သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုးဘိုထောင်တွင်း ဆယ်တန်းသုံးဘာသာဂုဏ်ထူးရှင် အမျိုးသမီးငယ် ဘဝရှေ့ရေး


၃ဘာသာဂုဏ်ထူးရှင် မရွှန်းလဲ့ဝေကျော်- သတင်းဓာတ်ပုံ Credit to 7daydaily news- 7dayနေ့စဉ်သတင်းစာ
၃ဘာသာဂုဏ်ထူးရှင် မရွှန်းလဲ့ဝေကျော်- သတင်းဓာတ်ပုံ Credit to 7daydaily news- 7dayနေ့စဉ်သတင်းစာ

အသက်(၁၉)နှစ်အရွယ် မရွှန်းလဲ့ဝေကျော်ဟာ ၂၀၁၆-၁၇ စာသင်နှစ်အတွက် ၁၀ တန်းစာမေးပွဲကို မန္တလေးမြို့အိုးဘိုအကျဉ်းထောင် စာစစ်ဌာနကနေ ဝင်ရောက်ဖြေဆို ခဲ့ရာမှာ ၃ ဘာသာ ဂုဏ်ထူးနဲ့ အောင်မြင်ခဲ့တဲ့အတွက် အခုတလော လူမှုကွန်ယက် မီဒီယာမှာ သူ့အကြောင်း လူစိတ်ဝင်စားခဲ့ကြပါတယ်။

မီဒီယာတွေကို သူပြောပြချက်အရ သူဟာ ကချင်ပြည်နယ် ရွှေဂူမြို့နယ် ၊ ခိုလိပ်ကျေးရွာက ကုန်စုံဆိုင်မှာ ကျောင်းစားရိတ်ရဖို့ အတွက် ဝင်အလုပ်လုပ်ခဲ့စဉ် ၅ ရက်အကြာမှာ အဲဒီဆိုင်က မူးယစ်ဆေးပြားရောင်းတာ သိတဲ့အတွက် သူထွက်ဖို့ကြိုးစားခိုက် ရဲကဆိုင်ကို ဝင်ဖမ်းဆီးရာမှာ မရွှန်းလဲ့က မူးယစ်ဆေးပြား (၁၅)ပြားကို ထုတ်ပြခဲ့တဲ့အတွက် လွန်ခဲ့တဲ့ ၂-နှစ် တုန်းက ထောင်ဒဏ် (၁၀)နှစ် စီရင်ခြင်းခံခဲ့ရ တယ်လို့ သိရပါတယ်။

အသက်မပြည့်သေးပဲ လူကြီးထောင်မှာ ချမှတ်ခံရပေမဲ့လည်း ပညာရေးမှာထူးချွန်တဲ့ ဒီမိန်းကလေးငယ် ရှေ့ဆက်ပြီး တက္ကသိုလ်ပညာ ဆည်းပူးနိုင်ဖို့ နိုင်ငံတော်သမ္မတထံ အသနားခံစာတင်သွင်းနိုင်ရေးကို လူ့အခွင့်အရေး ရှေ့နေကွန်ယက်တွေက ကြိုးပမ်းလုပ်ဆောင်သင့်တယ်လို့ တိုက်တွန်းချက်တွေ ထွက်ပေါ်နေပါတယ်။

ဒီအကြောင်း ဟောင်ကောင်အခြေစိုက် အာရှလူ့အခွင့်အရေးကော်မရှင် AHRC ရဲ့ရှေ့နေ ဦးမင်းလွင်ဦးနဲ့ မေးမြန်းပြီး ဒီတပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်းက တင်ဆက် ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG