သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသမီးကမ္ဘာ့ဖလား ပူးတွဲအိမ်ရှင် နယူးဇီလန် အုပ်စုပွဲမှာ အရှုံးနဲ့ထွက်


South Korea's women national soccer team
South Korea's women national soccer team

၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလား ဘောလုံးပွဲမှာတော့ ပူးတွဲအိမ်ရှင်နိုင်ငံတခုဖြစ်တဲ့ နယူးဇီလန်အသင်းကတော့ အုပ်စုအဆင့်ကနေ ထွက်လိုက်ရပြီ ဖြစ်ပါတယ်။ ဒီနေ့ ကစားတဲ့ အုပ်စု A က နောက်ဆုံးပွဲစဉ်တွေမှာတော့ နယူးဇီလန်က ဆွစ်ဇာလန်နဲ့ ဂိုးမရှိ သရေကျပြီးတော့ နော်ဝေးက ဖိလစ်ပိုင်ကို ၆ ဂိုး ဂိုးမရှိ နဲ့ နိုင်သွားပါတယ်။

ဒါကြောင့် ဒီအုပ်စုမှာ ဆွစ်ဇာလန်က ၁ ပွဲ နိုင် ၂ ပွဲ သရေ ၅ မှတ် နဲ့ အုပ်စု ပထမရပြီး၊ နော်ဝေး နဲ့ နယူးဇီလန်က ၁ ပွဲ နိုင် ၁ ပွဲ သရေ ၁ ပွဲ ရှုံးနဲ့ ၄ မှတ်ရပြီး၊ နော်ဝေးက ဂိုးကွာခြားချက်အသာနဲ့ အုပ်စု ဒုတိယ ရပြီး နယူးဇီလန်အသင်း အုပ်စုအဆင့်က ထွက်လိုက်ရပါတယ်။

အုပ်စု H က ပွဲစဉ်တွေမှာတော့ ကိုလံဘီယာက နာမည်ကြီး ဂျာမနီကို ၂ ဂိုး ၁ ဂိုး နဲ့ နိုင်သွားပါတယ်။ ကိုလံဘီယာက ဂိုးအရင်သွင်းတာကို ဂျာမနီက ပွဲချိန် ၈၉ မိနစ်မှာ ပယ်နယ်တီကနေ ချေပဂိုးရခဲ့ပေမယ့်၊ ဒဏ်ရာရအချိန်ပို ၇ မိနစ်မှာ ကိုလံဘီယာ နောက်တဂိုးသွင်းပြီး ၂ ဂိုး ၁ ဂိုး နဲ့ နိုင်သွားခဲ့ပါတယ်။ မော်ရိုကိုနဲ့ တောင်ကိုရီးယားပွဲမှာတော့ မော်ရိုကိုက ၁ ဂိုး ဂိုးမရှိ နဲ့ နိုင်ပါတယ်။ ဒါကြောင့် ဒီအုပ်စုမှာ ကိုလံဘီယာက ၆ မှတ် ၊ ဂျာမနီ နဲ့ မော်ရိုကိုက ၃ မှတ်စီ နဲ့ တောင်ကိုရီးယားက တမှတ်မှ မရထားပါဘူး။

မနက်ဖြန်မှာတော့ အုပ်စု B က သြစတြေးလျနဲ့ ကနေဒါ၊ နိုင်ဂျီးရီးယားနဲ့ အိုင်ယာလန်၊ အုပ်စု C က ဂျပန် နဲ့ စပိန်၊ ကော့စတာရီကာ နဲ့ ဇမ်ဘီယာတို့ ကစားကြမှာ ဖြစ်ပါတယ်။

XS
SM
MD
LG