သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကမာၻ႔ကုလသမဂၢ စင္ျမင့္ေပၚက ျမန္မာ့အေရး


၇၇ ႀကိမ္ေျမာက္ ကုလအေထြေထြညီလာခံမွာ ထုိင္း ဒုတိယဝန္ႀကီးခ်ဳပ္န႔ဲ ႏုိင္ငံျခားေရးဝန္ႀကီး Don Pramudwinai မိန္႔ခြန္းေျပာစဥ္။( စက္တင္ဘာ ၂၄၊ ၂၀၂၂၂)

ကမာၻ႔ျမန္မာ့မီဒီယာျမင္ကြင္း

ကမာၻ႔ကုလသမဂၢအဖြဲ႕ႀကီးရဲ႕ (၇၇) ႀကိမ္ေျမာက္ အေထြေထြညီလာခံႀကီးကို ၂၀၂၂၊စက္တင္ဘာလ (၁၃) ရက္ေန႔ကစတင္ၿပီး၊ အေမရိကန္ျပည္ေထာင္စု နယူးေယာက္ၿမိဳ႕မွာ က်င္းပခဲ့ပါတယ္။ ကိုဗစ္-၁၉ ကူးစက္ကပ္ေရာဂါရဲ႕ အကန႔္အသတ္ေတြေၾကာင့္ အြန္လိုင္းကတစ္ဆင့္ အစည္းအေဝးေတြ ျပဳလုပ္ေနရာက သုံးႏွစ္တာအတြင္းမွာ ပထမဆုံးအႀကိမ္ ကမာၻ႔ေခါင္းေဆာင္ေတြ လူကိုယ္တိုင္တက္ေရာက္ၾကတဲ့ ညီလာခံလည္း ျဖစ္ပါတယ္။ အေထြေထြညီလာခံႀကီးမွာ ကမာၻ႔ေရးရာအေနနဲ႔ ယူကရိန္းကို ႐ုရွားက်ဴးေက်ာ္တဲ့ စစ္ပြဲကိစၥက လႊမ္းမိုးေနေပမဲ့ ကမာၻ႔ေခါင္းေဆာင္ေတြဟာ ျမန္မာ့အေရးကိုလည္း ထည့္သြင္းေျပာၾကားခဲ့ၾကတာ ေတြ႔ရပါတယ္။ ကုလသမဂၢေထြေထြအတြင္းေရးမႉးခ်ဳပ္ အန္တိုနီယိုဂူတားရက္စ္က သူ႔ရဲ႕အေထြေထြညီလာခံ အဖြင့္မိန႔္ခြန္းမွာ ျမန္မာႏိုင္ငံနဲ႔ ပတ္သက္ၿပီး အခုလို ထည့္သြင္းေျပာၾကား သတိေပးခဲ့ပါတယ္။

“ျမန္မာႏိုင္ငံမွာ လူသားခ်င္းစာနာမႈ အေျခအေနေတြဟာ စိတ္ပ်က္စရာပါ။ လူ႔အခြင့္အေရးနဲ႔ လုံၿခဳံေရးအေျခအေနေတြဟာ တေန႔တျခား ပိုဆိုးလာေနပါတယ္”

အေမရိကန္သမၼတႀကီး ဂ်ိဳးဘိုင္ဒန္ကလည္း ”ျမန္မာႏိုင္ငံမွာ ဒီမိုကေရစီ လိုလားတဲ့တက္ႂကြလႈပ္ရွားသူေတြ၊ တိုင္းရင္းသား လူနည္းစုေတြအေပၚ စစ္အာဏာပိုင္ေတြရဲ႕ဆိုး႐ြားတဲ့ ဖိႏွိပ္မႈေတြ၊ အာဖဂနစၥတန္ႏိုင္ငံမွာ တာလီဘန္ေတြ အမ်ိဳးသမီးနဲ႔မိန္းကေလးေတြအေပၚ ဖိႏွိပ္မႈေတြ တိုးျမႇင့္လာေနပါတယ္” လို႔ စက္တင္ဘာ (၂၁) ရက္ေန႔ကေျပာၾကားတဲ့ ကုလသမဂၢမိန႔္ခြန္းကို VOA က ေဖာ္ျပခဲ့ပါတယ္။

တူရကီသမၼတနဲ႔ ဘဂၤလားေဒ့ရွ္ဝန္ႀကီးခ်ဳပ္တို႔ကလည္း ျမန္မာ့အေရးကို ေျပာၾကားရာမွာ ႐ိုဟင္ဂ်ာအေရးကို အဓိကထား ေျပာၾကားခဲ့ၾကပါတယ္။ အာဆီယံေခါင္းေဆာင္ေတြလည္း ျမန္မာ့အေရးကို အေလးထားေျပာၾကားခဲ့ၾကတာ ေတြ႔ရပါတယ္။ မေလးရွားဝန္ႀကီးခ်ဳပ္ Ismail Sabri Yaakob က ျမန္မာႏိုင္ငံရဲ႕ လက္ရွိ ျဖစ္ေပၚေနတဲ့ႏိုင္ငံေရး အက်ပ္အတည္းအေပၚ ကုလသမဂၢ လုံၿခဳံေရးေကာင္စီရဲ႕တုံ႔ျပန္ကိုင္တြယ္မႈနဲ႔ ပတ္သက္လို႔ စိတ္ပ်က္မိေၾကာင္း၊ ကုလသမဂၢ လုံၿခဳံေရးေကာင္စီ အေနနဲ႔ ျမန္မာ့ႏိုင္ငံေရးအေပၚ အေလးထားလုပ္ေဆာင္မႈ နည္းနည္းေလးမွ မရွိခဲ့ေၾကာင္း၊ ျမန္မာ့အေရး လုံၿခဳံေရးေကာင္စီရဲ႕ တုံ႔ျပန္ေျဖရွင္းပုံေတြဟာ ေတာ္ေတာ္ကို ဝမ္းနည္းစရာေကာင္းေၾကာင္း၊ လုံၿခဳံေရးေကာင္စီအေနနဲ႔ ျမန္မာကိစၥကို လက္ေရွာင္ေနၿပီး အာဆီယံအေပၚ ပုံခ်ေနတယ္လို႔ ေျပာဆိုခဲ့ေၾကာင္း မီဒီယာမ်ားက ေဖာ္ျပၾကပါတယ္။

ႏိုင္ငံေခါင္းေဆာင္ေတြအျပင္ ကုလသမဂၢအဖြဲ႔အစည္း အႀကီးအကဲေတြ၊ ျမန္မာႏိုင္ငံဆိုင္ရာကုလသမဂၢရဲ႕ အထူးကိုယ္စားလွယ္ေတြဟာ ျမန္မာစစ္တပ္ရဲ႕ ရက္စက္စြာ ဖိႏွိပ္သတ္ျဖတ္မႈေတြ၊ စစ္ရာဇဝတ္မႈေျမာက္တဲ့ က်ဴးလြန္မႈေတြနဲ႔ ျမန္မာႏိုင္ငံထဲက ဆိုး႐ြားတဲ့ လူ႔အခြင့္အေရးအေျခအေနေတြအေၾကာင္းကို ကုလသမဂၢအေထြေထြ ညီလာခံႀကီးမွာ တင္ျပခဲ့ၾကတာ ေတြ႔ရပါတယ္။ အဲဒီလိုတင္ျပခဲ့ၾကရာမွာ ကုလသမဂၢ လူ႔အခြင့္အေရးဆိုင္ရာ ယာယီမဟာမင္းႀကီး Nadal Al-Nashif က လူ႔အခြင့္အေရးေကာင္စီရဲ႕ (၅၁) ႀကိမ္ေျမာက္ ညီလာခံမွာ လက္ရွိျဖစ္ေပၚေနတဲ့ ဆိုး႐ြားလွတဲ့ ျမန္မာႏိုင္ငံရဲ႕ အေျခအေနေတြ ေျပာင္းလဲႏိုင္ေရးအတြက္ အေရးေပၚ လုပ္ေဆာင္မႈေတြ လိုအပ္ေနတယ္။ ျမန္မာစစ္တပ္ဟာ အတိုက္အခံအင္အားစုေတြကို ပစ္မွတ္ထား တိုက္ခိုက္႐ုံတင္မကဘဲ အတိုက္အခံေတြကို ေထာက္ခံအားေပးတယ္လို႔ ယူဆတဲ့ လူမႈအသိုင္းအဝိုင္းေတြကိုပါ ပစ္မွတ္ထား တိုက္ခိုက္ေနတယ္လို႔ တင္ျပခဲ့တာ ေတြ႔ရပါတယ္။

အခုလို ကမာၻ႔ေခါင္းေဆာင္ေတြ၊ ကုလသမဂၢ အေထြေထြအတြင္းေရးမႉးခ်ဳပ္အပါအဝင္ ကုလသမဂၢအႀကီးအကဲေတြရဲ႕တင္ျပခ်က္၊ ေျပာၾကားခ်က္ေတြကို ၾကည့္ရင္၊ ျမန္မာႏိုင္ငံတြင္းအေျခအေနေတြဟာ အလြန္ဆိုး႐ြားေနတာ ေပၚလြင္လွပါတယ္။ ဒါ့အျပင္ အာဏာသိမ္းစစ္ေကာင္စီရဲ႕ မတရားဖိႏွိပ္သတ္ျဖတ္မႈေတြ၊ စစ္ရာဇဝတ္မႈေျမာက္တဲ့ လုပ္ရပ္ေတြ က်ဴးလြန္ေနတာ ထင္ရွားလွပါတယ္။ ဒါေပမဲ့ ႏိုင္ငံတကာနဲ႔ ကမာၻ႔ကုလသမဂၢအဖြဲ႕ႀကီးဟာ ျမန္မာႏိုင္ငံတြင္းက ဆိုး႐ြားတဲ့ အေျခအေနေတြကို ရပ္တန႔္သြားေအာင္ ဟန႔္တားႏိုင္ျခင္း မရွိပါဘူး။ စိုးရိမ္ေၾကာင္း အထပ္ထပ္ေျပာေနေပမဲ့ လက္ေတြ႔မွာ ထိေရာက္တဲ့ အေရးယူမႈေတြ လုပ္ေဆာင္တာ မေတြ႔ရေသးပါဘူး။ ကုလသမဂၢရဲ႕ လုပ္ထုံးလုပ္နည္းေတြအရ ထိေရာက္တဲ့ ဟန႔္တားမႈေတြ၊ အေရးယူမႈေတြ လုပ္ေဆာင္ႏိုင္ဖို႔ဆိုရင္ လုံၿခဳံေရးေကာင္စီဟာ အဓိကက်ၿပီး၊ အေရးပါလွပါတယ္။

လုံၿခဳံေရးေကာင္စီဆိုရာမွာလည္း ဗီတိုအာဏာပိုင္ဆိုင္ထားတဲ့ အေမရိကန္၊ ၿဗိတိန္၊ ျပင္သစ္၊ တ႐ုတ္၊ ႐ုရွားတို႔ေပၚမွာ တည္ေနပါတယ္။ လုံၿခဳံေရးေကာင္စီမွာ ျမန္မာ့အေရး ကိုင္တြယ္ဖို႔ဆိုရင္ မွားတာ၊ မွန္တာ၊ တရားတာ၊ မတရားတာထက္ ဆုံးျဖတ္ခ်က္ေတြကို ဗီတိုသုံးၿပီး ပယ္ခ်ႏိုင္တဲ့ တ႐ုတ္နဲ႔ ႐ုရွားတို႔ ရပ္တည္ခ်က္
ေပၚတည္ေနတယ္ဆိုတာ အားလုံးအသိပါ။ ဒါေၾကာင့္လဲ အခုေနာက္ပိုင္းမွာ ကုလသမဂၢအဖြဲ႔ဝင္ႏိုင္ငံေတြက ကုလသမဂၢရဲ႕ ေလးလံေႏွးေကြးတဲ့ ဗ်ိဳ႐ိုကေရစီယႏၲယား၊ အထူးသျဖင့္ လုံၿခဳံေရးေကာင္စီကို ျပဳျပင္ေျပာင္းလဲဖို႔ ေတာင္းဆိုတဲ့အသံေတြ က်ယ္က်ယ္ေလာင္ေလာင္ ထြက္ေပၚလာခဲ့တာ ျဖစ္ပါတယ္။

အခုရက္ပိုင္းအတြင္း လုံၿခဳံေရးေကာင္စီမွာ ၿဗိတိန္ႏိုင္ငံက ဦးေဆာင္ၿပီး ျမန္မာ့အေရး တင္သြင္းဖို႔ ရွိတယ္လို႔ သတင္းေတြ ထြက္ေပၚေနပါတယ္။ ဘယ္လို အေျဖ၊ ဘယ္လို ဆုံးျဖတ္ခ်က္ ထြက္ေပၚလာမလဲဆိုတာေတာ့ မသိႏိုင္ေသးပါဘူး။ ဒါ့အျပင္ ျမန္မာ့အေရးနဲ႔ ပတ္သက္လာရင္ ကုလသမဂၢစင္ျမင့္မွာေရာ၊ ေနာက္
ကြယ္မွာပါ ႐ိုဟင္ဂ်ာအေရးဟာ အဓိကက်တဲ့ အေၾကာင္းရင္းတစ္ရပ္ဆိုတာကို သတိျပဳၾကဖို႔ လိုအပ္ပါတယ္။

အေရွ႕တီေမာသမၼတ José Ramos-Horta ကေတာ့ (၇၇) ႀကိမ္ေျမာက္ ကုလသမဂၢအေထြေထြညီလာခံ စင္ျမင့္ထက္ကေန ျမန္မာျပည္သူေတြရဲ႕ အေျခအေနနဲ႔ ပတ္သက္ၿပီး အခုလိုေျပာၾကားခဲ့ေၾကာင္း ဘီဘီစီက ေဖာ္ျပခဲ့ပါတယ္။

”ျမန္မာႏိုင္ငံက ျပည္သူေတြဟာ ႏိုင္ငံတကာရဲ႕ ပစ္ပယ္ျခင္းခံထားရတယ္။ သစၥာေဖာက္ ခံထားရတယ္လို႔ ခံစားေနၾကပါတယ္။ ကမာၻႀကီးက ယူကရိန္းႏိုင္ငံကို ေခတ္မီစစ္လက္နက္ ပစၥည္းေတြ၊ ဒုကၡသည္အရပ္သားေတြအတြက္ လူသားခ်င္းစာနာမႈ အကူအညီေတြ ရက္ရက္ေရာေရာ ကူညီေပးေနတာကို ျမန္မာျပည္သူေတြက ေမးခြန္းထုတ္ေနပါတယ္။ ဘာေၾကာင့္ ျမန္မာျပည္မွာ ျဖစ္ေနတဲ့ စစ္ပြဲကိုၾကေတာ့ တိတ္ဆိတ္ေနသလဲဆိုတာ ေမးေနၾကပါတယ္။ ဒါေပမဲ့ ျမန္မာျပည္သူေတြဟာ ဆက္လက္တိုက္ပြဲဝင္ေနပါတယ္။ ဆက္လက္ အေသခံေနၾကပါတယ္" လို႔ ေျပာဆိုခဲ့ေၾကာင္းပါ။

=== Unicode ====

ကမ္ဘာ့မြန်မာ့မီဒီယာမြင်ကွင်း

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ (၇၇) ကြိမ်မြောက် အထွေထွေညီလာခံကြီးကို ၂၀၂၂၊စက်တင်ဘာလ (၁၃) ရက်နေ့ကစတင်ပြီး၊ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ကျင်းပခဲ့ပါတယ်။ ကိုဗစ်-၁၉ ကူးစက်ကပ်ရောဂါရဲ့ အကန့်အသတ်တွေကြောင့် အွန်လိုင်းကတစ်ဆင့် အစည်းအဝေးတွေ ပြုလုပ်နေရာက သုံးနှစ်တာအတွင်းမှာ ပထမဆုံးအကြိမ် ကမ္ဘာ့ခေါင်းဆောင်တွေ လူကိုယ်တိုင်တက်ရောက်ကြတဲ့ ညီလာခံလည်း ဖြစ်ပါတယ်။ အထွေထွေညီလာခံကြီးမှာ ကမ္ဘာ့ရေးရာအနေနဲ့ ယူကရိန်းကို ရုရှားကျူးကျော်တဲ့ စစ်ပွဲကိစ္စက လွှမ်းမိုးနေပေမဲ့ ကမ္ဘာ့ခေါင်းဆောင်တွေဟာ မြန်မာ့အရေးကိုလည်း ထည့်သွင်းပြောကြားခဲ့ကြတာ တွေ့ရပါတယ်။ ကုလသမဂ္ဂထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ်က သူ့ရဲ့အထွေထွေညီလာခံ အဖွင့်မိန့်ခွန်းမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အခုလို ထည့်သွင်းပြောကြား သတိပေးခဲ့ပါတယ်။

“မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှု အခြေအနေတွေဟာ စိတ်ပျက်စရာပါ။ လူ့အခွင့်အရေးနဲ့ လုံခြုံရေးအခြေအနေတွေဟာ တနေ့တခြား ပိုဆိုးလာနေပါတယ်”

အမေရိကန်သမ္မတကြီး ဂျိုးဘိုင်ဒန်ကလည်း ”မြန်မာနိုင်ငံမှာ ဒီမိုကရေစီ လိုလားတဲ့တက်ကြွလှုပ်ရှားသူတွေ၊ တိုင်းရင်းသား လူနည်းစုတွေအပေါ် စစ်အာဏာပိုင်တွေရဲ့ဆိုးရွားတဲ့ ဖိနှိပ်မှုတွေ၊ အာဖဂနစ္စတန်နိုင်ငံမှာ တာလီဘန်တွေ အမျိုးသမီးနဲ့မိန်းကလေးတွေအပေါ် ဖိနှိပ်မှုတွေ တိုးမြှင့်လာနေပါတယ်” လို့ စက်တင်ဘာ (၂၁) ရက်နေ့ကပြောကြားတဲ့ ကုလသမဂ္ဂမိန့်ခွန်းကို VOA က ဖော်ပြခဲ့ပါတယ်။

တူရကီသမ္မတနဲ့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်တို့ကလည်း မြန်မာ့အရေးကို ပြောကြားရာမှာ ရိုဟင်ဂျာအရေးကို အဓိကထား ပြောကြားခဲ့ကြပါတယ်။ အာဆီယံခေါင်းဆောင်တွေလည်း မြန်မာ့အရေးကို အလေးထားပြောကြားခဲ့ကြတာ တွေ့ရပါတယ်။ မလေးရှားဝန်ကြီးချုပ် Ismail Sabri Yaakob က မြန်မာနိုင်ငံရဲ့ လက်ရှိ ဖြစ်ပေါ်နေတဲ့နိုင်ငံရေး အကျပ်အတည်းအပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့တုံ့ပြန်ကိုင်တွယ်မှုနဲ့ ပတ်သက်လို့ စိတ်ပျက်မိကြောင်း၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေနဲ့ မြန်မာ့နိုင်ငံရေးအပေါ် အလေးထားလုပ်ဆောင်မှု နည်းနည်းလေးမှ မရှိခဲ့ကြောင်း၊ မြန်မာ့အရေး လုံခြုံရေးကောင်စီရဲ့ တုံ့ပြန်ဖြေရှင်းပုံတွေဟာ တော်တော်ကို ဝမ်းနည်းစရာကောင်းကြောင်း၊ လုံခြုံရေးကောင်စီအနေနဲ့ မြန်မာကိစ္စကို လက်ရှောင်နေပြီး အာဆီယံအပေါ် ပုံချနေတယ်လို့ ပြောဆိုခဲ့ကြောင်း မီဒီယာများက ဖော်ပြကြပါတယ်။

နိုင်ငံခေါင်းဆောင်တွေအပြင် ကုလသမဂ္ဂအဖွဲ့အစည်း အကြီးအကဲတွေ၊ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ်တွေဟာ မြန်မာစစ်တပ်ရဲ့ ရက်စက်စွာ ဖိနှိပ်သတ်ဖြတ်မှုတွေ၊ စစ်ရာဇဝတ်မှုမြောက်တဲ့ ကျူးလွန်မှုတွေနဲ့ မြန်မာနိုင်ငံထဲက ဆိုးရွားတဲ့ လူ့အခွင့်အရေးအခြေအနေတွေအကြောင်းကို ကုလသမဂ္ဂအထွေထွေ ညီလာခံကြီးမှာ တင်ပြခဲ့ကြတာ တွေ့ရပါတယ်။ အဲဒီလိုတင်ပြခဲ့ကြရာမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ယာယီမဟာမင်းကြီး Nadal Al-Nashif က လူ့အခွင့်အရေးကောင်စီရဲ့ (၅၁) ကြိမ်မြောက် ညီလာခံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ဆိုးရွားလှတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေတွေ ပြောင်းလဲနိုင်ရေးအတွက် အရေးပေါ် လုပ်ဆောင်မှုတွေ လိုအပ်နေတယ်။ မြန်မာစစ်တပ်ဟာ အတိုက်အခံအင်အားစုတွေကို ပစ်မှတ်ထား တိုက်ခိုက်ရုံတင်မကဘဲ အတိုက်အခံတွေကို ထောက်ခံအားပေးတယ်လို့ ယူဆတဲ့ လူမှုအသိုင်းအဝိုင်းတွေကိုပါ ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့ တင်ပြခဲ့တာ တွေ့ရပါတယ်။

အခုလို ကမ္ဘာ့ခေါင်းဆောင်တွေ၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အပါအဝင် ကုလသမဂ္ဂအကြီးအကဲတွေရဲ့တင်ပြချက်၊ ပြောကြားချက်တွေကို ကြည့်ရင်၊ မြန်မာနိုင်ငံတွင်းအခြေအနေတွေဟာ အလွန်ဆိုးရွားနေတာ ပေါ်လွင်လှပါတယ်။ ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီရဲ့ မတရားဖိနှိပ်သတ်ဖြတ်မှုတွေ၊ စစ်ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်တွေ ကျူးလွန်နေတာ ထင်ရှားလှပါတယ်။ ဒါပေမဲ့ နိုင်ငံတကာနဲ့ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးဟာ မြန်မာနိုင်ငံတွင်းက ဆိုးရွားတဲ့ အခြေအနေတွေကို ရပ်တန့်သွားအောင် ဟန့်တားနိုင်ခြင်း မရှိပါဘူး။ စိုးရိမ်ကြောင်း အထပ်ထပ်ပြောနေပေမဲ့ လက်တွေ့မှာ ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဆောင်တာ မတွေ့ရသေးပါဘူး။ ကုလသမဂ္ဂရဲ့ လုပ်ထုံးလုပ်နည်းတွေအရ ထိရောက်တဲ့ ဟန့်တားမှုတွေ၊ အရေးယူမှုတွေ လုပ်ဆောင်နိုင်ဖို့ဆိုရင် လုံခြုံရေးကောင်စီဟာ အဓိကကျပြီး၊ အရေးပါလှပါတယ်။

လုံခြုံရေးကောင်စီဆိုရာမှာလည်း ဗီတိုအာဏာပိုင်ဆိုင်ထားတဲ့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ တရုတ်၊ ရုရှားတို့ပေါ်မှာ တည်နေပါတယ်။ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး ကိုင်တွယ်ဖို့ဆိုရင် မှားတာ၊ မှန်တာ၊ တရားတာ၊ မတရားတာထက် ဆုံးဖြတ်ချက်တွေကို ဗီတိုသုံးပြီး ပယ်ချနိုင်တဲ့ တရုတ်နဲ့ ရုရှားတို့ ရပ်တည်ချက်
ပေါ်တည်နေတယ်ဆိုတာ အားလုံးအသိပါ။ ဒါကြောင့်လဲ အခုနောက်ပိုင်းမှာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက ကုလသမဂ္ဂရဲ့ လေးလံနှေးကွေးတဲ့ ဗျိုရိုကရေစီယန္တယား၊ အထူးသဖြင့် လုံခြုံရေးကောင်စီကို ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုတဲ့အသံတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

အခုရက်ပိုင်းအတွင်း လုံခြုံရေးကောင်စီမှာ ဗြိတိန်နိုင်ငံက ဦးဆောင်ပြီး မြန်မာ့အရေး တင်သွင်းဖို့ ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဘယ်လို အဖြေ၊ ဘယ်လို ဆုံးဖြတ်ချက် ထွက်ပေါ်လာမလဲဆိုတာတော့ မသိနိုင်သေးပါဘူး။ ဒါ့အပြင် မြန်မာ့အရေးနဲ့ ပတ်သက်လာရင် ကုလသမဂ္ဂစင်မြင့်မှာရော၊ နောက်
ကွယ်မှာပါ ရိုဟင်ဂျာအရေးဟာ အဓိကကျတဲ့ အကြောင်းရင်းတစ်ရပ်ဆိုတာကို သတိပြုကြဖို့ လိုအပ်ပါတယ်။

အရှေ့တီမောသမ္မတ José Ramos-Horta ကတော့ (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ စင်မြင့်ထက်ကနေ မြန်မာပြည်သူတွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အခုလိုပြောကြားခဲ့ကြောင်း ဘီဘီစီက ဖော်ပြခဲ့ပါတယ်။

”မြန်မာနိုင်ငံက ပြည်သူတွေဟာ နိုင်ငံတကာရဲ့ ပစ်ပယ်ခြင်းခံထားရတယ်။ သစ္စာဖောက် ခံထားရတယ်လို့ ခံစားနေကြပါတယ်။ ကမ္ဘာကြီးက ယူကရိန်းနိုင်ငံကို ခေတ်မီစစ်လက်နက် ပစ္စည်းတွေ၊ ဒုက္ခသည်အရပ်သားတွေအတွက် လူသားချင်းစာနာမှု အကူအညီတွေ ရက်ရက်ရောရော ကူညီပေးနေတာကို မြန်မာပြည်သူတွေက မေးခွန်းထုတ်နေပါတယ်။ ဘာကြောင့် မြန်မာပြည်မှာ ဖြစ်နေတဲ့ စစ်ပွဲကိုကြတော့ တိတ်ဆိတ်နေသလဲဆိုတာ မေးနေကြပါတယ်။ ဒါပေမဲ့ မြန်မာပြည်သူတွေဟာ ဆက်လက်တိုက်ပွဲဝင်နေပါတယ်။ ဆက်လက် အသေခံနေကြပါတယ်" လို့ ပြောဆိုခဲ့ကြောင်းပါ။

XS
SM
MD
LG