနာပါပဲ။ မော်လမြိုင်မှာ မကြာသေးခင်က အိမ်ရှင်တွေရဲ့ နှိပ်စက်မှုကို ခံခဲ့ရတဲ့ AFP သတင်းတပုဒ်ကို အခြေခံပြီး အထူးသဖြင့် မိန်းကလေးငယ်တွေရဲ့ အခွင့်အရေးတွေကို အကာအကွယ်ပေးဖို့ နိုင်ငံမှာ တာဝန်ရှိတဲ့အကြောင်း ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်း က တင်ပြထားပါတယ်။ ဒီလင့်မှာ ဗွီဒီယိုကို ကြည့်ရှုနိုင်ပါသည်။

နှိပ်စက်ခံ အိမ်အကူ မိန်းကလေးငယ်များဘ၀ ရင်လေးစရာ
please wait

No media source currently available

0:00 0:09:52 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG