သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသမီးကမ္ဘာ့ဖလားပွဲစဉ် ဆွီဒင်၊ ပြင်သစ်၊ ဂျမေကာအသင်းတွေ နိုင်


ဩစတြေးလျနဲ့ နယူးလန်နိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပနေတဲ့ ၂၀၂၃ ခုနှစ်၊ အမျိုးသမီးကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အုပ်စု (F) နဲ့ အုပ်စု (G) ပွဲစဉ်တွေကို ဇူလိုင် ၂၉ ရက် စနေနေ့ ကစားကြတာမှာ ပထမပွဲစဉ်ဖြစ်တဲ့ အုပ်စု (G) က ဆွီဒင်နဲ့ အီတလီအသင်းတို့ ကစားကြတာမှာ ဆွီဒင်က ၅ ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။

အုပ်စု (G) ကအသင်းတွေ ၂ ပွဲစီ ကစားထားကြတာမှာ ဆွီဒင်က ၂ ပွဲစလုံးနိုင်ထားတဲ့အတွက် ၆ မှတ်နဲ့ ဦးဆောင်နေပြီး အီတလီအသင်းက တပွဲနိုင်၊ တပွဲရှုံးနဲ့ ၃ မှတ်ရထားပါတယ်။

စနေနေ့အတွက် ဒုတိယပွဲစဉ်ဖြစ်တဲ့ အုပ်စု (F) က ပြင်သစ်နဲ့ ဘရာဇီးအင်းတို့ပွဲမှာတော့ ပြင်သစ်အသင်းက ၂ ဂိုး၊ ၁ ဂိုးနဲ့ နိုင်သွားပါတယ်။ လက်ရှိမှာ ပြင်သစ်အသင်းက တပွဲနိုင်၊ တပွဲသရေနဲ့ အုပ်စု (F) မှာ ၄ မှတ်နဲ့ ဦးဆောင်နေပြီး ဘရာဇီးအသင်းကတော့ တပွဲနိုင်၊ တပွဲရှုံး ၃ မှတ်နဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။

ဒီကနေ့အတွက် နောက်ဆုံးပွဲစဉ်အဖြစ်နဲ့ အုပ်စု (F) က ဂျမေကာနဲ့ ပနားမားအသင်းတို့ ကစားကြတာမှာတော့ ဂျမေကာအသင်းက ၁ ဂိုး ဂိုးမရှိနဲ့ နိုင်သွားပါတယ်။ ဂျမေကာအသင်းအတွက် ကမ္ဘာ့ဖလားဗိုလ်လုပွဲစဉ်တွေမှာ ပထမဆုံးအကြိမ် အနိုင်ရတာ ဖြစ်ပါတယ်။

မနက်ဖြန် တနင်္ဂနွေနေ့ကျရင်တော့ အုပ်စု (H) က ၄ သင်း ဒုတိယပွဲစဉ်တွေ ကန်ကြရမှာ ဖြစ်သလို အုပ်စု (A) က ၄ သင်းရဲ့ အုပ်စုပတ်လည် နောက်ဆုံးပွဲစဉ်တွေကို ကစားကြမှာ ဖြစ်ပါတယ်။

XS
SM
MD
LG