သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှလူဦးရေ ၄ ပုံ ၁ ပုံ ငှက်ဖျားဖြစ်နိုင်ကြောင်း WHO သတိပေး


ဌက်ဖျားရောဂါတိုက်ဖျက်ရေး လှုပ်ရှားမှု။
ဌက်ဖျားရောဂါတိုက်ဖျက်ရေး လှုပ်ရှားမှု။
ဒီကနေ့ ကျရောက်တဲ့ ကမ္ဘာ့ ငှက်ဖျားရောဂါတိုက်ဖျက်ရေးနေ့မှာ ကမ္ဘာတဝှမ်း
ငှက်ဖျားရောဂါ တိုက်ဖျက်ရေးကို ပိုမို အာရုံစိုက် လုပ်ဆောင်ကြဖို့
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က တိုက်တွန်းလိုက်ပါတယ်။ အရှေ့တောင်အာရှ ဒေသမှာ လူ လေးယောက် မှာ ၁ ယောက်နှုန်းနဲ့ ငှက်ဖျား ရောဂါ ကူးစက်ခံရနိုင်တဲ့ အခြေအနေရှိနေတယ် ဆိုတာကို WHO ကထောက်ပြပါတယ်။

မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင် အာရှက ဆင်းရဲနွမ်းပါးတဲ့ နိုင်ငံတွေမှာ လူသန်းပေါင်း ၁ ထောင့် လေးရာလောက်ဟာ ငှက်ဖျားပိုး ကူးစက်ခံရမယ့် အန္တရာယ်နဲ့ ကြုံနေရတယ်လို့ WHO က ပြောပါတယ်။ ၂၀၀၀ ခုနှစ်ကစလို့ ကမ္ဘာတဝှမ်း ငှက်ဖျားရောဂါ ဖြစ်ပွားမှုနှုန်း ကျဆင်းခဲ့ပေမဲ့ မြန်မာ၊ ကမ္ဘောဒီးယား၊ ထိုင်း နဲ့ ဗီယက်နမ် နိုင်ငံတွေမှာ အာတီမစ်စနင်း (Artemisinin) ငှက်ဖျားဆေးကို မတိုးတော့တဲ့ အခြေအနေတွေ ရှိလာနေတာကြောင့် ဒီအခြေအနေက ကမ္ဘာတဝှမ်း ငှက်ဖျားရောဂါ တိုက်ဖျက်ရေး အတွက် ခြိမ်းခြောက်မှုတွေ တဖန် ပြန်ဖြစ်လာစေ တယ်လို့လည်း WHO က သတိပေးပါတယ်။

ငှက်ဖျားဆေး မတိုးတဲ့အခြေအနေ ပိုဆိုးမလာအောင် ထိန်းသိမ်း ဆောင်ရွက်နိုင်ဖို့ အတွက် အရေးတကြီး
ဆောင်ရွက်ဖို့ လိုအပ်နေပြီး၊ ငှက်ဖျားရောဂါ ကို ဘယ်လို ကာကွယ်နိုင်မလဲ
ဆိုတာကို လူထုတွေကြား အသိပညာပေးမှုတွေ ပိုပြီးတော့ လိုအပ်နေတယ်လို့လည်း WHO က ပြောပါတယ်။
XS
SM
MD
LG