သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့လူမႈပတ္ဝန္းက်င္နဲ႔ အမ်ိဳးသမီးေတြရဲ႕စြမ္းေဆာင္မႈစြမ္းရည္


Triangle Women တည္ေထာင္သူ အဖြဲ႔အမ်ဳိးသမီး အခြင့္အေရး လႈပ္ရွားသူ မခင္ေလး

(Zawgyi/Unicode)

ႏိုင္ငံရဲ႕ အေရးၾကီးတဲ့ ဦးေဆာင္မႈ အခန္းက႑ေတြမွာ အမ်ိဳးသမီးေတြ ပါဝင္ႏိုင္ဖို႔ဆိုရင္ သူတို႔ရဲ႕ဦးေဆာင္ႏိုုင္မႈ စြမ္းရည္နဲ႔ ကိုယ္ရည္ကိုယ္ေသြး ျမင့္မားေအာင္ ျမွင့္တင္ေပးဖို႔ အေရးၾကီးသလို ႏိုင္ငံေရး စီးပြားေရး ၿငိမ္းခ်မ္းေရးစတဲ့ အေရးပါတဲ့ေနရာေတြမွာ တာဝန္ယူႏုိင္စြမ္းရွိတဲ့ အမ်ိဳးသမီးေတြရဲ႕ အခန္းက႑ကိုပါ ျမန္မာ့လူမႈပတ္ဝန္းက်င္က အေလးထား ထည့္သြင္းစဥ္းစားေပးဖို႔ အေရးၾကီးပါတယ္လို႔ အမ်ဳိးသမီး အခြင့္အေရး လႈပ္ရွားသူ မခင္ေလးက ေထာက္ျပပါတယ္။ မခင္ေလးဟာ အမ်ဳိးသမီး အခြင့္အေရး လႈပ္ရွားမႈ ၾတြီ Triangle Women အဖြဲ႔ကို စတင္တည္ေထာင္သူတဦးလည္းျဖစ္ပါတယ္။ ျမန္မာနုိင္ငံက အမ်ိဳးသမီးေတြ ေခါင္းေဆာင္မႈ အခန္းက႑ အေရးပါပံုေတြအေၾကာင္း အေမရိကန္ျပည္ေထာင္စုမွာ ႏုိင္ငံတကာဦးေဆာင္မႈသင္တန္းတက္ခဲ့ဖူးသူ မခင္ေလးကို ဆက္သြယ္ေမးျမန္းၿပီး ဒီသီတင္းပတ္ရဲ႕ အမ်ိဳးသမီးက႑မွာ မဆုမြန္က တင္ျပေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

မဆုမြန္။ ။ မခင္ေလးကို အဓိက ေမးခ်င္တာကေတာ့ ျမန္မာႏုိင္ငံမွာေပ့ါေနာ္ အမ်ိဳးသမီးေတြက ဦးေဆာင္မႈ အခန္းက႑ေတြ ႏုိင္င့့့ံအတြက္ အေရးၾကီးတဲ့ဆံုးျဖတ္ခ်က္ ႏုိင္တဲ့ ေနရာ ရာထူးတာဝန္ေတြမွာေပါ့ေနာ္ ဘယ့္ေလာက္အတိုင္းအတာအထိ ပါဝင္ပတ္သက္မႈ ပါဝင္တာဝန္ယူႏိုင္မႈ ေတြရွိေနတယ္ဆိုတာကိုျမင္ရပါလဲရွင့္။

မခင္ေလး။ ။ အဲ့ေတာ့ က်မတို႔ အဲ့တာကိုေျပာရမယ္ဆိုရင္ေတာ့ အစိုးရသက္တမ္းေတြနဲ႔ပဲ ႏိႈင္းယွဥ္ၿပီး ေျပာရမွာေပါ့ေနာ္။အရင္အစိုးရ အခုအစိုးရ ဆိုတာေတြနဲ႔ပဲ ႏိႈင္းယွဥ္ၿပီး ေျပာရမယ္ဆိုရင္ အရင္တုန္းက အစိုးရလက္ထက္က ထက္ စာရင္ေတာ့ အခုဒီဘက္ပိုင္း မွာေတာ့ ပိုၿပီးေတာ့ ေခါင္းေဆာင္မႈပိုင္းဆုိင္ရာေနရာေတြမွာ ထူးထူးျခားျခား လုပ္ေဆာင္ႏိုင္တဲ့ အမ်ိဳးသမီးေတြ အရင္ကထက္ပိုၿပီးေတာ့ ရွိလာတယ္လို႔ေျပာလို႔ရတယ္။ ေနာက္ အမ်ိဳးသမီးေတြဟာ ပိုၿပီးေတာ့ တက္တက္ၾကြၾကြနဲ႔ ေခါင္းေဆာင္မႈေနရာေတြမွာ ပိုပါဝင္ရမယ္ဆိုတာ ပိုသိလာတယ္လို႔ ေျပာလို႔ရပါတယ္။ ဘာျဖစ္လို႔ အစိုးရသက္တမ္း နဲ႔ႏိႈင္းယွဥ္ေျပာရလည္းဆိုရင္ ဒီအစိုးရ တာဝန္ရွိတဲ့သူေတြရဲ႕ အမ်ိဳးသမီးေတြအေပၚမွာ အစိုးရတာဝန္ရွိတဲ့သူေတြရဲ႕စီမံကိန္းေတြ သူတို႔ကိုယ္တုိင္ရဲ႕ ေခါင္းေဆာင္ပိုင္းမွာ ပါဝင္ေနတဲ့ အမ်ိဳးသမီးေတြရဲ႕ လုပ္ေဆာင္ႏိုင္မႈေတြအေပၚမွာ တုိင္းျပည္မွာရွိတဲ့ အမ်ိဳးသမီးေတြ ဘက္ကလည္း ဒါေတြကိုၾကည့္ၿပီး အတုယူလုပ္ေဆာင္ၾက တာျဖစ္တဲ့ အတြက္ ေဒၚေအာင္ဆန္းစုၾကည္ဦးေဆာင္တဲ့ ေခတ္မွာေတာ့ အရင္ကထက္ေတာ့ ပိုၿပီးေတာ့ ပါဝင္လာမႈ ပိုမ်ားလာတယ္လို႔ေတာ့ ေျပာလို႔ရပါတယ္။

မဆုမြန္။ ။ ဟုတ္ကဲ့ အဲ့ဒီ့ေတာ့ အုပ္ခ်ဳပ္ေရးပိုင္းဆိုင္ရာ ေနာက္တခုက ဥပေဒျပဳေရး လႊတ္ေတာ္ပိုင္းဆိုင္ရာ ေနာက္ၿပီးေတာ့ ၿမိဳ႕နယ္အဆင့္ တုိင္းအဆင့္ အေျခခံအဆင့္ စတဲ့ အုပ္ခ်ဳပ္ေရး အခန္းက႑ေတြမွာ အမ်ိဳးသမီးေတြရဲ႕ ေခါင္းေဆာင္ပါဝင္မႈက ေက်နပ္ရေလာက္တဲ့ အေနအထားအထိ ရွိေနၿပီလား ဒီအေရအတြက္ အတုိင္းအတာနဲ႔ ႏိႈင္းယွဥ္လိုက္မယ္ဆိုရင္ ဘယ္ေလာက္အတိုင္းအတာထိ ပါဝင္ႏုိင္ခြင့္ရွိေနပါၿပီလဲရွင့္။

မခင္ေလး။ ။ က်မတို႔က အေရအတြက္နဲ႔ လုပ္ပိုင္ႏုိင္ခြင့္ အစြမ္းအစ ျပနိုင္တဲ့ အေနအထားဆိုၿပီး ႏွစ္ပိုင္းေျပာခ်င္ပါတယ္။ အေရအတြက္ပိုင္းမွာေတာ့ ျမန္မာျပည္ လူဦးေရရဲ႕ ငါးဆယ္ရာခိုင္ႏႈန္းေက်ာ္ရွိတဲ့ အမ်ိဳးသားေတြထက္ လူဦးေရပိုမ်ားတယ္ ဒါေပမဲ့ လႊတ္ေတာ္ထဲမွာဆို ၁၀% ေက်ာ္ပဲရွိတယ္။ ေနာက္ဆံုး က်မတို႔ ရပ္ေက်းအုပ္ခ်ဳပ္ေရးမွဴး အဆင့္ကိုပဲၾကည့္ပါ ရပ္ေက်းအုပ္ခ်ဳပ္ေရးမွဴးမွာလည္း အမ်ိဳးသမီးပါဝင္ႏုိင္မႈက ရပ္ကြက္ေပါင္း ေသာင္းေက်ာ္မွာေတာင္ အမ်ိဳးသမီးေတြက ရာဂဏန္းပဲရွိတယ္။ ေျပာရရင္ေတာ့ အရမ္းနည္းေနေသးတယ္လို႔ ေျပာလို႔ရတယ္။ အဲ့လိုနည္းတဲ့အထဲကမွ ေျခေပၚေအာင္ကန္ခြင့္ အစြမ္းအစျပခြင့္ ဘယ္ေလာက္ရၿပီလဲ အဲ့တာကိုျပန္ၾကည့္ၾကမယ္။ အဲ့ဒီ့မွာလည္း ထပ္ၿပီးေတာ့ နည္းတာကို စိတ္မေကာင္းစရာေတြ႔ရပါတယ္။ ဆိုေတာ့ အားရေလာက္တဲ့ အေနအထားမရွိဘူး။ သူတို႔က မလုပ္ႏုိင္လို႔ အစြမ္းအစျပခြင့္မရတာ မဟုတ္ဘဲ အေျခအေနေတြ ဖန္တီးမႈေတြနဲ႔ အေနအထားေတြ အခ်င္းခ်င္းေတြေၾကာင့္ သူတို႔ဟာ အစြမ္းအစ ျပခြင့္မွာလည္း အားနည္းေနတာကိုလည္း စိတ္မေကာင္းစရာေတြ႔ရွိရပါတယ္။

မဆုမြန္။ ။ ဟုတ္ကဲ့ရွင့္ အဲ့ဒီ့ေတာ့ အမ်ိဳးသမီးေတြဘက္ကလည္း ဒီလိုမ်ိဳး အခန္းက႑ေတြမွာ ပါဝင္ထမ္းေဆာင္ႏုိင္ခြင့္ရဖို႔အတြက္ ကိုယ့္ဘက္ကေနေရာ ဘာေတြမ်ားျပင္ဆင္ထားဖို႔လိုမလဲ။ ေနာက္ၿပီးေတာ့ ကိုယ္ကိုတိုင္လည္း ဒီလိုအခြင့္အလမ္းေတြ ရလာေအာင္ ဘယ္လိုဖန္တီးလုပ္ေဆာင္မႈလုပ္ဖို႔သင့္တယ္လို႔ေရာ ထင္ျမင္ယူဆမိပါလဲရွင့္။

မခင္ေလး။ ။ အင္း အဲ့တာကေတာ့ ဘယ္သူမဆို က်မတို႔က အမ်ိဳးသမီးပဲျဖစ္ျဖစ္ အမ်ိဳးသားပဲျဖစ္ျဖစ္ ေနရာတခုမွာ တကယ့္ကိုမွ ထူးထူးခၽြန္ခၽြန္နဲ႔ စြမ္းေဆာင္ဖို႔ဆိုရင္ စီးပြားေရး လုပ္ငန္းကိုပဲၾကည့္ပါ ၾကိဳးစားအားထုတ္မႈ မရွိ ေလ့လာမႈမရွိပဲ ဘာကိုမွ လုပ္လို႔မရပါဘူး အမ်ိဳးသားပဲျဖစ္ျဖစ္ အမ်ိဳးသမီးပဲျဖစ္ျဖစ္ပါ။ အထူးသျဖင့္ အမ်ိဳးသမီးေတြ အတြက္ကေတာ့ ပိုလိုအပ္တာေပါ့ ဘာျဖစ္လို႔ ပိုလိုအပ္လဲဆိုရင္ က်မတို႔ရဲ႕ ယဥ္ေက်းမႈ ဓေလ့ထံုးတမ္းစဥ္လာေတြအရကို အမ်ိဳးသမီးေတြဟာ ေခါင္းေဆာင္ႏိုင္တယ္ အစြမ္းအစရွိတယ္ ဆိုတဲ့ဟာကို အားေပးတဲ့ပညာေရးစနစ္နဲ႔ က်မတို႔ မၾကီးျပင္းခဲ့ရတဲ့ အတြက္ တခ်ိဳ႕အမ်ိဳးသမီးေတြကိုယ္တုိင္ကကို ကိုယ့္ကိုကိုယ္ ယံုၾကည္မႈေတြ နည္းတယ္။ တကယ္ေတာ့ သူတို႔မွာ ပင္ကိုယ္အစြမ္းအစ မရွိတာမဟုတ္ဘူး။ ဒါေပမဲ့ ယံုၾကည္မႈေတြ အားနည္းတယ္ အဲ့ဒီ့ယံုၾကည္မႈေတြ ျမွင့္တင္ဖို႔အတြက္ဆိုရင္ေတာ့ ေလ့လာ အားထုတ္မႈေတြ လုပ္ရပါမယ္။

ဒီေခတ္မွာ ေကာင္းတာတခုကေတာ့ ဘာလဲဆိုေတာ့ ႏုိင္ငံရဲ႕အေနအထားတခုအထိ ပြင့္လာတယ္ဆိုေတာ့ က်မတို႔က အမ်ိဳးသမီးေခါင္းေဆာင္မႈ သင္တန္းလို႔ သင္တန္းေတြေပါ့ Capacity Building လို႔ေျပာၾကတဲ့ စြမ္းေဆာင္ရည္ျမွင့္တင္ေရး ယံုၾကည္မႈျမွင့္တင္ေရးသင္တန္း ဒီလိုသင္တန္းေပါင္းမ်ားစြာ ရွိလာတဲ့အတြက္ ကိုယ္ေလ့လာသင္ယူသင့္တာေတြကို လုပ္သင့္တယ္။ ဒါေပမဲ့လည္း သင္တန္းေတြ တက္႐ံုနဲ႔ေတာ့ က်မတို႔က ေနရာတခုကို က်မတို႔ အလိုလိုေရာက္သြားမွာလည္း မဟုတ္ဘူး။ ေရာက္သြားရင္လည္း ေအာင္ျမင္မႈေတြက အလိုလို ရသြားမွာလည္း မဟုတ္ဘူး။ သူ႔ရဲ႕ပင္ကိုယ္စြမ္းရည္ သူ႔ရဲ႕ ၾကိဳးစားအားထုတ္မႈ သူ႔ရဲ႕ေလ့လာမႈ ဒီလုပ္ငန္း အေပၚမွာ ယံုၾကည္မႈဆိုတဲ့ဟာေတြ ေပါင္းလိုက္ေတာ့မွာပဲ ဒီေနရာတခုမွာ သူက ပိုေအာင္ျမင္ေအာင္ ေျခစြမ္းေျခစ ျပႏုိင္မယ္လို႔ေတာ့ က်မက ယံုၾကည္ပါတယ္။

မဆုမြန္။ ။ အမ်ိဳးသမီးေတြအတြက္ အထူးသျဖင့္ အရပ္ဘက္အဖြဲ႔အစည္းေတြရယ္ ေနာက္ၿပီးေတာ့ အမ်ိဳးသမီးေရးေဆာင္ရြက္ေနတဲ့ အဖြဲ႔အစည္းေတြရယ္ ပုဂၢိဳလ္ေတြရဲ႕ ဝိုင္းၿပီးေတာ့ အားေပးကူညီေပးမႈကလည္း လိုအပ္တာမ်ိဳးေတြရွိေတာ့ အဲ့ဒီ့အပိုင္းမွာ အစုိးရရဲ႕ အရပ္ဘက္အဖြဲ႔အစည္းေတြနဲ႔ပူးေပါင္းေဆာင္ရြက္မႈေပါ့ ပံ့ပိုးကူညီမႈ ပံ့ပိုးေဆာင္ရြက္ေပးမႈေတြက ဘယ္ေလာက္အထိလိုအပ္တယ္လို႔ေရာ ျမင္မိပါလဲရွင့္။

မခင္ေလး။ ။ အစိုးရကေတာ့ အဓိက အေရးၾကီးတယ္လို႔ က်မျမင္မိပါတယ္။ အစိုးရဘက္က အရပ္ဘက္အဖြဲ႔အစည္း နဲ႔ပူးေပါင္းေဆာင္ရြက္မႈက ခနထားေပါ့ အရင္ဆံုးေတာ့ သူ႔ရဲ႕မူဝါဒေတြ အားေကာင္းတဲ့စနစ္ေတြ ပံ့ပိုးမႈေတြကို အစိုးရက လုပ္ေပးရမွာပါ။ ေနာက္ မဟာဗ်ဳဟာစီမံကိန္းေတြကို အစိုးရဘက္က လက္ေတြ႔က်က် အေကာင္အထည္ေဖာ္မႈေတြနဲ႔အစိုးရတာဝန္ရွိသူေတြက လုပ္ေဆာင္ရမွာပါ အဲ့လို လုပ္ေဆာင္ရမွာ အစိုးရတရပ္တည္းရဲ႕ လုပ္ေဆာင္ႏုိင္မႈကလည္း အကန္႔အသတ္ရွိႏိုင္ တာျဖစ္တဲ့အတြက္ က်မတို႔လို အရပ္ဘက္အဖြဲ႔အစည္းေတြ အစိုးရမဟုတ္တဲ့ ႏုိင္ငံတကာက လာတဲ့အဖြဲ႔အစည္းေတြ ဒီလိုအဖြဲ႔အစည္းေတြကေနၿပီးေတာ့ က်မတို႔က နည္းပညာအကူအညီေတြ တျခားေသာအေထာက္အပံ့ေတြ၊ အျခားေသာ အေထာက္အပံ့ လို႔ဆိုရမွာေတာ့ က်မတို႔က ေငြေၾကးကိုပဲေျပာတာမဟုတ္ပါဘူး။ က်မတို႔ႏုိင္ငံလို မဖြံ႔ၿဖိဳးေသးတဲ့ တကယ့္ကို အထီးက်န္ေနတဲ့ ႏုိင္ငံတခုကလူတြဟာ အရင္တုန္းက ႏုိင္ငံတကာနဲ႔ ကင္းေဝးခဲ့တယ္ အဲ့ဒီ့ေတာ့ ႏုိင္ငံတကာရဲ႕ ေလ့လာၿပီးေတာ့ ႏုိင္ငံတကာမွာ ဘာေတြျဖစ္ေနလဲ သူတို႔ဆီမွာ ဘာေတြက ေကာင္းၿပီးေတာ့ ဘာေတြကိုေလ့လာသင့္လဲ။ ဘာေတြကိုေတာ့ သခၤန္းစာယူသင့္လဲဆိုတာျဖစ္လာဖို႔အတြက္ ႏုိင္ငံတကာမွာ ေလ့လာမႈေတြ သင္ယူမႈေတြကို ဒါေတြကို ႏုိင္ငံတကာမွာရွိတဲ့ေအဂ်င္စီေတြ အေထာက္အပံ့ေပးႏုိင္တဲ့ အဖြဲ႔အစည္းေတြနဲ႔ ပူးေပါင္းလုပ္ေဆာင္မွသာလွ်င္ က်မတို႔ ေအာင္ေအာင္ျမင္ျမင္နဲ႔ အျမန္ဆံုးေပါ့ေနာ္ နိမ့္က်ေနတဲ့ေနရာတခုကေန ေကာင္းမြန္တဲ့ေနရာတခုကို ေရာက္မယ္လို႔ ျမင္ပါတယ္။

မဆုမြန္။ ။ လူမႈအသိုင္းအဝိုင္းနဲ႔ ပတ္ဝန္းက်င္မွာေရာ အမ်ိဳးသမီးေတြဟာ အမ်ိဳးသားေတြနဲ႔ တန္းတူ လုပ္ပိုင္ခြင့္ လုပ္ႏုိင္စြမ္းရည္ ရွိတယ္ဆိုတာ ေရာက္လာေအာင္ အခုလက္ရွိ က်မတို႔ ျမန္မာလူမႈအသိုင္းအဝိုင္းမွာေရာ အဆင္သင့္ျဖစ္ေနၿပီလား။ တကယ္လို႔ မျဖစ္ေသးဘူး ဆိုရင္ ဒါေတြအတြက္ကို ဘာေတြမ်ား ျပဳျပင္ေျပာင္းလဲမႈေတြ လုပ္ဖို႔ လိုမယ္လို႔ ထင္ပါလဲရွင့္။

မခင္ေလး။ ။ဟုတ္ကဲ့ လူမႈအသိုင္းအဝိုင္းေတြမွာ အမ်ိဳးသမီးေတြရဲ႕အစြမ္းအစကို ယံုၾကည္မႈ ရွိလား မရွိသလားဆိုတာကိုေတာ့ က်မတို႔က ႏွစ္ပိုင္းခြဲေျပာရမယ္ေပါ့။ ၿမိဳ႕ေပါ့… ၿမိဳ႕ဆိုတာကေတာ့ ပညာတတ္လူတန္းစားေတြ အမ်ားၾကီးရွိတဲ့ ဖြံ႔ၿဖိဳးတုိးတက္တဲ့ေနရာက လူေတြကေတာ့ အတိုင္းအတာတခုအထိ အမ်ိဳးသမီးေတြအေပၚမွာ လက္ခံယံုၾကည္ၿပီးေတာ့ ဥပမာ ေရြးေကာက္ပြဲေတြမွာပဲျဖစ္ျဖစ္ ရပ္ေက်းပဲျဖစ္ျဖစ္ စည္ပင္ပဲျဖစ္ျဖစ္ အမ်ိဳးသမီးေတြ ပါမယ္ဆိုရင္ ပိုၿပီးေတာ့ အားေပးၿပီးေတာ့ ေထာက္ခံကူညီေပးတဲ့အေနအထားမ်ိဳးေတြရွိတယ္ ဒါေပမဲ့ မဖြံ႔ၿဖိဳးေသးတဲ့ေနရာေတြ ဥပမာ က်မတို႔ႏိုင္ငံက ေက်းလက္မွာ ေနထုိင္သူအမ်ားစု ရွိတဲ့ေနရာမွာေတာ့ က်မတို႔ရဲ႕ ယဥ္ေက်းမႈ က်မတို႔ရဲ႕ ဓေလ့ထံုးစံဆိုတဲ့ စံတန္ဖိုးေတြနဲ႔ ၾကည့္မယ္ဆုိရင္ က်မတို႔ရဲ႕ လူေနမႈပတ္ဝန္းက်င္ကေတာ့ အမ်ားၾကီး ျပဳျပင္ေျပာင္းလဲမႈေတြ လုပ္ရဦးမယ္လို႔ က်မတို႔ျမင္တယ္။ အဲ့ဒီ့ေနရာမွာ က်မတို႔ရဲ႕ ပညာေရးက အရမ္းကို အေရးၾကီးပါတယ္။ ပညာေရးက က်မတို႔ကို သင္းကြပ္ခံ ထားရၿပီးေတာ့ ဖ်က္ဆီးခံခဲ့ရတာ ႏွစ္ေပါင္းမ်ားစြာဆိုေတာ့ ဒီပညာေရးကေန ၾကီးျပင္းလာရတဲ့ သူေတြဟာ အမွားအမွန္ေဝဖန္ပိုင္းျခားႏုိင္ခြင့္ အဲ့ဒီ့အတြက္ေတာ့ က်မတို႔ အမ်ားၾကီး အခ်ိန္ယူရဦးမယ္။ အဲ့လိုအခ်ိန္ယူတဲ့ေနရာမွာလည္း အခုလို မီဒီယာေတြရဲ႕ အခန္းက႑ အသိပညာေပးတဲ့အခန္းက႑ေတြ ႐ုပ္ရွင္အနုပညာရွင္ေတြရဲ႕ အခန္းက႑ေတြ စတဲ့ဘက္ေပါင္းစံုကေန လူေတြရဲ႕အျမင္ေတြကုိ ဖြင့္ေပးဖို႔ လိုမယ္လို႔ေတာ့ က်မ ထင္ပါတယ္။

မဆုမြန္။ ။ ႏုိင္ငံတကာမွာဆိုလို႔ရွိရင္ အထူးသျဖင့္ မ်ိဳးဆက္သစ္ အမ်ိဳးသမီး ငယ္ေလးေတြေပါ့ေနာ္ နုိင္ငံေရး ၿငိမ္းခ်မ္းေရး သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးလို ကိစၥရပ္မ်ိဳးေတြမွာ သူတို႔ဟာ ေရွ႕တန္းကေန ဦးေဆာင္ၿပီးေတာ့မွ စြမ္းစြမ္းတမံ နဲ႔ေဆာင္ရြက္ တဲ့အခါမ်ိဳးေတြမွာ အထူးသျဖင့္ အမ်ိဳးသမီးငယ္ေလးေတြ ဦးေဆာင္ၿပီး ေဆာင္ရြက္တာမ်ိဳးဆိုရင္ ေနာက္တန္းကေန ပိုၿပီးေတာ့မွ ခြန္နဲ႔အားနဲ႔ ခြန္တုိက္ အားတိုက္နဲ႔ ပံ့ပိုးကူညီေပးေနၾကတာေတြရွိေတာ့ ျမန္မာႏုိင္ငံမွာေရာ ဒီလိုမ်ိဳး စြမ္းစြမ္း တမံေဆာင္ရြက္ႏုိင္တဲ့ အမ်ိဳးသမီး မ်ိဳးဆက္သစ္လူငယ္ေလးေတြ သူတို႔ ပိုၿပီးေတာ့ လုပ္ခ်င္စိတ္ျဖစ္လာေအာင္ ပိုၿပီးေတာ့မွ စြမ္းေဆာင္ႏိုင္ တဲ့ေခါင္းေဆာင္ မႈေတြေပးႏိုင္ေအာင္ မခင္ေလးလို အမ်ိဳးသမီးအခြင့္အေရးလႈပ္ရွားမႈမွာ ဦးေဆာင္ ပါဝင္ေနသူ တေယာက္အေနနဲ႔ ဘယ္လိုမ်ား အားေပးစကားေျပာခ်င္တာရွိပါလဲ။ ဘယ္လို သတင္းစကားပါးခ်င္တာေရာ ရွိပါလဲရွင့္။

မခင္ေလး။ ။ ဟုတ္ကဲ့ပါ။ ပထမဆံုးေျပာခ်င္တာကေတာ့ က်မတို႔ႏုိင္ငံမွာလည္း ႏုိင္ငံရဲ႕အေျခအေန အေနအထားအရ ဥပမာ ႏုိင္ငံတကာမွာ ဥတုရာသီေဖာက္ျပန္မႈ တုိက္ဖ်က္ေရး ဦးေဆာင္လႈပ္ရွားေနတဲ့ Greta ေလးလိုမ်ိဳး အသက္၁၆ႏွစ္အရြယ္ အမ်ိဳးသမီးငယ္ေလးလို ကမာၻေက်ာ္သြားေအာင္အထိ မရွိေသးေပမဲ့ အစဥ္အလာအရ အမ်ားၾကီးရွိပါတယ္ ဒါေပမဲ့ သူတို႔ရဲ႕ နာမည္ေတြ သူတို႔ကို မွတ္တမ္းတင္ႏုိင္မႈေတြ ကေတာ့ အားနည္းခဲ့တဲ့အတြက္ က်မတို႔မွာ ေျပာဆိုရင္ေတာ့ ေျပာရခက္တာေပါ့။ ဒါေပမဲ့ အဲ့ဒီ့အမ်ိဳးသမီးငယ္ေလးေတြကို ေျမေတာင္ေျမွာက္ေပးၿပီးေတာ့ ေဘးကေန လူမႈ အသိုင္းအဝိုင္းက သူ႔ရဲ႕ပတ္ဝန္းက်င္က အစိုးရတာဝန္ရွိသူေတြက အသိအမွတ္ျပဳၿပီး သူတို႔ရဲ႕ လုပ္ေဆာင္မႈေတြကို ပိုၿပီးေတာ့မွ စြမ္းစြမ္းတမံ လုပ္ေဆာင္ႏိုင္ေအာင္ ပံ့ပိုးကူညီမႈေတြက အားနည္းေနေသးေတာ့ ထင္သေလာက္ မထြက္လာဘူးလို႔ က်မထင္တယ္။ အဲ့ဒီ့ေတာ့ အဲ့လိုသမီးငယ္ေတြ အမ်ိဳးသမီးငယ္ေလးေတြကို က်မ အားေပးခ်င္တာကေတာ့ ကိုယ္ယံုၾကည္တဲ့အလုပ္ကို တစိုက္မတ္မတ္လုပ္ပါ။ ေလ့လာသင္ယူခ်င္တဲ့ ကိစၥေတြကို အားစိုက္ၿပီးတာ့ ေလ့လာပါ။ ကိုယ့္ကိုကိုယ္လည္း မညွာပါနဲ႔ ညာလည္း မညာပါနဲ႔။ တစိုက္မတ္မတ္လုပ္ပါ တေန႔မွာေတာ့ ကိုယ့္လုပ္ေဆာင္ခ်က္ အေပၚ အားလံုးက အသိအမွတ္ျပဳမွာပါလို႔ က်မကေတာ့ အားေပးစကားေျပာခ်င္ပါတယ္။

ျမန္မာနုိင္ငံက အမ်ိဳးသမီးေတြ ေခါင္းေဆာင္မႈ အခန္းက႑ အေရးပါပံုေတြအေၾကာင္း အမ်ိဳးသမီးေရးလႈပ္ရွားသူ မခင္ေလးကို ဆက္သြယ္ေမးျမန္းၿပီး ဒီသီတင္းပတ္ရဲ႕ အမ်ိဳးသမီးက႑မွာ မဆုမြန္က တင္ျပေပးထားတာျဖစ္ပါတယ္။

Unicode Version

မြန်မာ့လူမှုပတ်ဝန်းကျင်နဲ့ အမျိုးသမီးတွေရဲ့စွမ်းဆောင်မှုစွမ်းရည်

နိုင်ငံရဲ့ အရေးကြီးတဲ့ ဦးဆောင်မှု အခန်းကဏ္ဍတွေမှာ အမျိုးသမီးတွေ ပါဝင်နိုင်ဖို့ဆိုရင် သူတို့ရဲ့ဦးဆောင်နိုင်မှု စွမ်းရည်နဲ့ ကိုယ်ရည်ကိုယ်သွေး မြင့်မားအောင် မြှင့်တင်ပေးဖို့ အရေးကြီးသလို နိုင်ငံရေး စီးပွားရေး ငြိမ်းချမ်းရေးစတဲ့ အရေးပါတဲ့နေရာတွေမှာ တာဝန်ယူနိုင်စွမ်းရှိတဲ့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကိုပါ မြန်မာ့လူမှုပတ်ဝန်းကျင်က အလေးထား ထည့်သွင်းစဉ်းစားပေးဖို့ အရေးကြီးပါတယ်လို့ အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူ မခင်လေးက ထောက်ပြပါတယ်။ မခင်လေးဟာ အမျိုးသမီး အခွင့်အရေး လှုပ်ရှားမှု တြွီ Triangle Women အဖွဲ့ကို စတင်တည်ထောင်သူတဦးလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံက အမျိုးသမီးတွေ ခေါင်းဆောင်မှု အခန်းကဏ္ဍ အရေးပါပုံတွေအကြောင်း အမေရိကန်ပြည်ထောင်စုမှာ နိုင်ငံတကာဦးဆောင်မှုသင်တန်းတက်ခဲ့ဖူးသူ မခင်လေးကို ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ မဆုမွန်က တင်ပြပေးထားပါတယ်။

မဆုမွန်။ ။ မခင်လေးကို အဓိက မေးချင်တာကတော့ မြန်မာနိုင်ငံမှာ အမျိုးသမီးတွေက ဦးဆောင်မှုအခန်းကဏ္ဍတွေ နိုင်ငံ့အတွက် အရေးကြီးတဲ့ဆုံးဖြတ်ချက် နိုင်တဲ့ နေရာ ရာထူးတာဝန်တွေမှာပေါ့နော် ဘယ့်လောက်အတိုင်းအတာအထိ ပါဝင်ပတ်သက်မှု ပါဝင်တာဝန်ယူနိုင်မှု တွေရှိနေတယ်ဆိုတာကိုမြင်ရပါလဲရှင့်။

မခင်လေး။။ အဲ့တော့ ကျမတို့ အဲ့တာကိုပြောရမယ်ဆိုရင်တော့ အစိုးရသက်တမ်းတွေနဲ့ပဲ နှိုင်းယှဉ်ပြီး ပြောရမှာပေါ့နော်။ အရင်အစိုးရ အခုအစိုးရဆိုတာတွေနဲ့ပဲ နှိုင်းယှဉ်ပြီး ပြောရမယ်ဆိုရင် အရင်တုန်းက အစိုးရလက်ထက် ထက် စာရင်တော့ အခုဒီဘက်ပိုင်းမှာတော့ ပိုပြီးတော့ ခေါင်းဆောင်မှုပိုင်းဆိုင်ရာနေရာတွေမှာ ထူးထူးခြားခြားလုပ်ဆောင်နိုင်တဲ့ အမျိုးသမီးတွေ အရင်ကထက်ပိုပြီးတော့ ရှိလာတယ်လို့ပြောလို့ရတယ်။ နောက် အမျိုးသမီးတွေဟာ ပိုပြီးတော့ တက်တက်ကြွကြွနဲ့ ခေါင်းဆောင်မှုနေရာတွေမှာ ပိုပါဝင်ရမယ်ဆိုတာ ပိုသိလာတယ်လို့ ပြောလို့ရပါတယ်။ ဘာဖြစ်လို့ အစိုးရသက်တမ်းနဲ့နှိုင်းယှဉ်ပြောရလည်းဆိုရင် ဒီအစိုးရ တာဝန်ရှိတဲ့သူတွေရဲ့ အမျိုးသမီးတွေအပေါ်မှာ အစိုးရတာဝန်ရှိတဲ့သူတွေရဲ့စီမံကိန်းတွေ သူတို့ကိုယ်တိုင်ရဲ့ ခေါင်းဆောင်ပိုင်းမှာ ပါဝင်နေတဲ့ အမျိုးသမီးတွေရဲ့ လုပ်ဆောင်နိုင်မှုတွေအပေါ်မှာ တိုင်းပြည်မှာရှိတဲ့အမျိုးသမီးတွေဘက်ကလည်း ဒါတွေကိုကြည့်ပြီး အတုယူလုပ်ဆောင်ကြတာဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ခေတ်မှာတော့ အရင်ကထက်တော့ ပိုပြီးတော့ ပါဝင်လာမှု ပိုများလာတယ်လို့တော့ ပြောလို့ရပါတယ်။

မဆုမွန်။ ။ ဟုတ်ကဲ့ အဲ့ဒီ့တော့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ နောက်တခုက ဥပဒေပြုရေး လွှတ်တော်ပိုင်းဆိုင်ရာ နောက်ပြီးတော့ မြို့နယ်အဆင့် တိုင်းအဆင့် အခြေခံအဆင့် စတဲ့ အုပ်ချုပ်ရေးအခန်းကဏ္ဍတွေမှာ အမျိုးသမီးတွေရဲ့ ခေါင်းဆောင်ပါဝင်မှုက ကျေနပ်ရလောက်တဲ့အနေအထားအထိ ရှိနေပြီလား ဒီအရေအတွက် အတိုင်းအတာနဲ့ နှိုင်းယှဉ်လိုက်မယ်ဆိုရင် ဘယ်လောက်အတိုင်းအတာထိ ပါဝင်နိုင်ခွင့်ရှိနေပါပြီလဲရှင့်။

မခင်လေး။ ။ ကျမတို့က အရေအတွက်နဲ့ လုပ်ပိုင်နိုင်ခွင့် အစွမ်းအစ ပြနိုင်တဲ့အနေအထားဆိုပြီး နှစ်ပိုင်းပြောချင်ပါတယ်။ အရေအတွက်ပိုင်းမှာတော့ မြန်မာပြည်လူဦးရေရဲ့ ငါးဆယ်ရာခိုင်နှုန်းကျော်ရှိတဲ့ အမျိုးသားတွေထက် လူဦးရေပိုများတယ် ဒါပေမဲ့ လွှတ်တော်ထဲမှာဆို ၁၀% ကျော်ပဲရှိတယ်။ နောက်ဆုံး ကျမတို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးအဆင့်ကိုပဲကြည့်ပါ ရပ်ကျေးအုပ်ချုပ်ရေးမှူးမှာလည်း အမျိုးသမီးပါဝင်နိုင်မှုက ရပ်ကွက်ပေါင်း သောင်းကျော်မှာတောင် အမျိုးသမီးတွေက ရာဂဏန်းပဲရှိတယ်။ ပြောရရင်တော့ အရမ်းနည်းနေသေးတယ်လို့ ပြောလို့ရတယ်။ အဲ့လိုနည်းတဲ့အထဲကမှ ခြေပေါ်အောင်ကန်ခွင့် အစွမ်းအစပြခွင့် ဘယ်လောက်ရပြီလဲ အဲ့တာကိုပြန်ကြည့်ကြမယ်။ အဲ့ဒီ့မှာလည်း ထပ်ပြီးတော့ နည်းတာကို စိတ်မကောင်းစရာတွေ့ရပါတယ်။ ဆိုတော့ အားရလောက်တဲ့အနေအထားမရှိဘူး။ သူတို့က မလုပ်နိုင်လို့ အစွမ်းအစပြခွင့်မရတာမဟုတ်ဘဲ အခြေအနေတွေ ဖန်တီးမှုတွေနဲ့ အနေအထားတွေ အချင်းချင်းတွေကြောင့် သူတို့ဟာ အစွမ်းအစ ပြခွင့်မှာလည်း အားနည်းနေတာကိုလည်း စိတ်မကောင်းစရာတွေ့ရှိရပါတယ်။

မဆုမွန်။ ။ ဟုတ်ကဲ့ရှင့် အဲ့ဒီ့တော့ အမျိုးသမီးတွေဘက်ကလည်း ဒီလိုမျိုးအခန်းကဏ္ဍတွေမှာ ပါဝင်ထမ်းဆောင်နိုင်ခွင့်ရဖို့အတွက် ကိုယ့်ဘက်ကနေရော ဘာတွေများပြင်ဆင်ထားဖို့လိုမလဲ။ နောက်ပြီးတော့ ကိုယ်ကိုတိုင်လည်း ဒီလိုအခွင့်အလမ်းတွေ ရလာအောင် ဘယ်လိုဖန်တီးလုပ်ဆောင်မှုလုပ်ဖို့သင့်တယ်လို့ရော ထင်မြင်ယူဆမိပါလဲရှင့်။

မခင်လေး။ ။ အင်း အဲ့တာကတော့ ဘယ်သူမဆို ကျမတို့က အမျိုးသမီးပဲဖြစ်ဖြစ် အမျိုးသားပဲဖြစ်ဖြစ် နေရာတခုမှာ တကယ့်ကိုမှ ထူးထူးချွန်ချွန်နဲ့ စွမ်းဆောင်ဖို့ဆိုရင် စီးပွားရေးလုပ်ငန်းကိုပဲကြည့်ပါ ကြိုးစားအားထုတ်မှု မရှိ လေ့လာမှုမရှိပဲ ဘာကိုမှ လုပ်လို့မရပါဘူး အမျိုးသားပဲဖြစ်ဖြစ် အမျိုးသမီးပဲဖြစ်ဖြစ်ပါ။ အထူးသဖြင့် အမျိုးသမီးတွေအတွက်ကတော့ ပိုလိုအပ်တာပေါ့ ဘာဖြစ်လို့ ပိုလိုအပ်လဲဆိုရင် ကျမတို့ရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာတွေအရကို အမျိုးသမီးတွေဟာ ခေါင်းဆောင်နိုင်တယ် အစွမ်းအစရှိတယ်ဆိုတဲ့ဟာကို အားပေးတဲ့ပညာရေးစနစ်နဲ့ ကျမတို့ မကြီးပြင်းခဲ့ရတဲ့အတွက် တချို့အမျိုးသမီးတွေကိုယ်တိုင်ကကို ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေ နည်းတယ်။ တကယ်တော့ သူတို့မှာ ပင်ကိုယ်အစွမ်းအစ မရှိတာမဟုတ်ဘူး။ ဒါပေမဲ့ ယုံကြည်မှုတွေ အားနည်းတယ် အဲ့ဒီ့ယုံကြည်မှုတွေ မြှင့်တင်ဖို့အတွက်ဆိုရင်တော့ လေ့လာအားထုတ်မှုတွေ လုပ်ရပါမယ်။ ဒီခေတ်မှာ ကောင်းတာတခုကတော့ ဘာလဲဆိုတော့ နိုင်ငံရဲ့အနေအထားတခုအထိ ပွင့်လာတယ်ဆိုတော့ ကျမတို့က အမျိုးသမီးခေါင်းဆောင်မှုသင်တန်းလို့ သင်တန်းတွေပေါ့ Capacity Building လို့ပြောကြတဲ့ စွမ်းဆောင်ရည်မြှင့်တင်ရေး ယုံကြည်မှုမြှင့်တင်ရေးသင်တန်း ဒီလိုသင်တန်းပေါင်းများစွာ ရှိလာတဲ့အတွက် ကိုယ်လေ့လာသင်ယူသင့်တာတွေကို လုပ်သင့်တယ်။ ဒါပေမဲ့လည်း သင်တန်းတွေ တက်ရုံနဲ့တော့ နေရာတခုကို ကျမတို့ အလိုလိုရောက်သွားမှာလည်းမဟုတ်ဘူး။ ရောက်သွားရင်လည်း အောင်မြင်မှုတွေက အလိုလို ရသွားမှာလည်း မဟုတ်ဘူး။ သူ့ရဲ့ပင်ကိုယ်စွမ်းရည် သူ့ရဲ့ ကြိုးစားအားထုတ်မှု သူ့ရဲ့လေ့လာမှု ဒီလုပ်ငန်းအပေါ်မှာ ယုံကြည်မှုဆိုတဲ့ဟာတွေ ပေါင်းလိုက်တော့မှာပဲ ဒီနေရာတခုမှာ သူက ပိုအောင်မြင်အောင် ခြေစွမ်းခြေစ ပြနိုင်မယ်လို့တော့ ကျမက ယုံကြည်ပါတယ်။

မဆုမွန်။ ။ အမျိုးသမီးတွေအတွက် အထူးသဖြင့် အရပ်ဘက်အဖွဲ့အစည်းတွေရယ် နောက်ပြီးတော့ အမျိုးသမီးရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေရယ် ပုဂ္ဂိုလ်တွေရဲ့ ဝိုင်းပြီးတော့ အားပေးကူညီပေးမှုကလည်း လိုအပ်တာမျိုးတွေရှိတော့ အဲ့ဒီ့အပိုင်းမှာ အစိုးရရဲ့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်မှုပေါ့ ပံ့ပိုးကူညီမှု ပံ့ပိုးဆောင်ရွက်ပေးမှုတွေက ဘယ်လောက်အထိလိုအပ်တယ်လို့ရော မြင်မိပါလဲရှင့်။

မခင်လေး။ ။ အစိုးရကတော့ အဓိက အရေးကြီးတယ်လို့ ကျမမြင်မိပါတယ်။ အစိုးရဘက်က အရပ်ဘက်အဖွဲ့အစည်း နဲ့ပူးပေါင်းဆောင်ရွက်မှုက ခနထားပေါ့ အရင်ဆုံးတော့ သူ့ရဲ့မူဝါဒတွေ အားကောင်းတဲ့စနစ်တွေ ပံ့ပိုးမှုတွေကို အစိုးရက လုပ်ပေးရမှာပါ။ နောက် မဟာဗျုဟာစီမံကိန်းတွေကို အစိုးရဘက်က လက်တွေ့ကျကျ အကောင်အထည်ဖော်မှုတွေနဲ့အစိုးရတာဝန်ရှိသူတွေက လုပ်ဆောင်ရမှာပါ အဲ့လို လုပ်ဆောင်ရမှာ အစိုးရတရပ်တည်းရဲ့ လုပ်ဆောင်နိုင်မှုကလည်း အကန့်အသတ်ရှိနိုင်တာဖြစ်တဲ့အတွက် ကျမတို့လို အရပ်ဘက်အဖွဲ့အစည်းတွေ အစိုးရမဟုတ်တဲ့ နိုင်ငံတကာက လာတဲ့အဖွဲ့အစည်းတွေ ဒီလိုအဖွဲ့အစည်းတွေကနေပြီးတော့ ကျမတို့က နည်းပညာအကူအညီတွေ တခြားသောအထောက်အပံ့တွေ၊ အခြားသော အထောက်အပံ့လို့ဆိုရမှာတော့ ကျမတို့က ငွေကြေးကိုပဲပြောတာမဟုတ်ပါဘူး။ ကျမတို့နိုင်ငံလို မဖွံ့ဖြိုးသေးတဲ့ တကယ့်ကိုအထီးကျန်နေတဲ့ နိုင်ငံတခုက အရင်တုန်းက နိုင်ငံတကာနဲ့ကင်းဝေးခဲ့တယ် အဲ့ဒီ့တော့ နိုင်ငံတကာရဲ့ လေ့လာ နိုင်ငံတကာမှာ ဘာတွေဖြစ်နေလဲ သူတို့ဆီမှာ ဘာတွေက ကောင်းပြီးတော့ ဘာတွေကိုလေ့လာသင့်လဲ။ ဘာတွေကိုတော့ သင်္ခန်းစာယူသင့်လဲဆိုတာဖြစ်လာဖို့အတွက် နိုင်ငံတကာမှာ လေ့လာမှုတွေ သင်ယူမှုတွေကို ဒါတွေကို နိုင်ငံတကာမှာရှိတဲ့အေဂျင်စီတွေ အထောက်အပံ့ပေးနိုင်တဲ့အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်မှသာလျှင် ကျမတို့ အောင်အောင်မြင်မြင်နဲ့ အမြန်ဆုံးပေါ့နော် နိမ့်ကျနေတဲ့နေရာတခုကနေ ကောင်းမွန်တဲ့နေရာတခုကို ရောက်မယ်လို့ မြင်ပါတယ်။

မဆုမွန်။ ။ လူမှုအသိုင်းအဝိုင်းနဲ့ ပတ်ဝန်းကျင်မှာရော အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့တန်းတူ လုပ်ပိုင်ခွင့် လုပ်နိုင်စွမ်းရည် ရှိတယ်ဆိုတာ ရောက်လာအောင် အခုလက်ရှိ ကျမတို့ မြန်မာလူမှုအသိုင်းအဝိုင်းမှာ အဆင်သင့်ဖြစ်နေပြီလား။ တကယ်လို့ မဖြစ်သေးဘူးဆိုရင် ဒါတွေအတွက်ကို ဘာတွေများ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ လိုမယ်လို့ ထင်ပါလဲရှင့်။

မခင်လေး။ ။ ဟုတ်ကဲ့ လူမှုအသိုင်းအဝိုင်းတွေမှာ အမျိုးသမီးတွေရဲ့အစွမ်းအစကို ယုံကြည်မှု ရှိလား မရှိသလားဆိုတာကိုတော့ ကျမတို့က နှစ်ပိုင်းခွဲပြောရမယ်ပေါ့။ မြို့ပေါ့… မြို့ဆိုတာကတော့ ပညာတတ်လူတန်းစားတွေ အများကြီးရှိတဲ့ ဖွံ့ဖြိုးတိုးတက်တဲ့နေရာက လူတွေကတော့ အတိုင်းအတာတခုအထိ အမျိုးသမီးတွေအပေါ်မှာ လက်ခံယုံကြည်ပြီးတော့ ဥပမာ ရွေးကောက်ပွဲတွေမှာပဲဖြစ်ဖြစ် ရပ်ကျေးပဲဖြစ်ဖြစ် စည်ပင်ပဲဖြစ်ဖြစ် အမျိုးသမီးတွေ ပါမယ်ဆိုရင် ပိုပြီးတော့ အားပေးပြီးတော့ ထောက်ခံကူညီပေးတဲ့အနေအထားမျိုးတွေရှိတယ် ဒါပေမဲ့ မဖွံ့ဖြိုးသေးတဲ့နေရာတွေ ဥပမာ ကျေးလက်မှာ နေထိုင်သူအများစုရှိတဲ့နေရာမှာတော့ ကျမတို့ရဲ့ ယဉ်ကျေးမှု ကျမတို့ရဲ့ ဓလေ့ထုံးစံဆိုတဲ့ စံတန်ဖိုးတွေနဲ့ ကြည့်မယ်ဆိုရင် ကျမတို့ရဲ့ လူနေမှုပတ်ဝန်းကျင်ကတော့ အများကြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရဦးမယ်လို့ ကျမတို့မြင်တယ်။ အဲ့ဒီ့နေရာမှာ ကျမတို့ရဲ့ ပညာရေးက အရမ်းကိုအရေးကြီးပါတယ်။ ပညာရေးက ကျမတို့ကို သင်းကွပ်ခံထားရပြီးတော့ ဖျက်ဆီးခံခဲ့ရတာ နှစ်ပေါင်းများစွာဆိုတော့ ဒီပညာရေးကနေ ကြီးပြင်းလာရတဲ့သူတွေဟာ အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်ခွင့် အဲ့ဒီ့အတွက်တော့ ကျမတို့ အများကြီး အချိန်ယူရဦးမယ်။ အဲ့လိုအချိန်ယူတဲ့နေရာမှာလည်း အခုလို မီဒီယာတွေရဲ့ အခန်းကဏ္ဍ အသိပညာပေးတဲ့အခန်းကဏ္ဍတွေ ရုပ်ရှင်အနုပညာရှင်တွေရဲ့ အခန်းကဏ္ဍတွေ စတဲ့ဘက်ပေါင်းစုံကနေ လူတွေရဲ့အမြင်တွေကို ဖွင့်ပေးဖို့ လိုမယ်လို့တော့ ကျမ ထင်ပါတယ်။

မဆုမွန်။ ။ နိုင်ငံတကာမှာဆိုလို့ရှိရင် အထူးသဖြင့် မျိုးဆက်သစ်အမျိုးသမီးငယ်လေးတွေပေါ့နော် နိုင်ငံရေး ငြိမ်းချမ်းရေး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလို ကိစ္စရပ်မျိုးတွေမှာ သူတို့ဟာ ရှေ့တန်းကနေ ဦးဆောင်ပြီးတော့မှ စွမ်းစွမ်းတမံနဲ့ဆောင်ရွက်တဲ့အခါမျိုးတွေမှာ အထူးသဖြင့် အမျိုးသမီးငယ်လေးတွေ ဦးဆောင်ပြီး ဆောင်ရွက်တာမျိုးဆိုရင် နောက်တန်းကနေ ပိုပြီးတော့မှ ခွန်နဲ့အားနဲ့ ပံ့ပိုးကူညီပးနေကြတာတွေရှိတော့ မြန်မာနိုင်ငံမှာရော ဒီလိုမျိုး စွမ်းစွမ်းတမံဆောင်ရွက်နိုင်တဲ့အမျိုးသမီး မျိုးဆက်သစ်လူငယ်လေးတွေ သူတို့ ပိုပြီးတော့ လုပ်ချင်စိတ်ဖြစ်လာအောင် ပိုပြီးတော့မှ စွမ်းဆောင်နိုင်တဲ့ခေါင်းဆောင်မှုတွေပေးနိုင်အောင် မခင်လေးလို အမျိုးသမီးအခွင့်အရေးလှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်နေသူတယောက်အနေနဲ့ ဘယ်လိုများ အားပေးစကားပြောချင်တာရှိပါလဲ။ ဘယ်လိုသတင်းစကားပါးချင်တာရော ရှိပါလဲရှင့်။

မခင်လေး။ ။ ဟုတ်ကဲ့ပါ။ ပထမဆုံးပြောချင်တာကတော့ ကျမတို့နိုင်ငံမှာလည်း နိုင်ငံရဲ့အခြေအနေ အနေအထားအရ ဥပမာ နိုင်ငံတကာမှာ ဥတုရာသီဖောက်ပြန်မှုတိုက်ဖျက်ရေး ဦးဆောင်လှုပ်ရှားနေတဲ့ Greta လေးလိုမျိုး အသက်၁၆နှစ်အရွယ်အမျိုးသမီးငယ်လေးလို ကမ္ဘာကျော်သွားအောင်အထိ မရှိသေးပေမဲ့ အစဉ်အလာအရ အများကြီးရှိပါတယ် ဒါပေမဲ့ သူတို့ရဲ့ နာမည်တွေ သူတို့ကို မှတ်တမ်းတင်နိုင်မှုတွေကတော့ အားနည်းခဲ့တဲ့အတွက် ကျမတို့မှာ ပြောဆိုရင်တော့ ပြောရခက်တာပေါ့။ ဒါပေမဲ့ အဲ့ဒီ့အမျိုးသမီးငယ်လေးတွေကို မြေတောင်မြှောက်ပေးပြီးတော့ ဘေးကနေ လူမှုအသိုင်းအဝိုင်းက သူ့ရဲ့ပတ်ဝန်းကျင်က အစိုးရတာဝန်ရှိသူတွေက အသိအမှတ်ပြုပြီး သူတို့ရဲ့ လုပ်ဆောင်မှုတွေကို ပိုပြီးတော့မှ စွမ်းစွမ်းတမံ လုပ်ဆောင်နိုင်အောင် ပံ့ပိုးကူညီမှုတွေက အားနည်းနေသေးတော့ ထင်သလောက် မထွက်လာဘူးလို့ ကျမထင်တယ်။ အဲ့ဒီ့တော့ အဲ့လိုသမီးငယ်တွေ အမျိုးသမီးငယ်လေးတွေကို ကျမ အားပေးချင်တာကတော့ ကိုယ်ယုံကြည်တဲ့အလုပ်ကို တစိုက်မတ်မတ်လုပ်ပါ။ လေ့လာသင်ယူချင်တဲ့ ကိစ္စတွေကို အားစိုက်ပြီးတာ့ လေ့လာပါ။ ကိုယ့်ကိုကိုယ်လည်း မညှာပါနဲ့ ညာလည်း မညာပါနဲ့။ တစိုက်မတ်မတ်လုပ်ပါ တနေ့မှာတော့ ကိုယ့်လုပ်ဆောင်ချက်အပေါ် အားလုံးက အသိအမှတ်ပြုမှာပါလို့ ကျမကတော့ အားပေးစကားပြောချင်ပါတယ်။

မြန်မာနိုင်ငံက အမျိုးသမီးတွေ ခေါင်းဆောင်မှု အခန်းကဏ္ဍ အရေးပါပုံတွေအကြောင်း အမျိုးသမီးရေးလှုပ်ရှားသူ မခင်လေးကို ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ မဆုမွန်က တင်ပြပေးထားတာဖြစ်ပါတယ်။

XS
SM
MD
LG