သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

၂၀၂၃ ေ႐ြးေကာက္ပြဲဟာ စစ္ေကာင္စီအတြက္ ထြက္ေပါက္လား


စစ္တပ္ေက်ာေထာက္ေနာက္ခံျပဳ ျပည္ခုိင္ၿဖိဳးပါတီ ေထာက္ခံသူမ်ားရဲ႕ မဲဆြယ္စည္း႐ံုးပြဲျမင္ကြင္း။ (ေအာက္တိုဘာ ၂၉၊ ၂၀၁၈)

ကမာၻ႔ျမန္မာ့ မီဒီယာျမင္ကြင္း

စက္တင္ဘာလ ပထမပတ္အတြင္းက ႐ုရွားႏိုင္ငံ ဗလာဒီေဘာ့စေတာ့ၿမိဳ႕ (Vladivostok) မွာ အေရွ႕ဖ်ားစီးပြားေရးဖိုရမ္ (Eastern Economic Forum) ကို တက္ေရာက္ခဲ့တဲ့ ျမန္မာစစ္ေကာင္စီေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ဟာ ႐ုရွားမီဒီယာတစ္ခုနဲ႔ အင္တာဗ်ဴး လုပ္ပါတယ္။ အဲဒီအင္တာဗ်ဴးမွာ ၂၀၂၃ ခုႏွစ္ထဲမွာ ေ႐ြးေကာက္ပြဲလုပ္မယ္လို႔ ေျပာပါတယ္။ အဲဒီအင္တာဗ်ဴးမွာပဲ ေ႐ြးေကာက္ပြဲ ေ႐ႊ႕ဆိုင္းဖို႔ ရွိမရွိဆိုတာေတာ့ ေျပာဖို႔ ေစာေသးတယ္လို႔လည္း ေျပာျပန္ပါတယ္။ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က သူ႔အင္တာဗ်ဴးမွာ ေ႐ြးေကာက္ပြဲကို ၂၀၂၃ မွာ မျဖစ္မေန လုပ္မယ္လို႔ ခိုင္ခိုင္မာမာ ေျပာၾကားခဲ့ျခင္း မရွိသလို၊ ေ႐ြးေကာက္ပြဲကို မေ႐ႊ႕ပါဘူးလို႔လည္း အာမမခံပါဘူး။ ဘယ္လိုပဲျဖစ္ျဖစ္ အဲဒီအင္တာဗ်ဴးေနာက္ပိုင္း မီဒီယာေတြမွာ၂၀၂၃ ေ႐ြးေကာက္ပြဲနဲ႔ ပတ္သက္လို႔ ေဖာ္ျပလာတာ ေတြ႔ရပါတယ္။

အဲဒီလိုေဖာ္ျပရာမွာ VOA ျမန္မာပိုင္းအစီအစဥ္ကလည္း စက္တင္ဘာ ၁၈ ရက္နဲ႔ ၂၀ ရက္ေတြမွာ ၂၀၂၃ ခုႏွစ္အတြင္း စစ္ေကာင္စီကျပဳလုပ္မယ့္ ေ႐ြးေကာက္ပြဲအေပၚ သေဘာထားအျမင္ေတြကို ႏိုင္ငံေရးပါတီတခ်ိဳ႕နဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္၊ ဥပေဒပညာရွင္ေတြကို ေမးျမန္းထုတ္လႊင့္ခဲ့တာ ေတြ႔ရပါတယ္။

စက္တင္ဘာ ၁၈ ရက္ေန႔ VOA သတင္းမွာ "ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္အေနနဲ႔ ဖြဲ႕စည္းပုံအေျခခံ ဥပေဒနဲ႔အညီ အာဏာကို ထိန္းသိမ္းထားတယ္ဆိုတာ ျပသခ်င္တာေၾကာင့္ေရာ၊ လက္ရွိရင္ဆိုင္ေနရတဲ့ ျမန္မာႏိုင္ငံ ႏိုင္ငံေရးအက်ပ္အတည္းကေန ထြက္ေပါက္တစ္ခုအေနနဲ႔ ေဆာင္႐ြက္မယ့္သေဘာျဖစ္တယ္"လို႔ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ လႊတ္ေတာ္သက္တမ္း ႏွစ္ႀကိမ္တာဝန္ထမ္းေဆာင္ခဲ့ဖူးသူ ရခိုင္ႏိုင္ငံေရးသမား ဦးေဖသန္းက ရႈျမင္ေၾကာင္း ေဖာ္ျပခဲ့ပါတယ္။ VOA ရဲ႕ စက္တင္ဘာ ၂၀ ရက္ သတင္းမွာေတာ့ တိုင္းရင္းသားအင္အားႀကီး ႏိုင္ငံပါတီျဖစ္တဲ့ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲခ်ဳပ္ (SNLD) အေထြေထြအတြင္းေရးမႉး စိုင္းလိတ္ရဲ႕သေဘာထားကို အခုလို ထုတ္လႊင့္ခဲ့ပါတယ္။

"ႏိုင္ငံေရးပါတီဘက္ကၾကည့္ရင္ ျဖစ္ႏိုင္စရာမရွိဘူးလို႔ သုံးသပ္တယ္။ လုံးဝတည္ၿငိမ္မႈ မရွိတဲ့အျပင္ စစ္ေကာင္စီေပၚမွာလည္း ယုံၾကည္သက္ဝင္မႈ မရွိဘူး။ သူ႔အေနနဲ႔ အာဏာ မတရားရယူထားသလို တိုင္းျပည္ကို ဆက္လက္ထိန္းခ်ဳပ္သြားႏိုင္မယ္လို႔ လူထုကမယုံႏိုင္တာမို႔ ေ႐ြးေကာက္ပြဲလုပ္မယ္ဆိုရင္ေတာင္ ေအာင္ျမင္ႏိုင္ဖြယ္မရွိဘူး။ အထေျမာက္ဖြယ္ရာ မရွိဘူးလို႔ သုံးသပ္တယ္"

ဂ်ပန္သတင္းဌာန NikkeiAsia ကလည္း "ျမန္မာစစ္တပ္ဟာ တရားဝင္မႈရေရးအတြက္ ေ႐ြးေကာက္ပြဲကို အသုံးခ်ဖို႔ ျပင္ဆင္ေနတယ္" ဆိုတဲ့ ေဆာင္းပါးကို ဇူလိုင္ ၂၂ရက္ေန႔က ေဖာ္ျပခဲ့ပါတယ္။ အဲဒီေဆာင္းပါးမွာ စစ္ေကာင္စီအေနနဲ႔ ၂၀၂၃ ၾသဂုတ္လမွာ ေ႐ြးေကာက္ပြဲ လုပ္ေပးမယ္လို႔ ကတိေပးထားတဲ့ အခ်ိန္ဟာ တစ္ႏွစ္သာက်န္ေတာ့တယ္။ လြတ္လပ္ၿပီး တရားမွ်တတဲ့ ေ႐ြးေကာက္ပြဲ ျဖစ္ႏိုင္ပါ့မလားဆိုတာ ေမးခြန္းထုတ္စရာျဖစ္သလို မဲဆႏၵရွင္ေတြအေနနဲ႔လည္း စစ္ေကာင္စီရဲ႕ေ႐ြးေကာက္ပြဲကို သပိတ္ေမွာက္တာေတြ လုပ္လာႏိုင္တယ္။ စစ္ေကာင္စီရဲ႕ ေ႐ြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႔ခြဲ ၃,၆၀၀ ဟာ ၅၁ သန္းေသာ ျပည္သူေတြရဲ႕ မဲစာရင္းေတြကို တက္သုတ္႐ိုက္ျပင္ဆင္ေနတယ္။ ေ႐ြးေကာက္ပြဲစနစ္ကိုလည္း အခ်ိဳးက် ကိုယ္စားျပဳစနစ္(PR) က်င့္သုံးဖို႔ စီစဥ္ေနတယ္။ PR စနစ္ဟာ စစ္တပ္ေက်ာေထာက္ေနာက္ခံ ေပးထားတဲ့ ႀကံခိုင္ေရးပါတီကို အခြင့္သာေစလိမ့္မယ္။ ဇူလိုင္လဆန္းပိုင္းက ျမန္မာႏိုင္ငံကိုသြားခဲ့တဲ့ အာဆီယံအထူးကိုယ္စားလွယ္ ကေမာၻဒီးယားႏိုင္ငံျခားေရးဝန္ႀကီး ပရတ္ဆြန္ခြန္းက ၂၀၂၃ ေ႐ြးေကာက္ပြဲဟာ ၿငိမ္းခ်မ္းတဲ့ေ႐ြးေကာက္ပြဲ ျဖစ္ႏိုင္ပါ့မလားလို႔ ေမးခြန္းထုတ္တယ္။

ရန္ကုန္က စားေသာက္ဆိုင္တစ္ခုမွာ အလုပ္လုပ္တဲ့ ၂၃ ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးကေတာ့ စစ္ေကာင္စီကလုပ္မယ့္ ေ႐ြးေကာက္ပြဲမွာ မဲသြားမေပးဘူးလို႔ ေျပာတဲ့အေၾကာင္း ေရးသားထားတဲ့ ေဆာင္းပါးကိုေတာ့ အေမရိကန္ႏိုင္ငံျခားေရး အတိုင္ပင္ခံ Derek Chollet ရဲ႕ေျပာစကားနဲ႔ ေဆာင္းပါးကို အဆုံးသတ္ထားပါတယ္။

Derek Chollet က စစ္ေကာင္စီက ဦးေဆာင္ျပဳလုပ္ေပးမယ့္ ေ႐ြးေကာက္ပြဲဆိုတာ တကယ့္ရယ္စရာေကာင္းတဲ့ ျပဇာတ္တစ္ပုဒ္ပါပဲ။ စစ္ေကာင္စီအေနနဲ႔ လူထုက ေလးစားယုံၾကည္တဲ့ ႏိုင္ငံေရးသမားေတြကို ေထာင္သြင္းအက်ဥ္းခ်ထား၊ ၿခိမ္းေျခာက္ထားၿပီး လုပ္တဲ့ေ႐ြးေကာက္ပြဲဟာ ဘယ္လိုမွ လြတ္လပ္ၿပီး တရားမွ်တစရာ မရွိပါဘူးလို႔ မွတ္ခ်က္ေပးပါတယ္။

လူ႔ေဘာင္သစ္ဒီမိုကရက္တစ္ပါတီ ဥကၠဌ ဦးေအာင္မိုးေဇာ္ကေတာ့ စစ္ေကာင္စီရဲ႕ေ႐ြးေကာက္ပြဲနဲ႔ ပတ္သက္ၿပီး သူ႔ရဲ႕သေဘာထားကို အခုလိုေျပာပါတယ္။

"စစ္အုပ္စုမွာ ေ႐ြးေကာက္ပြဲတစ္ခုကို ဦးေဆာင္က်င္းပႏိုင္ေလာက္တဲ့ တရားဝင္မႈ သူမွာ မရွိပါဘူး။ အဲဒီလိုပဲ စစ္အုပ္စုက ခန႔္အပ္ထားတဲ့ ေ႐ြးေကာက္ပြဲေကာ္မရွင္မွာလဲပဲ ဒီတရားဝင္မႈ မရွိပါဘူး။ ဒါေၾကာင့္စစ္အုပ္စုမွာ လုံးလုံး ေ႐ြးေကာက္ပြဲ လုပ္ႏိုင္တဲ့အာဏာ မရွိပါဘူး။ ဒါကတစ္အခ်က္ပါ။ ႏွစ္အခ်က္ကေတာ့ ကြၽန္ေတာ္တို႔ႏိုင္ငံတြင္းမွာရွိတဲ့ ႏိုင္ငံေရးပါတီေတြအေနနဲ႔လည္း စစ္အုပ္စုနဲ႔ ပူးေပါင္းေဆာင္႐ြက္ၿပီး ေ႐ြးေကာက္ပြဲကိစၥကို မစဥ္းစားသင့္ပါဘူးလို႔ ကြၽန္ေတာ့္အေနနဲ႔ အႀကံျပဳလိုတယ္။ ကြၽန္ေတာ့္အေနနဲ႔ တိုက္တြန္းလိုပါတယ္။ အကယ္၍ စစ္အုပ္စုနဲ႔ ပူးေပါင္းမယ္။ စစ္အုပ္စုနဲ႔ ပူးေပါင္းၿပီး ေ႐ြးေကာက္ပြဲကိစၥေတြ ေဆာင္႐ြက္မယ္ဆိုရင္ ျပည္သူလူထုရဲ႕ဆန႔္က်င္မႈကို အႀကီးအက်ယ္ခံၾကရမယ္လို႔ ကြၽန္ေတာ့္အေနနဲ႔ သတိေပးလိုပါတယ္"

ေ႐ြးေကာက္ပြဲတစ္ခု ျပဳလုပ္ဖို႔ လိုအပ္တဲ့ အဂၤါရပ္ေတြနဲ႔ ၾကည့္မယ္ဆိုရင္ ေလာေလာဆယ္ျမန္မာႏိုင္ငံရဲ႕ အေျခအေနဟာ ဘယ္လိုမွ ေ႐ြးေကာက္ပြဲလုပ္ဖို႔ မသင့္ေတာ္သလို၊ လုပ္လို႔လည္း မရႏိုင္ပါဘူး။ ႏိုင္ငံအေနနဲ႔ စီးပြါးေရး က်ဆင္းေနၿပီး ျပည္သူလူထုဟာလည္း စီးပြါးေရး က်ပ္တည္းေနပါတယ္။ ႏိုင္ငံရဲ႕ေဒသအမ်ားစုမွာ တည္ၿငိမ္ ေအးခ်မ္းမႈ မရွိပါဘူး။ ကုလသမဂၢရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာအႀကံေပးေကာင္စီ (SAC-M) က ျမန္မာစစ္ေကာင္စီဟာ ႏိုင္ငံနယ္ေျမရဲ႕ ၁၇ ရာခိုင္ႏႈန္းကိုသာ ထိန္းခ်ဳပ္ထားႏိုင္ေတာ့တယ္လို႔ ေထာက္ျပထားပါတယ္။ ဒါ့အျပင္ လတ္တေလာမွာကို စစ္ေကာင္စီ႐ုံးစိုက္ရာ ေနျပည္ေတာ္မွာ ပုဒ္မ ၁၄၄ ထုတ္ျပန္ၿပီး၊ ညမထြက္ရအမိန႔္ ထုတ္ျပန္ထားရတဲ့ အေျခအေနပါ။

ဒါေၾကာင့္ လက္ရွိအေနအထားမွာ ေ႐ြးေကာက္ပြဲတစ္ခုလုပ္ဖို႔ ဘယ္လိုမွ အေျခအေနမေပးဘူးဆိုတာ အေျဖက ရွင္းေနပါတယ္။ ဒါ့အျပင္ ေ႐ြးေကာက္ပြဲမွာ
အခ်ိဳးက်စနစ္ (PR) ကို ေျပာင္းလဲက်င့္သုံးမယ္ဆိုရင္ စစ္ေကာင္စီ ဆြဲကိုင္ထားတဲ့ ၂၀၀၈ ဖြဲ႔စည္းပုံကိုျပင္ဖို႔ လိုအပ္ပါတယ္။ ဘယ္လို ျပင္မွာလဲ။ ၂၀၀၈ ဖြဲ႔စည္းပုံရဲ႕ ေပးထားခ်က္အရ စစ္ေကာင္စီအေနနဲ႔ ျပင္ပိုင္ခြင့္ မရွိသလို၊ ျပင္တာကို အတည္ျပဳေပးႏိုင္တဲ့ လႊတ္ေတာ္လည္း မရွိေၾကာင္းပါ။

==== Unicode =====

ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း

စက်တင်ဘာလ ပထမပတ်အတွင်းက ရုရှားနိုင်ငံ ဗလာဒီဘော့စတော့မြို့ (Vladivostok) မှာ အရှေ့ဖျားစီးပွားရေးဖိုရမ် (Eastern Economic Forum) ကို တက်ရောက်ခဲ့တဲ့ မြန်မာစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ရုရှားမီဒီယာတစ်ခုနဲ့ အင်တာဗျူး လုပ်ပါတယ်။ အဲဒီအင်တာဗျူးမှာ ၂၀၂၃ ခုနှစ်ထဲမှာ ရွေးကောက်ပွဲလုပ်မယ်လို့ ပြောပါတယ်။ အဲဒီအင်တာဗျူးမှာပဲ ရွေးကောက်ပွဲ ရွှေ့ဆိုင်းဖို့ ရှိမရှိဆိုတာတော့ ပြောဖို့ စောသေးတယ်လို့လည်း ပြောပြန်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ့အင်တာဗျူးမှာ ရွေးကောက်ပွဲကို ၂၀၂၃ မှာ မဖြစ်မနေ လုပ်မယ်လို့ ခိုင်ခိုင်မာမာ ပြောကြားခဲ့ခြင်း မရှိသလို၊ ရွေးကောက်ပွဲကို မရွှေ့ပါဘူးလို့လည်း အာမမခံပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီအင်တာဗျူးနောက်ပိုင်း မီဒီယာတွေမှာ၂၀၂၃ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဖော်ပြလာတာ တွေ့ရပါတယ်။

အဲဒီလိုဖော်ပြရာမှာ VOA မြန်မာပိုင်းအစီအစဉ်ကလည်း စက်တင်ဘာ ၁၈ ရက်နဲ့ ၂၀ ရက်တွေမှာ ၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီကပြုလုပ်မယ့် ရွေးကောက်ပွဲအပေါ် သဘောထားအမြင်တွေကို နိုင်ငံရေးပါတီတချို့နဲ့ လွှတ်တော်ကိုယ်စားလှယ်၊ ဥပဒေပညာရှင်တွေကို မေးမြန်းထုတ်လွှင့်ခဲ့တာ တွေ့ရပါတယ်။

စက်တင်ဘာ ၁၈ ရက်နေ့ VOA သတင်းမှာ "ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့အညီ အာဏာကို ထိန်းသိမ်းထားတယ်ဆိုတာ ပြသချင်တာကြောင့်ရော၊ လက်ရှိရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံ နိုင်ငံရေးအကျပ်အတည်းကနေ ထွက်ပေါက်တစ်ခုအနေနဲ့ ဆောင်ရွက်မယ့်သဘောဖြစ်တယ်"လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် လွှတ်တော်သက်တမ်း နှစ်ကြိမ်တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက ရှုမြင်ကြောင်း ဖော်ပြခဲ့ပါတယ်။ VOA ရဲ့ စက်တင်ဘာ ၂၀ ရက် သတင်းမှာတော့ တိုင်းရင်းသားအင်အားကြီး နိုင်ငံပါတီဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲချုပ် (SNLD) အထွေထွေအတွင်းရေးမှူး စိုင်းလိတ်ရဲ့သဘောထားကို အခုလို ထုတ်လွှင့်ခဲ့ပါတယ်။

"နိုင်ငံရေးပါတီဘက်ကကြည့်ရင် ဖြစ်နိုင်စရာမရှိဘူးလို့ သုံးသပ်တယ်။ လုံးဝတည်ငြိမ်မှု မရှိတဲ့အပြင် စစ်ကောင်စီပေါ်မှာလည်း ယုံကြည်သက်ဝင်မှု မရှိဘူး။ သူ့အနေနဲ့ အာဏာ မတရားရယူထားသလို တိုင်းပြည်ကို ဆက်လက်ထိန်းချုပ်သွားနိုင်မယ်လို့ လူထုကမယုံနိုင်တာမို့ ရွေးကောက်ပွဲလုပ်မယ်ဆိုရင်တောင် အောင်မြင်နိုင်ဖွယ်မရှိဘူး။ အထမြောက်ဖွယ်ရာ မရှိဘူးလို့ သုံးသပ်တယ်"

ဂျပန်သတင်းဌာန NikkeiAsia ကလည်း "မြန်မာစစ်တပ်ဟာ တရားဝင်မှုရရေးအတွက် ရွေးကောက်ပွဲကို အသုံးချဖို့ ပြင်ဆင်နေတယ်" ဆိုတဲ့ ဆောင်းပါးကို ဇူလိုင် ၂၂ရက်နေ့က ဖော်ပြခဲ့ပါတယ်။ အဲဒီဆောင်းပါးမှာ စစ်ကောင်စီအနေနဲ့ ၂၀၂၃ သြဂုတ်လမှာ ရွေးကောက်ပွဲ လုပ်ပေးမယ်လို့ ကတိပေးထားတဲ့ အချိန်ဟာ တစ်နှစ်သာကျန်တော့တယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်နိုင်ပါ့မလားဆိုတာ မေးခွန်းထုတ်စရာဖြစ်သလို မဲဆန္ဒရှင်တွေအနေနဲ့လည်း စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို သပိတ်မှောက်တာတွေ လုပ်လာနိုင်တယ်။ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ၃,၆၀၀ ဟာ ၅၁ သန်းသော ပြည်သူတွေရဲ့ မဲစာရင်းတွေကို တက်သုတ်ရိုက်ပြင်ဆင်နေတယ်။ ရွေးကောက်ပွဲစနစ်ကိုလည်း အချိုးကျ ကိုယ်စားပြုစနစ်(PR) ကျင့်သုံးဖို့ စီစဉ်နေတယ်။ PR စနစ်ဟာ စစ်တပ်ကျောထောက်နောက်ခံ ပေးထားတဲ့ ကြံခိုင်ရေးပါတီကို အခွင့်သာစေလိမ့်မယ်။ ဇူလိုင်လဆန်းပိုင်းက မြန်မာနိုင်ငံကိုသွားခဲ့တဲ့ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရတ်ဆွန်ခွန်းက ၂၀၂၃ ရွေးကောက်ပွဲဟာ ငြိမ်းချမ်းတဲ့ရွေးကောက်ပွဲ ဖြစ်နိုင်ပါ့မလားလို့ မေးခွန်းထုတ်တယ်။

ရန်ကုန်က စားသောက်ဆိုင်တစ်ခုမှာ အလုပ်လုပ်တဲ့ ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးကတော့ စစ်ကောင်စီကလုပ်မယ့် ရွေးကောက်ပွဲမှာ မဲသွားမပေးဘူးလို့ ပြောတဲ့အကြောင်း ရေးသားထားတဲ့ ဆောင်းပါးကိုတော့ အမေရိကန်နိုင်ငံခြားရေး အတိုင်ပင်ခံ Derek Chollet ရဲ့ပြောစကားနဲ့ ဆောင်းပါးကို အဆုံးသတ်ထားပါတယ်။

Derek Chollet က စစ်ကောင်စီက ဦးဆောင်ပြုလုပ်ပေးမယ့် ရွေးကောက်ပွဲဆိုတာ တကယ့်ရယ်စရာကောင်းတဲ့ ပြဇာတ်တစ်ပုဒ်ပါပဲ။ စစ်ကောင်စီအနေနဲ့ လူထုက လေးစားယုံကြည်တဲ့ နိုင်ငံရေးသမားတွေကို ထောင်သွင်းအကျဉ်းချထား၊ ခြိမ်းခြောက်ထားပြီး လုပ်တဲ့ရွေးကောက်ပွဲဟာ ဘယ်လိုမှ လွတ်လပ်ပြီး တရားမျှတစရာ မရှိပါဘူးလို့ မှတ်ချက်ပေးပါတယ်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးအောင်မိုးဇော်ကတော့ စစ်ကောင်စီရဲ့ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သူ့ရဲ့သဘောထားကို အခုလိုပြောပါတယ်။

"စစ်အုပ်စုမှာ ရွေးကောက်ပွဲတစ်ခုကို ဦးဆောင်ကျင်းပနိုင်လောက်တဲ့ တရားဝင်မှု သူမှာ မရှိပါဘူး။ အဲဒီလိုပဲ စစ်အုပ်စုက ခန့်အပ်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်မှာလဲပဲ ဒီတရားဝင်မှု မရှိပါဘူး။ ဒါကြောင့်စစ်အုပ်စုမှာ လုံးလုံး ရွေးကောက်ပွဲ လုပ်နိုင်တဲ့အာဏာ မရှိပါဘူး။ ဒါကတစ်အချက်ပါ။ နှစ်အချက်ကတော့ ကျွန်တော်တို့နိုင်ငံတွင်းမှာရှိတဲ့ နိုင်ငံရေးပါတီတွေအနေနဲ့လည်း စစ်အုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ရွေးကောက်ပွဲကိစ္စကို မစဉ်းစားသင့်ပါဘူးလို့ ကျွန်တော့်အနေနဲ့ အကြံပြုလိုတယ်။ ကျွန်တော့်အနေနဲ့ တိုက်တွန်းလိုပါတယ်။ အကယ်၍ စစ်အုပ်စုနဲ့ ပူးပေါင်းမယ်။ စစ်အုပ်စုနဲ့ ပူးပေါင်းပြီး ရွေးကောက်ပွဲကိစ္စတွေ ဆောင်ရွက်မယ်ဆိုရင် ပြည်သူလူထုရဲ့ဆန့်ကျင်မှုကို အကြီးအကျယ်ခံကြရမယ်လို့ ကျွန်တော့်အနေနဲ့ သတိပေးလိုပါတယ်"

ရွေးကောက်ပွဲတစ်ခု ပြုလုပ်ဖို့ လိုအပ်တဲ့ အင်္ဂါရပ်တွေနဲ့ ကြည့်မယ်ဆိုရင် လောလောဆယ်မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ဘယ်လိုမှ ရွေးကောက်ပွဲလုပ်ဖို့ မသင့်တော်သလို၊ လုပ်လို့လည်း မရနိုင်ပါဘူး။ နိုင်ငံအနေနဲ့ စီးပွါးရေး ကျဆင်းနေပြီး ပြည်သူလူထုဟာလည်း စီးပွါးရေး ကျပ်တည်းနေပါတယ်။ နိုင်ငံရဲ့ဒေသအများစုမှာ တည်ငြိမ် အေးချမ်းမှု မရှိပါဘူး။ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာအကြံပေးကောင်စီ (SAC-M) က မြန်မာစစ်ကောင်စီဟာ နိုင်ငံနယ်မြေရဲ့ ၁၇ ရာခိုင်နှုန်းကိုသာ ထိန်းချုပ်ထားနိုင်တော့တယ်လို့ ထောက်ပြထားပါတယ်။ ဒါ့အပြင် လတ်တလောမှာကို စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်မှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီး၊ ညမထွက်ရအမိန့် ထုတ်ပြန်ထားရတဲ့ အခြေအနေပါ။

ဒါကြောင့် လက်ရှိအနေအထားမှာ ရွေးကောက်ပွဲတစ်ခုလုပ်ဖို့ ဘယ်လိုမှ အခြေအနေမပေးဘူးဆိုတာ အဖြေက ရှင်းနေပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲမှာ
အချိုးကျစနစ် (PR) ကို ပြောင်းလဲကျင့်သုံးမယ်ဆိုရင် စစ်ကောင်စီ ဆွဲကိုင်ထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကိုပြင်ဖို့ လိုအပ်ပါတယ်။ ဘယ်လို ပြင်မှာလဲ။ ၂၀၀၈ ဖွဲ့စည်းပုံရဲ့ ပေးထားချက်အရ စစ်ကောင်စီအနေနဲ့ ပြင်ပိုင်ခွင့် မရှိသလို၊ ပြင်တာကို အတည်ပြုပေးနိုင်တဲ့ လွှတ်တော်လည်း မရှိကြောင်းပါ။

Unicode ===

XS
SM
MD
LG