သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသမီးကမ္ဘာ့ဖလား ဂျပန်နဲ့ စပိန် ကွာတားတက်


SOCCER WORLDCUP JAPAN NORWAY

သြစတြေးလျနဲ့ နယူးဇီလန်နိုင်ငံတွေမှာ ကျင်းပနေတဲ့ ဖီဖာအမျိုးသမီး ကမ္ဘာ့ဖလားဘောလုံးပွဲမှာတော့ ဂျပန်နဲ့ စပိန်အသင်းတွေ ကွာတားဖိုင်နယ်ကို တက်သွားပြီဖြစ်ပါတယ်။

ဒုတိယအဆင့်ရှုံးထွက်ပွဲစဉ်တွေကို ဒီနေ့စတင်ကစားတာမှာ ပထမပွဲမှာ စပိန်က ဆွစ်ဇာလန်ကို ၅ ဂိုး ၁ ဂိုး နဲ့ ဂိုးပြတ် အနိုင်ရသွားပါတယ်။ စပိန်အသင်းဟာ ပွဲစပြီး ၄ မိနစ်မှာ ဂိုးစရခဲ့ပေမယ့် ၁၀ မိနစ်မှာ ကွင်းလယ်ကနေ နောက်ကို ပြန်ပေးတာမှာ နားလည်မှုလွဲပြီး ကိုယ့်ဂိုးကိုယ်သွင်းမိလို့ ၁ ဂိုးစီ သရေဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ စပိန်အသင်းက နောက်ထပ် ၄ ဂိုး ထပ်သွင်းတာကြောင့် နောက်ဆုံးမှာ ၅ ဂိုး ၁ ဂိုး နဲ့ နိုင်သွားခဲ့တာပါ။

ဂျပန်နဲ့ နော်ဝေးပွဲမှာတော့ ဂျပန်အသင်းက နော်ဝေးကို ၃ ဂိုး ၁ ဂိုး နဲ့ နိုင်သွားပါတယ်။ ဒီပွဲမှာ နော်ဝေးက ကိုယ့်ဂိုးကိုယ့် ၁ ဂိုးသွင်းလို့ ဂျပန်အသင်းက ဂိုးအရင်ရခဲ့ပြီး ဒါကို နော်ဝေးဘက်က ပြန်ချေလို့ ၁ ဂိုးစီ သရေ ဖြစ်ပါတယ်။ ဒါပေမဲ့ ဂျပန်က ၄၉ မိနစ် နဲ့ မိနစ် ၈၀ တွေမှာ ၂ ဂိုး ထပ်သွင်းပြီး နောက်ဆုံးမှာ ၃ ဂိုး ၁ ဂိုး နဲ့ နိုင်သွားခဲ့ပါတယ်။

သြဂုတ်လ ၆ ရက်နေ့ တနင်္ဂနွေနေ့မှာတော့ နယ်သာလန် နဲ့ တောင်အာဖရိက၊ အမေရိကန် နဲ့ ဆွီဒင်တို့ ကစားကြမှာဖြစ်ပါတယ်။

XS
SM
MD
LG