သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသမီးကမ္ဘာဖလား အုပ်စုပွဲစဉ်မှာ နယ်သာလန်နဲ့ ဆွီဒင်အနိုင်ရ


Netherlands' Dominique Janssen celebrates with Stefanie van der Gragt after the match against Portugal, July 23, 2023.
Netherlands' Dominique Janssen celebrates with Stefanie van der Gragt after the match against Portugal, July 23, 2023.

သြစတြေးလျနဲ့ နယူးဇီလန်နိုင်ငံတွေမှာ ကျင်းပနေတဲ့ ၂၀၂၃ အမျိုးသမီး ကမ္ဘာ့ဖလားဘောလုံးပွဲ ဒီနေ့ ပွဲစဉ်တွေမှာတော့ နယ်သာလန်နဲ့ ဆွီဒင်အသင်းတွေ အနိုင်ရပြီး၊ ပြင်သစ်အသင်းကတော သရေကျသွားပါတယ်။

အုပ်စု E က နယ်သာလန်နဲ့ ပေါ်တူဂီပွဲမှာတော့ နယ်သာလန်အသင်းက ၁ ဂိုး ဂိုးမရှိ နဲ့ အနိုင်ရသွားပါတယ်။ အုပ်စု G က ဆွီဒင်နဲ့ တောင်အာဖရိကပွဲမှာတော့ ဆွီဒင်အသင်းက နောက်ကနေ လိုက်ကစားပြီး၊ ပွဲပြီးခါနီး ပွဲချိန် မိနစ် ၉၀ အရောက်မှာ သွင်းတဲ့ဂိုးနဲ့ နောက်ဆုံးမှာ ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရသွားပါတယ်။ နယ်သာလန်နဲ့ ဆွီဒင်အသင်းတွေ အနိုင်ရခဲ့ပေမယ့်လည်း အုပ်စု F က နာမည်ကြီး ပြင်သစ်ကတော့ ပွဲဦးထွက်မှာ ဂျမေကာနဲ့ ဂိုးမရှိ သရေကျသွားခဲ့ပါတယ်။

ပြင်သစ်အသင်းဟာ အုပ်စု F ဘရာဇီး၊ ဂျမေကာ၊ နဲ့ ပနားမားတို့ နဲ့ တအုပ်စုတည်းကျပြီး မနက်ဖြန်မှာတော့ အီတလီ နဲ့ အာဂျင်တီးနား၊ ဂျာမနီ နဲ့ မော်ရိုကို၊ ဘရာဇီး နဲ့ ပနားမား အသင်းတွေ ကစားကြမှာ ဖြစ်ပါတယ်။

XS
SM
MD
LG