သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္စစ္သမီးေလး မျမတ္သက္စု


အေမရိကန္စစ္သမီးေလး မျမတ္သက္စု

အေမရိကန္ျပည္ေထာင္စုမွာ အထက္တန္းအဆင့္ေအာင္ျမင္ခဲ့ၿပီးေနာက္မွာ အေမရိကန္စစ္သားအျဖစ္ ေရြးခ်ယ္ခဲ့တဲ့ မျမတ္သက္စုဟာ အသက္ ၁၆ႏွစ္အရြယ္မွာ အေမရိကန္ျပည္ေထာင္စုကို မေလးရွားနုိင္ငံ ကေန ဒုကၡသည္ကေလးငယ္တဦးအျဖစ္ မိခင္နဲ႔အတူ ေရာက္ရွိလာခဲ့တာျဖစ္ပါတယ္။ ဗာဂ်ီးနီးယားျပည္နယ္ Fort Lee က စစ္သင္တန္းေက်ာင္း တက္ၿပီးတဲ့ေနာက္ Logistics Specialist အျဖစ္ တာဝန္ထမ္းေဆာင္ေတာ့မယ့္ မျမတ္သက္စု ဘာေၾကာင့္ အေမရိကန္ စစ္သား တေယာက္အျဖစ္ ခံယူဖို႔ ဆံုးျဖတ္ခဲ့တာပါလဲ။ စစ္သင္တန္း တက္ေနဆဲ သမီးငယ္ေလး မျမတ္သက္စုအေၾကာင္း အေမရိကန္ျပည္ေထာင္စု နယူးေယာက္ၿမိဳ႕မွာ ရဲဝန္ထမ္းအျဖစ္ တာဝန္ထမ္းေဆာင္ေနတဲ့ မိခင္ျဖစ္သူမလွလွစံကို ဆက္သြယ္ေမးျမန္းၿပီး ဒီသီတင္းပတ္ရဲ႕အမ်ိဳးသမီးက႑မွာ မဆုမြန္ တင္ျပထားပါတယ္။

အေမရိကန္စစ္သမီးေလး မျမတ္သက္စု
please wait

No media source currently available

0:00 0:09:43 0:00
တိုက္႐ိုက္ လင့္ခ္

မဆုမြန္။ ။ မလွလွစံက မေလးရွားႏုိင္ငံကေန အေမရိကန္ျပည္ေထာင္စုကိုေရာက္ လာေတာ့မယ္အခ်ိန္မွာ သမီးငယ္ေလးအတြက္ ၾကိဳတင္ျပင္ဆင္ခဲ့တာေတြ ရွိတယ္။ အထူးသျဖင့္ကေတာ့ ပညာေရးနဲ႔ပတ္သက္လို႔ေပါ့ေနာ္ ေရာက္လာတဲ့အခ်ိန္မွာလည္း မျမတ္သက္စုက အသက္ ၁၆ႏွစ္ပဲရွိေသးတဲ့ ဆယ္ေက်ာ္သက္သမီးေလးဆိုေတာ့ သူ႔အတြက္ ပညာ-ဆက္ၿပီးေတာ့ သင္ႏိုင္ဖို႔ေပါ့ ဘယ္လိုမ်ား အမဘက္က ၾကိဳးစားခဲ့ရတာ ရွိလဲ ေနာက္တခုက မျမတ္သက္စုအေနနဲ႔ ေက်ာင္းေတြေပါ့ အထူးသျဖင့္ နယူးေယာက္က စာသင္ေက်ာင္းေတြမွာ သူ စာလုိက္သင္ႏုိင္ဖို႔အတြက္ သူ႔ဘက္ကေန ၾကိဳးစား အားထုတ္ခဲ့ရတဲ့ အေနအထားတခုကို အမက မိခင္တေယာက္အေနနဲ႔ ရွင္းျပေပးပါဦး။

မလွလွစံ။ ။ ပထမဦးဆံုး အမ မေလးရွားမွာေနတုန္းကေတာ့ အမက သမီးေလးကို Refugees ေတြ တက္လို႔ရတဲ့ေက်ာင္းတခုေပါ့ေနာ္ အဲ့ဒီ့မွာသူ အဂၤလိပ္စာ သင္ခဲ့ရတယ္ ဆိုေတာ့ သမီးေလးမွာ အဂၤလိပ္စာအေျခခံရွိတယ္။ သမီးေလးက အထိုက္အေလ်ာက္ အဂၤလိပ္စာမွာ အေျခခံရွိခဲ့တယ္။ အမတို႔ နယူးေယာက္ Queens ကိုေရာက္တဲ့အခါမွာ အမတို႔မွာ အသိမိတ္ေဆြ မရွိဘူး အမတို႔ ဘယ္ကေန ဘယ္လို ကေလးကို ေက်ာင္းစ ထားရမွန္း မသိဘူး။ မသိေတာ့ အမက Department of Education ကို သြားၿပီးေတာ့ ငါတို႔ကေတာ့ Refugee အေနနဲ႔လာတယ္ ငါ့သမီးေလး ေက်ာင္းတက္ခ်င္တယ္ ဆိုေတာ့ အမွန္အတိုင္းေျပာရရင္ အမသမီးေလးအသက္က ၾကီးေနတယ္။

အဲ့ဒီ့မွာ Department of Education DOE ကေန အမတို႔ကိုေမးတယ္။ နင္တို႔ မေလးရွားမွာ ဘယ္ႏွစ္တန္းအထိ ေက်ာင္းတက္ခဲ့သလဲတဲ့။ Certificate ပါလာခဲ့လားဆိုေတာ့ အမက မပါလာခဲ့ဘူး။ ယူရေကာင္းမွန္းလည္း မသိသလို အဲ့ဒီ့ေက်ာင္းကလည္း မေပးဘူး။ အဲ့ဒီ့မွာတင္ DOE ကေနၿပီးေတာ့ အမတို႔အိမ္လိပ္စာနဲ႔ သက္ဆုိင္တဲ့ Newtown High School ကိုလႊဲလိုက္တယ္ အဲ့ဒီ့ေက်ာင္းမွာ အမသမီးက Grade 9 ကေန စတက္ရတယ္။

အဲ့ဒီ့ေက်ာင္းမွာ ေက်ာင္းစအပ္တဲ့အခ်ိန္ သြားတက္ေတာ့ သမီးေလးကို သူတို႔က ေရးေျဖေတြေျဖ ခိုင္းတယ္။ ၿပီးတဲ့ခါက်ေတာ့ အဂၤလိပ္စာ ဖတ္ခုိင္းတယ္။ သမီးေလးက ဖတ္ႏိုင္တယ္။ အဲ့ဒီ့မွာတင္ သမီးေလးကို Grade 9 ကေန စတက္ခုိင္းတယ္ အဆင့္မွီတယ္ ဆိုရင္ေတာ့ နင့္ကို ငါတို႔ေတြက အတန္းခုန္ေပးမယ္ လို႔ေျပာတယ္ ဒါေပမဲ့ သူတို႔ အတန္းေတာ့ မခုန္ေပးဘူး။ Grade 9 ကေနပဲ သမီးေလးက စတက္ခဲ့ရတယ္။ အဲ့ဒီ့ေတာ့ အမက သမီးေလးကို အားေပးတယ္။ သမီးေလး နင္က Grade 9 ထက္ အသက္ေတာ့ၾကီး သြားတယ္။ ဒါေပမဲ့ အားမငယ္နဲ႔ Basic ကေန စျပန္အားယူတယ္လို႔ သေဘာထား ဆိုၿပီးေတာ့ သမီးေလးကို အမက စိတ္ဓာတ္ခြန္အားေပးၿပီးေတာ့ သူ Newtown High School ကေန စတက္ခဲ့ရတယ္။ Grade 10 ေရာက္ေတာ့ သူ႔ေက်ာင္းကေန ေမဂ်ာခြဲတယ္။ ေမဂ်ာခြဲတဲ့အခါမွာ သမီးေလးကို ဘယ္ေမဂ်ာယူမလဲ ဆိုၿပီးေတာ့ ေမးတဲ့အခါမွာ သမီးေလး ေရြးခ်ယ္တာက ကြန္ပ်ဴတာနဲ႔ ဒုတိယက Business ကိုသူေရြးခ်ယ္တယ္။ သို႔ေသာ္လည္းပဲ သူေရြးခ်ယ္တဲ့ ဘာသာရပ္ႏွစ္ခုစလံုး မွာ ႏွစ္ခုစလံုးကို မရပဲနဲ႔ သူ႔ကိုေရြးခ်ယ္ေပးလုိက္တဲ့ေမဂ်ာက “Forensic Sciences” ျဖစ္ေနတယ္။ “Forensic Sciences” က ေျပာရရင္ အမတို႔မွာ လံုးဝ background knowledge လံုးဝမရွိခဲ့ဘူး သားအမိႏွစ္ေယာက္စလံုးမွာ။ ဒါေပမဲ့ သမီးေလးက သူ- မေရြးခ်ယ္ခဲ့တဲ့ ဘာသာရပ္ကို ရခဲ့ေပမဲ့ သူၾကိဳးစားတယ္ ေလ့လာခဲ့တဲ့အခါဟာ “Forensic Sciences”ကို သူစိတ္ဝင္စား သြားတယ္။ သူစိတ္ဝင္စားသြားတာက Criminal Justice နဲ႔ပတ္သက္ၿပီးေတာ့။

မဆုမြန္။ ။ ဟုတ္ကဲ့ အခုဆိုလို႔ရွိရင္လည္း မျမတ္သက္စုက အေမရိကန္စစ္တပ္မွာ တာဝန္ ထမ္းေဆာင္ႏုိင္ဖို႔ သူသြားၿပီးေတာ့ အေျခခံစစ္ပညာသင္တန္း သြားတက္ေနတယ္လို႔ သိရပါတယ္။ ဆိုေတာ့ စစ္သင္တန္းတက္ဖို႔ သူဘာျဖစ္လို႔ဆံုးျဖတ္ခဲ့တာလဲ။ သူ႔ရဲ႕ကိုယ္ပိုင္ ဆံုးျဖတ္ခ်က္လား။ ဒီလိုအေမရိကန္စစ္တပ္မွာ တာဝန္ထမ္းေဆာင္ဖို႔ သူ ဘာေၾကာင့္ေရြး ခ်ယ္ျဖစ္ ခဲ့တာလဲ။ သူ႔ကိုယ္ပိုင္ဆံုးျဖတ္ခ်က္လား ဒါမွမဟုတ္ မိခင္ျဖစ္သူရဲ႕ ေရြးခ်ယ္ေပး ခဲ့မႈေၾကာင့္လား အဲ့တာေလး ေျပာျပေပးပါ။

မလွလွစံ။ ။ Grade 10 မွာ သူတို႔ေက်ာင္းကို Army နဲ႔ပတ္သက္ၿပီးေတာ့ Army Recruiting ေတြလာတယ္။ လာၿပီးေျပာေတာ့ အဲ့ဒီ့မွာ သူက စိတ္ဝင္စားတယ္။ ဆြဲၾကိဳးေလးရေတာ့ သူက ေျပာတယ္။ ေမၾကီး မီးမီး Army ထဲကို Join ခ်င္တယ္ေပါ့။ အဲ့ေတာ့ အမက သေဘာမတူ ဘူးေပါ့ ညီမရယ္ ေျပာရရင္ေတာ့။ လံုးဝပဲ သေဘာမတူဘူး နင္တေယာက္ တည္း ငါ့မွာရွိတာ ငါလံုးဝ သေဘာမတူဘူး။ နင့္ကိုငါ မခြဲႏိုင္ဘူး ေျပာရရင္ မိခင္တေယာက္ ရဲ႕ အတၱေပါ့။ သူကေျပာတယ္။ ေမၾကီး စစ္သားဆိုတာ စစ္တုိက္တာတခုတည္းမဟုတ္ဘူး ေရြးခ်ယ္စရာ Options ေတြ အမ်ားၾကီးရွိတယ္ေပါ့။ သူေျပာရွာတယ္ ဒါေပမဲ့ ပထမ တႏွစ္မွာ အမ လံုးဝ သေဘာမတူခဲ့ဘူး။ သူ႔ကိုပညာေရးပဲ အာ႐ံုစိုက္ေပါ့ေနာ္ စစ္တပ္ကို မလုပ္နဲ႔ ဘာျဖစ္တယ္ ညာျဖစ္တယ္ေပါ့။ Grade 11 ေရာက္တဲ့အခါက်ေတာ့ Army Recruiting တခါ လာျပန္ေရာ လာေတာ့လည္း သူက တခါထပ္ေျပာတယ္ မီးမီးတို႔ေက်ာင္း ကို လာတယ္။ အဲ့ဒီ့မွာ သူက အမကို ထပ္ၿပီး တၾကိမ္ထပ္ေတာင္းဆိုတယ္။ အဲ့လိုေတာင္း ဆိုေတာ့ အဲ့ဒီ့အခါမွာ အမက အေလးအနက္ ျပန္စဥ္းစားျဖစ္တယ္။ သမီးေလးကို အမက အျမဲတမ္း မိခင္အတၱနဲ႔တသက္လံုး အမ ထားလို႔လည္းမျဖစ္ဘူးေလ။ အဲ့မွာတင္ အမက သူ႔ကိုခြင့္ျပဳလိုက္တဲ့အခါမွာ သူ Grade 11 မွာ List ေပးလိုက္တယ္ List ေပးၿပီးတဲ့အခါ က်ေတာ့ သူ႔ရဲ႕ Army ရဲ႕ သေဘာက အနည္းဆံုး High School ၿပီးရမွာ။ အဲ့လို List ေပးၿပီးၿပီဆိုရင္ High School ကာလမွာ အျမဲတမ္း Army ရဲ႕ Activities ေတြ အားလံုးကို Keep in touch အျမဲလုပ္တယ္။

ဥပမာ စေနေန႔တုိင္းမွာ Future Soldier training ဆိုတာရွိတယ္။ Future Soldier training ေတြကို သူအျမဲတမ္းသြားတယ္။ Activities ေတြလုပ္တယ္။ ေနာက္ပိုင္းမွာေတာ့ Step by Step ေပါ့ေနာ္ သူ႔ကို Physical Test ေတြ Medical Examination ေတြလုပ္တယ္ ေနာက္ဆံုး က်မ္းသစၥာက်ိန္ဆိုတဲ့ အဆင့္ေတြၿပီးေတာ့ အထက္တန္းေက်ာင္း Graduation ၿပီးတဲ့အခါ တပတ္မွာပဲ စစ္ပညာအေျခခံသင္တန္း South Carolina ျပည္နယ္ မွာ သူသြားတက္ရ တယ္။ အခုေတာ့ သူၿပီးသြားၿပီ။ သူၿပီးေတာ့ စာေမးပြဲေျဖခိုင္းတဲ့အခါမွာ သခ်ၤာ အမွတ္ေကာင္း တဲ့ အတြက္ေၾကာင့္ Logistics လုပ္ငန္းခြင္ကိုရတယ္။ သူ႔ရဲ႕ရာထူး တာဝန္က Logistics Specialist အျဖစ္ လုပ္ရတယ္။ ဒီလို Logistics Specialist တေယာက္ အျဖစ္ ရပ္တည္ဖို႔အတြက္ အခု သူက ဗာဂ်ီးနီးယား Fort Lee မွာ သူဒီပညာကို ဆက္သင္ေနပါတယ္။ ၿပီးရင္ေတာ့ သူ Graduation တခါ ထပ္ၿပီးမယ္ေပါ့ ၿပီးသြားၿပီဆို ရင္ေတာ့ အေမရိကန္ျပည္ေထာင္စုရဲ႕ ျပည္ပ Over Sea ကို သူ႔ကို ေစလႊတ္ျခင္းခံရမယ္ေပါ့။ ဘယ္ႏိုင္ငံကို တာဝန္က်မလဲဆိုတာေတာ့ အမတို႔မသိေသးဘူး။

မဆုမြန္။ ။ ဟုတ္ကဲ့ အဲ့ဒီ့ေတာ့ မလွလွစံကိုေမးခ်င္တာကေတာ့ ကိုယ္ကိုတိုင္ကလည္း နယူးေယာက္ၿမိဳ႕မွာ ရဲအရာရွိအျဖစ္ တာဝန္ထမ္းေဆာင္ေနတယ္။ အခုဆိုရင္ သမီးငယ္ေလး ကလည္း အေမရိကန္စစ္တပ္မွာ စစ္သားတေယာက္အေနနဲ႔ တာဝန္ ထမ္းေဆာင္ဖို႔ အသင့္အေနအထားအထိျဖစ္ေနၿပီေပါ့ေနာ္။ ဆိုေတာ့ အေမရိကန္ျပည္ေထာင္စုကို ေရႊ႕ေျပာင္းေရာက္ရွိလာတဲ့သူေတြထဲမွာ ကေလးငယ္ေလးေတြထဲမွာ ဒီမွာပဲေမြးၿပီး ၾကီးျပင္းလာတာေတြရွိတယ္ ဒါေပမဲ့ မျမတ္သက္စု ဆိုရင္ေတာ့ ဆယ္ေက်ာ္သက္ အရြယ္ေလးကေန စၾကိဳးစားခဲ့ရတာဆိုေတာ့ ဒီလိုမ်ိဳး အေမရိကန္ျပည္ေထာင္စုကို ေရာက္ရွိ္လာၾကမယ့္ မိသားစုေတြထဲမွာ ကိုယ့္ရင္ေသြး ကိုယ့္သားသမီးေလးေတြ အတြက္ ဘဝ အာမခံခ်က္ရွိဖို႔ အနာဂတ္ေကာင္းမြန္ဖို႔ အတြက္ မိဘေတြအေနနဲ႔ ဘယ္လိုမ်ိဳးအားေပးမႈေတြနဲ႔ ေဆာင္ရြက္သင့္လဲဆိုတာ အမအေနနဲ႔ အခ်င္းခ်င္းကို ျပန္ၿပီးေတာ့ အားေပးစကားေျပာခ်င္တာ မွ်ေဝခ်င္တာ ရွိပါလဲရွင္။

မလွလွစံ။ ။ ေျပာရမယ္ဆိုရင္ေတာ့ အမ်ားၾကီးေပါ့ ညီမရယ္ ဥပမာဆိုရင္ အမသမီးေလးဆိုရင္ နယူးေယာက္မွာ ေမြးခဲ့တာမဟုတ္ဘူး။ ေရာက္ေရာက္ခ်င္း သူ Grade 9 ကေန စတက္ခဲ့ရတယ္။ သူငယ္ခ်င္းအေပါင္းအသင္းေတြ အကုန္လံုးဆိုတာကလည္း သူ႔လို refugee မဟုတ္ဘူး။ ဒါေပမဲ့ သမီးေလးကို အမက မလိမ္ခိုင္းဘူး။ သူတို႔ေတြဆိုရင္ သမီးေလးကို အထူးဆန္းလိုျဖစ္ေနတယ္။ ဒီေက်ာင္းမွာ ရွိတဲ့ ကေလးေလးေတြက ဒီေက်ာင္းမွာ Refugee ဆိုတာ သူတို႔လံုးဝ မသိခဲ့ဘူး။ သမီးေလးကိုျမင္မွ Refugee ဆိုတာ ဒါဆိုတာ သိတာ ဆရာမေတြကအစ။ ေဖးမၾကတယ္ ညီမရယ္ ေျပာရရင္ သမီးေလးကို သူတို႔ေဖးမေပးၾကတယ္။ အမေျပာခ်င္တာကေတာ့ မိခင္တိုင္း မိခင္တိုင္းေပါ့ေနာ္။ အဓိက ကေတာ့ မိဘလို႔ပဲ သံုးခ်င္တယ္ အမကေတာ့ အေဖေနရာကေရာ အေမေနရာကေရာ တာဝန္ယူရတဲ့သူတေယာက္အေနနဲ႔ သားသမီးကို ရင္အုပ္မကြာ ထားေစခ်င္တယ္။ အမ အလုပ္လုပ္တဲ့ေနရာမွာလည္း ဥပမာ အမ အလုပ္ ၃ ၄ ၅ခု အမ မလုပ္ဘူး။ သမီးေလးနဲ႔ပဲ အမ အခ်ိန္ေပးၿပီး အမ ကိုယ္ပိုင္အခ်ိန္ကိုပဲ အမ ထားတယ္။ ၿပီးတဲ့အခါမွာ သားသမီးအတြက္ကို အမတို႔က ဘယ္ျဖစ္ေစခ်င္တာလဲ ကိုယ္ျဖစ္ခ်င္တဲ့ဆႏၵတခုရယ္ သားသမီးျဖစ္ခ်င္တဲ့ ဆႏၵတခုရယ္ သားသမီးကိုလည္း အရင္ေမးရတယ္ သားသမီး ဘာျဖစ္ခ်င္တာလဲ အဲ့ဒီ့ဆႏၵႏွစ္ခုက ေပါင္းၿပီးေတာ့ ဘယ္လမ္းကိုေလွ်ာက္မလဲ။ ေနာက္တခုက သားသမီးကို အေျခခံေကာင္းတခုျဖစ္ဖို႔ အေျခခံေကာင္းတခုေတာ့ Foundation က်က်ေလး အရင္လုပ္ေပးသင့္တယ္ေပါ့။

ဥပမာ ပညာေရးေပါ့ မလာခင္ေပါ့ တျခားႏုိင္ငံတခုခုမွာ ရွိေနရင္ အေမရိကန္ျပည္ေထာင္စုကို မလာခင္ ပညာေရးတခုခုကို သင္ယူေစခ်င္တယ္။ တတ္ေျမာက္ေစခ်င္တယ္။ ထူးခၽြန္စရာမလိုဘူး ဥပမာ အဂၤလိပ္စာဆိုရင္ ကိုယ္ကိုတိုင္လည္း ေလ့လာ အဂၤလိပ္စာနဲ႔ပတ္သက္ရင္ သားသမီးကိုလည္း အဂၤလိပ္စာကို ေလ့လာေစခဲ့ခ်င္တယ္။ အေျပာေရာ အေရးေရာ အဖတ္ေရာ အကုန္လံုးေပါ့။ အကုန္လံုးကို ေသခ်ာျပင္ဆင္ၿပီးေတာ့ အမကေတာ့ လာေစခ်င္တယ္။ လာတဲ့အခါမွာလည္း ဒီမွာ ၾကံဳေတြ႔ရမွာေတြ အမ်ားၾကီးရွိတယ္။ ကိုယ္ေရြးခ်ယ္တဲ့ေနရာေဒသ အေပၚမွာ မူတည္ၿပီးေတာ့ ရင္ဆိုင္မႈေတြကေတာ့ အမ်ားၾကီးပဲ။ ကိုယ့္လူမ်ိဳးအခ်င္းခ်င္းမွာလည္း ကိုယ့္အေပၚ စိန္ေခၚမႈေတြရွိတယ္။ အဲ့ဒီ့ဟာေတြအတြက္ကို မိိခင္တေယာက္အေနနဲ႔ မားမားမတ္မတ္နဲ႔ စိတ္ဓာတ္ခုိင္မာဖို႔လည္းလိုသလို ကိုယ့္ကိုကိုယ္လည္း ရပ္တည္ႏုိင္ရမယ္ သားသမီးရဲ႕အေရွ႕မွာလည္း မားမားမတ္မတ္ရပ္တည္ႏုိင္တဲ့ စိတ္ဓာတ္ေတာ့ ရွိေစခ်င္တာေပါ့ေနာ္ ညီမ။

အဆင့္ျမင့္စစ္သင္တန္းတက္ေနတဲ့ အေမရိကန္စစ္သမီး သမီးငယ္ေလး မျမတ္သက္စုအေၾကာင္း အေမရိကန္ျပည္ေထာင္စု နယူးေယာက္ၿမိဳ႕မွာ ရဲဝန္ထမ္းအျဖစ္ တာဝန္ထမ္းေဆာင္ေနတဲ့ မိခင္ျဖစ္သူမလွလွစံကို ဆက္သြယ္ေမးျမန္းၿပီး ဒီသီတင္းပတ္ရဲ႕အမ်ိဳးသမီးက႑မွာ မဆုမြန္ တင္ျပထားတာျဖစ္ပါတယ္။

(UNICODE VERSION)

အမေရိကန်စစ်သမီးလေး မမြတ်သက်စု

အထက်တန်းအဆင့်အောင်မြင်ခဲ့ပြီးနောက်မှာ အမေရိကန်စစ်သားအဖြစ် ရွေးချယ်ခဲ့တဲ့ မမြတ်သက်စုဟာ အသက် ၁၆နှစ်အရွယ်မှာ အမေရိကန်ပြည်ထောင်စုကို မလေးရှားနိုင်ငံကနေ ဒုက္ခသည်ကလေးငယ်တဦးအဖြစ် မိခင်နဲ့အတူ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ဗာဂျီးနီးယားပြည်နယ် Fort Lee က စစ်သင်တန်းကျောင်း တက်ပြီးတဲ့နောက် Logistics Specialist အဖြစ် တာဝန်ထမ်းဆောင်တော့မယ့် မမြတ်သက်စု ဘာကြောင့် အမေရိကန်စစ်သား တယောက်အဖြစ် ခံယူဖို့ ဆုံးဖြတ်ခဲ့တာပါလဲ။ စစ်သင်တန်းတက်နေဆဲ သမီးငယ်လေး မမြတ်သက်စုအကြောင်း အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ရဲဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ မိခင်ဖြစ်သူမလှလှစံကို ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ မဆုမွန် တင်ပြထားပါတယ်။

မဆုမွန်။ ။ မလှလှစံက မလေးရှားနိုင်ငံကနေ အမေရိကန်ပြည်ထောင်စုကိုရောက်လာတော့မယ်အချိန်မှာ သမီးငယ်လေးအတွက် ကြိုတင်ပြင်ဆင်ခဲ့တာတွေ ရှိတယ်။ အထူးသဖြင့် ပညာရေးနဲ့ပတ်သက်လို့ပေါ့နော် ရောက်လာတဲ့အချိန်မှာလည်း မမြတ်သက်စုက အသက် ၁၆နှစ်ပဲရှိသေးတဲ့ ဆယ်ကျော်သက်သမီးလေးဆိုတော့ သူ့အတွက် ပညာဆက်ပြီးတော့ သင်နိုင်ဖို့ပေါ့ ဘယ်လိုများ အမဘက်က ကြိုးစားခဲ့ရတာရှိလဲ နောက်တခုက မမြတ်သက်စုအနေနဲ့ ကျောင်းတွေပေါ့ အထူးသဖြင့် နယူးယောက်က စာသင်ကျောင်းတွေမှာ သူ စာလိုက်သင်နိုင်ဖို့အတွက် သူ့ဘက်ကနေ ကြိုးစားအားထုတ်ခဲ့ရတဲ့အနေအထားတခုကို အမက မိခင်တယောက်အနေနဲ့ ရှင်းပြပေးပါဦး။

မလှလှစံ။ ။ ပထမဦးဆုံး မလေးရှားမှာနေတုန်းကတော့ အမက သမီးလေးကို Refugees တွေ တက်လို့ရတဲ့ကျောင်းတခုပေါ့နော် အဲ့ဒီ့မှာသူ အင်္ဂလိပ်စာသင်ခဲ့ရတယ်ဆိုတော့ သမီးလေးမှာ အင်္ဂလိပ်စာအခြေခံရှိတယ်။ သမီးလေးက အထိုက်အလျောက် အင်္ဂလိပ်စာ အခြေခံရှိခဲ့တယ်။ အမတို့ နယူးယောက် Queens ကိုရောက်တဲ့အခါမှာ အမတို့မှာ အသိမိတ်ဆွေမရှိဘူး အမတို့ ဘယ်ကနေ ဘယ်လိုကလေးကို ကျောင်းစထားရမှန်းမသိဘူး။ မသိတော့ အမက Department of Education ကို သွားပြီးတော့ ငါတို့ကတော့ Refugee အနေနဲ့လာတယ် ငါ့သမီးလေး ကျောင်းတက်ချင်တယ် ဆိုတော့ အမှန်အတိုင်းပြောရရင် အမသမီးလေးအသက်က ကြီးနေတယ်။ အဲ့ဒီ့မှာ Department of Education DOE ကနေ အမတို့ကိုမေးတယ်။ နင်တို့ မလေးရှားမှာ ဘယ်နှစ်တန်းအထိ ကျောင်းတက်ခဲ့သလဲတဲ့။ Certificate ပါလာခဲ့လားဆိုတော့ အမက မပါလာခဲ့ဘူး။ ယူရကောင်းမှန်းလည်းမသိသလို အဲ့ဒီ့ကျောင်းကလည်း မပေးဘူး။ အဲ့ဒီ့မှာတင် DOE ကနေ အမတို့အိမ်လိပ်စာနဲ့ သက်ဆိုင်တဲ့ Newtown High School ကိုလွှဲလိုက်တယ် အဲ့ဒီ့ကျောင်းမှာ အမသမီးက Grade 9 ကနေ စတက်ရတယ်။

အဲ့ဒီ့ကျောင်းမှာ စစသွားတက်တော့ သမီးလေးကို ရေးဖြေတွေဖြေခိုင်းတယ်။ ပြီးတဲ့ခါကျတော့ အင်္ဂလိပ်စာ ဖတ်ခိုင်းတယ်။ သမီးလေးက ဖတ်နိုင်တယ်။ အဲ့ဒီ့မှာတင် သမီးလေးကို Grade 9 ကနေ စတက်ခိုင်းတယ် အဆင့်မှီတယ်ဆိုရင်တော့ နင့်ကိုငါတို့တွေက အတန်းခုန်ပေးမယ် လို့ပြောတယ် ဒါပေမဲ့ သူတို့ အတန်းတော့ မခုန်ပေးဘူး။ Grade 9 ကနေပဲ သမီးလေးက စတက်ခဲ့ရတယ်။ အဲ့ဒီ့တော့ အမက သမီးလေးကို အားပေးတယ်။ သမီးလေး နင်က Grade 9 ထက် အသက်တော့ကြီးသွားတယ်။ ဒါပေမဲ့ အားမငယ်နဲ့ Basic ကနေ စပြန်အားယူတယ်လို့ သဘောထားဆိုပြီးတော့ သမီးလေးကို အမက စိတ်ဓာတ်ခွန်အားပေးပြီးတော့ သူ Newtown High School ကနေ စတက်ခဲ့ရတယ်။ Grade 10 ရောက်တော့ သူ့ကျောင်းကနေ မေဂျာခွဲတယ်။ မေဂျာခွဲတဲ့အခါမှာ သမီးလေးကို ဘယ်မေဂျာယူမလဲဆိုပြီးတော့ သမီးလေး ရွေးချယ်တာက ကွန်ပျူတာနဲ့ ဒုတိယက Business ကိုသူရွေးချယ်တယ်။သို့သော်လည်းပဲ သူရွေးချယ်တဲ့ ဘာသာရပ်နှစ်ခုစလုံး မှာ နှစ်ခုစလုံးကို မရပဲနဲ့ သူ့ကိုရွေးချယ်ပေးလိုက်တဲ့မေဂျာက “Forensic Sciences” ဖြစ်နေတယ်။ “Forensic Sciences” က ပြောရရင် အမတို့မှာ လုံးဝ background knowledge လုံးဝမရှိခဲ့ဘူး သားအမိနှစ်ယောက်စလုံးမှာ။ ဒါပေမဲ့ သမီးလေးက သူမရွေးချယ်ခဲ့တဲ့ ဘာသာရပ်ကို ရခဲ့ပေမဲ့ သူကြိုးစားတယ် လေ့လာခဲ့တဲ့အခါဟာ “Forensic Sciences” ကို သူစိတ်ဝင်စားသွားတယ်။ သူစိတ်ဝင်စားသွားတာက Criminal Justice နဲ့ပတ်သက်ပြီးတော့။

မဆုမွန်။ ။ ဟုတ်ကဲ့ အခုဆိုလို့ရှိရင်လည်း မမြတ်သက်စုက အမေရိကန်စစ်တပ်မှာ တာဝန်ထမ်းဆောင်နိုင်ဖို့ အခြေခံစစ်ပညာသင်တန်း သွားတက်နေတယ်လို့သိရပါတယ်။ ဆိုတော့ စစ်သင်တန်းတက်ဖို့ သူဘာဖြစ်လို့ဆုံးဖြတ်ခဲ့တာလဲ။ သူ့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်လား။ ဒီလိုအမေရိကန်စစ်တပ်မှာ တာဝန်ထမ်းဆောင်ဖို့ သူ ဘာကြောင့်ရွေးချယ်ဖြစ်ခဲ့တာလဲ။ သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်လား မိခင်ဖြစ်သူရဲ့ ရွေးချယ်ပေးခဲ့မှုကြောင့်လား အဲ့တာလေး ပြောပြပေးပါ။

မလှလှစံ။ ။ Grade 10 မှာ သူတို့ကျောင်းကို Army နဲ့ပတ်သက်ပြီးတော့ Army Recruiting တွေလာတယ်။ လာပြီးပြောတော့ အဲ့ဒီ့မှာ သူက စိတ်ဝင်စားတယ်။ ဆွဲကြိုးလေးရတော့ သူက ပြောတယ်။ မေကြီး မီးမီး Army ထဲကို Join ချင်တယ်ပေါ့။ အဲ့တော့ အမက သဘောမတူပေါ့ ညီမရယ် ပြောရရင်တော့။ လုံးဝပဲ သဘောမတူဘူး နင်တယောက်တည်း ငါ့မှာရှိတာ ငါလုံးဝ သဘောမတူဘူး။ နင့်ကိုငါ မခွဲနိုင်ဘူး ပြောရရင် မိခင်တယောက်ရဲ့ အတ္တပေါ့။ မေကြီး စစ်သားဆိုတာ စစ်တိုက်တာတခုတည်းမဟုတ်ဘူး ရွေးချယ်စရာ Options တွေ အများကြီးရှိတယ်ပေါ့။ သူပြောရှာတယ် ဒါပေမဲ့ ပထမတနှစ်မှာ အမ လုံးဝ သဘောမတူခဲ့ဘူး။ သူ့ကိုပညာရေးပဲ အာရုံစိုက်ပေါ့နော် စစ်တပ်ကို မလုပ်နဲ့ ဘာဖြစ်တယ် ညာဖြစ်တယ်ပေါ့။ Grade 11 မှာ Army Recruiting တခါ လာပြန်ရော လာတော့လည်း သူက တခါထပ်ပြောတယ် မီးမီးတို့ကျောင်းကို လာတယ်။ အဲ့ဒီ့မှာ သူက အမကို တကြိမ်ထပ်တောင်းဆိုတယ်။ အဲ့လိုတောင်းဆိုတော့ အဲ့ဒီ့အခါမှာ အမက အလေးအနက် ပြန်စဉ်းစားဖြစ်တယ်။ သမီးလေးကို အမက အမြဲတမ်း မိခင်အတ္တနဲ့တသက်လုံး အမ ထားလို့လည်းမဖြစ်ဘူးလေ။ အဲ့မှာတင် အမက သူ့ကိုခွင့်ပြုလိုက်တဲ့အခါမှာ သူ Grade 11 မှာ List ပေးလိုက်တယ် List ပေးပြီးတဲ့အခါကျတော့ သူ့ရဲ့ Army ရဲ့ သဘောက အနည်းဆုံး High School ပြီးရမှာ။ အဲ့လို List ပေးပြီးပြီဆိုရင် High School ကာလမှာ အမြဲတမ်း Army ရဲ့ Activities တွေ အားလုံးကို Keep in touch အမြဲလုပ်တယ်။ ဥပမာ စနေနေ့တိုင်းမှာ Future Soldier training ဆိုတာရှိတယ်။ Future Soldier training တွေကို သူအမြဲတမ်းသွားတယ်။ Activities တွေလုပ်တယ်။ နောက်ပိုင်းမှာတော့ Step by Step ပေါ့နော် Physical Test တွေ Medical Examination တွေလုပ်တယ် နောက်ဆုံး ကျမ်းသစ္စာကျိန်ဆိုတဲ့ဟာတွေပြီးတော့ အထက်တန်းကျောင်း Graduation ပြီးတဲ့အခါ တပတ်မှာပဲ စစ်ပညာအခြေခံသင်တန်း South Carolina မှာ သူသွားတက်ရတယ်။ အခုသူပြီးသွားပြီ။ သူပြီးတော့ စာမေးပွဲဖြေခိုင်းတဲ့အခါမှာ သင်္ချာအမှတ်ကောင်းတဲ့ အတွက်ကြောင့် Logistics လုပ်ငန်းခွင်ကိုရတယ်။ သူ့ရဲ့ရာထူးတာဝန်က Logistics Specialist အဖြစ် လုပ်ရတယ်။ ဒီလို Logistics Specialist အဖြစ် ရပ်တည်ဖို့အတွက် အခု သူက ဗာဂျီးနီးယား Fort Lee မှာ သူဒီပညာကို ဆက်သင်နေပါတယ်။ ပြီးရင်တော့ သူ Graduation တခါထပ်ပြီးမယ်ပေါ့ ပြီးသွားပြီဆိုရင်တော့ အမေရိကန်ပြည်ထောင်စုရဲ့ ပြည်ပ Over Sea ကို စေလွှတ်ခြင်းခံရမယ်ပေါ့။ ဘယ်နိုင်ငံကို တာဝန်ကျမလဲဆိုတာတော့ အမတို့မသိသေးဘူး။

မဆုမွန်။ ။ ဟုတ်ကဲ့ အဲ့ဒီ့တော့ မလှလှစံကိုမေးချင်တာကတော့ ကိုယ်ကိုတိုင်ကလည်း နယူးယောက်မြို့မှာ ရဲအရာရှိအဖြစ် တာဝန်ထမ်းဆောင်နေတယ်။ အခုဆိုရင် သမီးငယ်လေးကလည်း အမေရိကန်စစ်တပ်မှာ စစ်သားတယောက်အနေနဲ့ တာဝန်ထမ်းဆောင်ဖို့ အသင့်အနေအထားအထိဖြစ်နေပြီပေါ့နော်။ ဆိုတော့ အမေရိကန်ပြည်ထောင်စုကို ရွှေ့ပြောင်းရောက်ရှိလာတဲ့သူတွေထဲမှာ ကလေးငယ်လေးတွေထဲမှာ ဒီမှာပဲမွေးပြီး ကြီးပြင်းလာတာတွေရှိတယ် ဒါပေမဲ့ မမြတ်သက်စုဆိုရင်တော့ ဆယ်ကျော်သက်အရွယ်လေးကနေ စကြိုးစားခဲ့ရတာဆိုတော့ ဒီလိုမျိုး အမေရိကန်ပြည်ထောင်စုကို ရောက်ရှိလာကြမယ့် မိသားစုတွေထဲမှာ ကိုယ့်ရင်သွေး ကိုယ့်သားသမီးလေးတွေ အတွက် ဘဝ အာမခံချက်ရှိဖို့ အနာဂတ်ကောင်းမွန်ဖို့အတွက် မိဘတွေအနေနဲ့ ဘယ်လိုမျိုးအားပေးမှုတွေနဲ့ ဆောင်ရွက်သင့်လဲဆိုတာ အချင်းချင်းကို ပြန်ပြီးတော့ အားပေးစကားပြောချင်တာ မျှဝေချင်တာ ရှိပါလဲရှင်။

မလှလှစံ။ ။ ပြောရမယ်ဆိုရင်တော့ အများကြီးပေါ့ ညီမရယ် အမသမီးလေးဆိုရင် နယူးယောက်မှာ မွေးခဲ့တာမဟုတ်ဘူး။ ရောက်ရောက်ချင်း သူ Grade 9 ကနေ စတက်ခဲ့ရတယ်။ သူငယ်ချင်းအပေါင်းအသင်းတွေဆိုတာကလည်း သူ့လို refugee မဟုတ်ဘူး။ ဒါပေမဲ့ သမီးလေးကို အမက မလိမ်ခိုင်းဘူး။ သူတို့တွေဆိုရင် သမီးလေးကို အထူးဆန်းလိုဖြစ်နေတယ်။ ဒီကျောင်းမှာ ရှိတဲ့ ကလေးလေးတွေက ဒီကျောင်းမှာ Refugee ဆိုတာ သူတို့လုံးဝ မသိခဲ့ဘူး။ သမီးလေးကိုမြင်မှ Refugee ဆိုတာ သိတာ ဆရာမတွေကအစ။ ဖေးမကြတယ် ညီမရယ် ပြောရရင် သမီးလေးကို သူတို့ဖေးမပေးကြတယ်။ အမပြောချင်တာကတော့ မိခင်တိုင်း မိခင်တိုင်းပေါ့နော်။ အမကတော့ အဖေနေရာကရော အမေနေရာကရော တာဝန်ယူရတဲ့သူတယောက်အနေနဲ့ သားသမီးကို ရင်အုပ်မကွာ ထားစေချင်တယ်။ အမ အလုပ်လုပ်တဲ့နေရာမှာလည်း ဥပမာ အမ အလုပ် ၃ ၄ ၅ခု အမ မလုပ်ဘူး။ သမီးလေးနဲ့ပဲ အမ အချိန်ပေးပြီး အမ ကိုယ်ပိုင်အချိန်ကိုပဲ အမ ထားတယ်။ ပြီးတဲ့အခါမှာ သားသမီးအတွက်ကို အမတို့က ဘယ်လိုဖြစ်စေချင်တာလဲ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒတခုရယ် သားသမီးဖြစ်ချင်တဲ့ ဆန္ဒတခုရယ် သားသမီးကိုလည်း မေးရတယ် သားသမီး ဘာဖြစ်ချင်တာလဲ အဲ့ဒီ့ဆန္ဒနှစ်ခုက ပေါင်းပြီးတော့ ဘယ်လမ်းကိုလျှောက်မလဲ။ နောက်တခုက သားသမီးကို အခြေခံကောင်းတခုဖြစ်ဖို့ အခြေခံကောင်းတခုတော့ လုပ်ပေးသင့်တယ်ပေါ့။ ဥပမာ ပညာရေးပေါ့ မလာခင်ပေါ့ တခြားနိုင်ငံတခုခုမှာ ရှိနေရင် အမေရိကန်ပြည်ထောင်စုကို မလာခင် ပညာရေးတခုခုကို သင်ယူစေချင်တယ်။ တတ်မြောက်စေချင်တယ်။ ထူးချွန်စရာမလိုဘူး အင်္ဂလိပ်စာဆိုရင် ကိုယ်ကိုတိုင်လည်း လေ့လာ အင်္ဂလိပ်စာနဲ့ပတ်သက်ရင် သားသမီးကိုလည်း အင်္ဂလိပ်စာကို လေ့လာစေခဲ့ချင်တယ်။ အပြောရော အရေးရော အဖတ်ရော အကုန်လုံးပေါ့။ အကုန်လုံးကို သေချာပြင်ဆင်ပြီးတော့ အမကတော့ လာစေချင်တယ်။ လာတဲ့အခါမှာလည်း ဒီမှာ ကြုံတွေ့ရမှာတွေ အများကြီးရှိတယ်။ ကိုယ်ရွေးချယ်တဲ့နေရာဒေသအပေါ်မှာ မူတည်ပြီးတော့ ရင်ဆိုင်မှုတွေကတော့ အများကြီးပဲ။ ကိုယ့်လူမျိုးအချင်းချင်းမှာလည်း စိန်ခေါ်မှုတွေရှိတယ်။ အဲ့ဒီ့ဟာတွေအတွက်ကို မိခင်တယောက်အနေနဲ့ မားမားမတ်မတ်နဲ့ စိတ်ဓာတ်ခိုင်မာဖို့လည်းလိုသလို ကိုယ့်ကိုကိုယ်လည်း ရပ်တည်နိုင်ရမယ် သားသမီးရဲ့အရှေ့မှာလည်း မားမားမတ်မတ်ရပ်တည်နိုင်တဲ့ စိတ်ဓာတ်တော့ ရှိစေချင်တာပေါ့နော် ညီမ။

အဆင့်မြင့်စစ်သင်တန်းတက်နေတဲ့ အမေရိကန်စစ်သမီး သမီးငယ်လေး မမြတ်သက်စုအကြောင်း အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ရဲဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ မိခင်ဖြစ်သူမလှလှစံကို ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ မဆုမွန် တင်ပြထားတာဖြစ်ပါတယ်။

XS
SM
MD
LG