ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်ဟာ တိုင်းရင်းသူမြန်မာအမျိုးသမီးတွေအတွက် ထူးခြားတဲ့ နှစ်ဖြစ်ပါတယ်။ အထူးသဖြင့် လူ့အခွင့်အရေးဆုတွေ ချီးမြှင့်ခံခဲ့ရတာ တွေ့ရသလို၊ နိုင်ငံတကာမှာ အမျိုးသမီးရေး နိုးကြားမှုရှိစေဖို့ ဆောင်ရွက်ခဲ့ကြတာ တွေ့ရပါတယ်။ တိုင်းရင်းသူ အမျိုးသမီးတွေရဲ့ အမှတ်ရစရာ ပြောဆိုချက်များကို ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်း က တင်ပြထားပါတယ်။