သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

The Schwab Foundation ၂၀၁၉ လူမှု-စွန့်ဦးတီထွင်ထူးချွန်ဆုရှင် မလှလှဝင်း


၂၀၁၉ လူမှု-စွန့်ဦးတီထွင်ထူးချွန်ဆုရှင် မလှလှဝင်း
၂၀၁၉ လူမှု-စွန့်ဦးတီထွင်ထူးချွန်ဆုရှင် မလှလှဝင်း

နယူးယောက်မြို့ အခြေစိုက် The Schwab Foundation ရန်ပုံငွေအဖွဲ့ကြီးကနေ 360ed ပညာရေးအထောက်အကူပြုလုပ်ငန်းရဲ့ CEO အမှုဆောင်အရာရှိချုပ် မလှလှဝင်းကို ၂၀၁၉ ခုနှစ်အတွက် လူမှု-စွန့်ဦးတီထွင်ထူးချွန်ဆုကို စက်တင်ဘာလ ၂၄ ရက်နေ့က ချီးမြှင့်ခဲ့ပါတယ်။ သူကျွမ်းကျင်တဲ့ပညာနဲ့ မြန်မာ့ပညာရေးနယ်ပယ် ထဲထဲဝင်ဝင် ဖြည့်ဆည်းပေးနေတဲ့ စွမ်းဆောင်ချက်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီဆုချီးမြှင့်ခြင်းခံရတာဖြစ်ပါတယ်။ အမေရိကန် Harvard တက္ကသိုလ်မှာပညာသင်ယူခဲ့ပြီး မြန်မာတင်မက၊ ဂျပန်၊ ဖိလစ်ပိုင်နဲ့ တခြားနိုင်ငံတွေအထိပါ ဈေးကွက်တိုးချဲ့နိုင်တဲ့အထိ အောင်မြင်နေတဲ့ မလှလှဝင်းဟာ မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၁၅ နှစ်က ပညာရေးဝန်ကြီးဟောင်းလည်းဖြစ်၊ ရန်ကုန်ဝိဇ္ဖာနဲ့ သိပ္ပံတက္ကသိုလ် Philosophy ဒဿနိကဗေဒဌာန ပါမောက္ခအငြိမ်းစား ဒေါက်တာခင်မောင်ဝင်း ဦးစီးထူထောင်ခဲ့တဲ့ Pre Colleges Program -တက္ကသိုလ်ကောလိပ်အကြို ဝင်ခွင့် လေ့ကျင့်ပေးတဲ့ အစီအစဉ်ရဲ့ ပထမအသုတ်ဘွဲ့ရတဦးဖြစ်ပါတယ်။ ပြည်ပမှာ အဆင့်မြင့်ပညာသင်ကြားဖို့ စိတ်ဝင်စားသူတွေအတွက် Pre Colleges Program အကြောင်း သိကောင်းစရာတွေနဲ့ နယ်ပယ်အသီးသီးမှာ အမျိုးသမီးတွေရဲ့ ဦးဆောင်မှု အခန်းကဏ္ဍလိုအပ်ချက်တွေ နဲ့ ပတ်သက်လို့ မလှလှဝင်းကို ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ်အတွက် အမျိူးသမီးကဏ္ဍအဖြစ် ဒေါ်ခင်စိုးဝင်းကတင်ဆက်ထားပါတယ်။


တိုက်ရိုက် လင့်ခ်


XS
SM
MD
LG