HIV/ AIDS ရောဂါဝေဒနာရှင်တွေအနေနဲ့ ကျန်းမာရေးပြုစုစောင့်ရှောက်မှု ခံယူခွင့် ရရှိသင့်ကြသလို လူ့အခွင့်အရေး ခံစားခွင့်လည်း ရရှိသင့်ကြတယ်လို့ ကုလသမဂ္ဂရဲ့ UN AIDS ဌာနကြီးက မကြာခဏ သတိပေးခဲ့တာ တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာလည်း HIV/AIDS ဝေဒနာရှင်တွေ သိန်းနဲ့ချီရာမှာ သူတို့တတွေဟာ လူ့ဂုဏ်သိက္ခာနဲ့အညီ နေထိုင်ပိုင်ခွင့်ရှိကြတဲ့အကြောင်း ကျန်းမာရေးနဲ့ လူ့အခွင့်အရေး ဆက်စပ်မှုကို အထူးပြုလေ့လာခဲ့တဲ့ ကနေဒါနိုင်ငံ အယ်လ်ဘားတား (Alberta) ဆေးတက္ကသိုလ် ကထိကအဖြစ် တာဝန်ထမ်းဆောင်နေသူ ဒေါက်တာ ခင်စောဝင်း ကို ဒေါ်လှလှသန်း က ဆက်သွယ်မေးမြန်းပြီး ဒီတပတ် အမျိုးသမီးများကဏ္ဍမှာ တင်ပြထားပါတယ်။