မြန်မာအပါအ၀င် နိုင်ငံပေါင်း ၁၀၆ နိုင်ငံမှာ ပဋိပက္ခတွေနဲ့ ဆင်းရဲမွဲတေမှုကြောင့် လူကုန်ကူးခံရသူပေါင်း ၂၁ သန်းလောက်ရှိနေတဲ့အကြောင်း လူကုန်ကူးမှု တိုက်ဖျက်ရေးနဲ့ ပတ်သက်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မတ်လ (၁၅)ရက်နေ့က ဆွေးနွေးခဲ့ကြပါတယ်။
မြန်မာနိုင်ငံရဲ့ ပဋိပက္ခဖြစ်ပွားရာ ကချင်နဲ့ ရှမ်းပြည်နယ် အစရှိတဲ့ ဒေသတွေမှာ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေ ဘာကြောင့် လူကုန်ကူးခံနေရတယ်ဆိုတဲ့ အကြောင်း ဒီသတင်းပတ် အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်းက တင်ပြထားပါတယ်။