သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိူ းသမီး သီးသန့်ရထား ထိုင်းမှာပြေးဆွဲမည်


عملہ بسوں میں سوار ہو کر اپنے اپنے پولنگ مراکز پہنچا
عملہ بسوں میں سوار ہو کر اپنے اپنے پولنگ مراکز پہنچا

ထိုင်းနိုင်ငံမှာ ညလုံးပေါက် ခရီးသွားတဲ့ ရထားတစင်းပေါ်မှာ ၁၃ နှစ်အရွယ် မိန်းကလေးငယ်တဦး အဓမ္မပြုကျင့်ခံရပြီး အသတ်ခံခဲ့ရတဲ့ ဖြစ်ရပ် ဖြစ်ခဲ့ပြီးတဲ့နောက် အခုအခါ အမျိုးသမီးသီးသန့် ရထားတွဲတွေ စီစဉ်ဖို့ ထိုင်း မီးရထားပို့ဆောင်ရေး အာဏာပိုင်တွေက ပြင်ဆင်နေပါတယ်။

အမျိုးသမီးနဲ့ အသက် ၁၀ နှစ်အောက် ကလေးငယ်တွေ အတွက် စီစဉ်ထားတဲ့ သီးသန့် ရထားတွဲတွေကို သြဂုတ်လ ၁ ရက်နေ့ကစပြီး စတင် ပြေးဆွဲသွားမယ်လို့ ထိုင်းအစိုးရ မီးရထားဌာနက ပြောပါတယ်။ အစောပိုင်းမှာတုန်းကတော့ အခုလို အမျိုသမီး သီးသန့် ရထားတွဲတွေ ပြေးဆွဲဖို့ ငွေကြေး အရှုံးပေါ်တာကြောင့် ဒီအစီအစဉ်ကို ဖျက်သိမ်းခဲ့တာပါ။

အခု စတင်မယ့် အစီအစဉ်ကြောင့် အမျိုးသမီးတွေနဲ့ ကလေးငယ်တွေရဲ့ လုံခြုံရေးနဲ့ သက်တောင့်သက်သာ ရှိစေရေးကို အာမခံပေးနိုင်လိမ့်မယ်လို့လည်း မီးရထားပို့ဆောင်ရေးဌာနက ပြောပါတယ်။ မီးရထားဝန်ထမ်းတွေရဲ့ ကိုယ်ထိ လက်ရောက် စော်ကားမှုတွေနဲ့ ပတ်သက်ပြီး အုတ်အုတ်ကျက်ကျက် ဖြစ်ခဲ့ကြတဲ့ ထိုင်းလူထုက အခု အစီအစဉ်ကို အားပေးခဲ့ကြပါတယ်။

ခရီးသည်တွေကို ကိုယ်ထိလက်ရောက် ကျူးလွန်မှုနဲ့ အလုပ်သမား နှစ်ဦးကို ဖမ်းဆီးခဲ့သလို၊ မီးရထား အုပ်ချုပ်ရေးမှူးကိုလည်း လက်ရှိ ထိုင်းစစ်အစိုးရက အလုပ်ဖြုတ်ပစ်ခဲ့ပါတယ်။ အမျိုးသမီး သီးသန့်မီးရထားကို အမျိုးသမီး အလုပ်သမားတွေနဲ့ပဲ ပြေးဆွဲသွားမှာဖြစ်တယ်လို့လည်း ဒီဌာနက ပြောပါတယ်၊

XS
SM
MD
LG